Friday, July 24, 2009

စင်္ကာပူရောက်စ .... ကြုံတွေ့ခဲ့ရ (အဖြစ်အပျက်လေးတစ်ခု)

"မေဇင်ရေ.... ဒီနေ့ interview ရှိတယ်မလား ..ဘယ်မှာလဲ "

" ရှင်.... ဟုတ် ရှိတယ် မမစိုး..... Houngaung လို့ တော့ပြောတာပဲ....... နောင့် မြေပုံထဲမှာတောင် မရှာရ သေး ဘူးဘယ်နားလဲ ဆိုတာ နေ့လည် 3 နာရီမှ ဆိုတော့ လိုသေးလားလို့ "

" အဲ.... Houngaung ဆိုတော့ ဝေးတယ် သမီး...လုပ်တော့ ရေချိုး ၊ ထမင်းစားပြီး သွားဖို့ ပြင်တော့... မစိုး မြေပုံထဲမှာ ဘယ်လိုသွားရလဲ ရှာထားပေးမယ် "

" ဟုတ်ကဲ့ မစိုး..... ဒီမှာ နောင့် လိပ်စာရေးထားခဲ့တယ်နော်... ဒါဆိုလဲ နောင့် ရေချိုးတော့မယ် "

ဒီတစ်ခါ ကိုယ့် ရဲ့ တတိယ မြောက် Interview ပေါ့.... ပထမ နှစ်ခါ တုန်းက မမစိုး ကိုယ်တိုင်လိုက်ပို့တာ ဆိုတော့ စိတ်မပူရဘူး .... ဒီတစ်ခါတော့ ကိုယ့်ဘာသာ သွားရမှာဆိုတော့ စိုးရိမ်စိတ်လေးတော့ နဲနဲဝင်တာ ပေါ့နော်၊ဒါပေမယ့် မကြောက်ပါဘူး .... ငယ်ငယ်ထဲက သရဲ ရယ် ကုလား ရယ်ကလွဲပြီး ဘာမှ မကြောက်ဘူး... ဒါပေမယ့် စင်္ကာပူမှာကလဲ အဲ့ဒီ နှစ်မျိုးလုံး ပေါ မှ ပေါ ဆိုပဲ ၊ ကုလား တွေတော့ တွေ့ပါရဲ့ သရဲ တော့ မတွေ့ဖူး သေးပါ ။

ဒီလိုနဲ့ မမစိုး ရှင်းပြလိုက်တဲ့ လမ်းကြောင်းအတိုင်း MRT စီး ၊ ပြီးတော့ ကားတစ်ဆင့်ထပ်စီး ၊ ကားပေါ်မှာလဲ မြေပုံစာအုပ်တစ်အုပ် ၊ Bus Guide တစ်အုပ်နဲ့ ဒီလောက် အဝေးကြီးစီးရတာပေမယ့် တစ်ချက် မငိုက်ရဲပါဘူး ။ ဒီလိုနဲ့ ကိုယ်သွားချင်တဲ့ အဆောက်အဦးဆီကို Bus Driver ကိုသေချာအောင်မေးပြီး ဆင်းရမယ့် မှတ်တိုင် တော့ အမှားအယွင်းမရှိရောက်ခဲ့ပါတယ်.... ။

မှတ်တိုင်က တကယ့် ကွင်းလယ်ခေါင်ခေါင်ကြီးမှာ.... နေကလဲပူ ဘေးတစ်ဖတ်စီမှာ ကလဲ ဆောက်လက်စ အဆောက်အဦးတွေ ၊ ကိုယ် Interview ၀င်ရမယ့် အဆောက်အဦး ကလဲ ရှာမတွေ့ ဖြစ်နေတုန်.... လူတစ်ယောက် လပ်တော့အိတ်လေး ဆွဲပြီး လမ်းလျှောက်လာပါတယ်... အဲ့နားမှာတွေ့တာ တကယ်ကို အဲ့ဒီ တစ်ယောက်ထဲပါ...တွေ့တဲ့လူကိုပဲ မေးပါတော့မယ်လေ ဆိုပြီး အရဲစွန့်ပြီး ကိုယ်ရှာနေတဲ့ အဆောက်အဦးကို မေးရပါတယ်... ။

အဲ့ဒီလူ က သူလဲ အဲ့ဒီ အဆောက်အဦးက ရုံးခန်းတစ်ခန်း မှာ အလုပ်လုပ်တဲ့ အကြောင်းပြောပြီး အဲ့ဒီကို သွားမှာတဲ့ လိုက်ခဲ့တဲ့....ကိုယ်လဲ ၀မ်းသာလိုက်တာ ၊ ပြီးတော့ သူ့နောက်က အားရ၀မ်းသာ လိုက်သွားတော့တာပေါ့ ။... သူက ဘာလာလုပ်တာလဲ ဘာညာ ကိုယ့်ကို မေးတော့တာပါပဲ.... ကိုယ်လဲ ပြောပြတာပေါ့ ဒီမှာ Social visit pass နဲ့ အလုပ်လာရှာတဲ့ အကြောင်း ရောက်တာ ၂ ပါတ်လောက်ပဲ ရှိသေးကြောင်း ဦးလေး အိမ်မှာ တည်းကြောင်း အကုန်ပြောပြ မိတော့ တာ ပါပဲ ..။

အဲ့ဒါနဲ့အဲ့ဒီလူက ခု interview အဆင်မပြေရင် သူ့ကို ဆက်သွယ်ဖို့ ပြောပြီး လိပ်စာကဒ်လေး တစ်ခုပေးပါ တယ် ။ ကိုယ်သွားချင်တဲ့ ရုံးခန်းကိုလဲ သေသေချာချာညွှန်ပြ ပြီးတော့ သူလဲ သူ့ဘာသာ ဆက်သွား ၊ ကိုယ်လဲ ကိုယ့် Interview ၀င်ရမယ့် ရုံးခန်းကို သွားပေါ့နော်....ကိုယ့် ထက်အရင်ရောက်နေတာက 3 ယောက်၊ ဖြေပြီးသွားတဲ့ တစ်ယောက်က ပြန်ထွက်လာတယ် ... သူ့လက်ထဲမှာက spass တင်ဖို့ လျှောက်လွှာ တွေလဲ ကိုင်လို့... အလုပ်ခန့် လိုက်တဲ့ သဘောပေါ့နော်... မြန်မာပါပဲ... သူ့ကို ပြုံးပြပြီးတော့ ဘာတွေမေးလဲ ဘာလဲ မေးတော့ အဲ့ဒီ အစ်မလေး ကလဲ ပြုံးပြီး ဘာတွေမေးလဲ ဆိုတာ ပြောပြပါတယ် ။ ကိုယ်ကတော့ ကိုယ့်ကိုတောင် မဗျုးရသေးဘူး မျှော်လင့်ချက်က မရှိတော့ ပါဘူး ။ ထင်တဲ့ အတိုင်းပါပဲ... နောက် 1 ပါတ်ထဲမှာ အကြောင်းပြန် မယ်ပဲ ပြောတာ ပဲပေါ့ .. ။ အဲ့ဒါနဲ့ ကိုယ်လဲ စိတ်ဓာတ်ကျကျ နဲ့ အိမ်ပြန်လာပါတယ် ။ အိမ်ပြန်လာတဲ့ လမ်းပေါ်ရောက်မှ ခုနက လူကြီးပေးထားတဲ့ ကြည့်တောင်မကြည့်ပဲ အိတ်ထဲ ထည့်ခဲ့တဲ့ လိပ်စာကဒ်ကို ကြည့်လိုက်တော့... အားပါးပါး...Managine Director ဆိုပါလား..အဆင်မပြေရင် လာခဲ့ဆိုတော့ အလုပ်ပေး နိုင်တဲ့ လူလားမသိဘူးဆိုပြီးစိတ်ထဲ တစ်မျိုးပေါ့လေ... ဖုန်းခေါ်ရင် ကောင်းမလား ဘာလား စဉ်းစားရင်းနဲ့ပဲ အိမ်ပြန်ခဲ့တယ်..။

အိမ်ရောက်တော့ ...

" မစိုး.... ဒီနေ့ interview ကတော့ အဆင်ပြေမယ့်ပုံ မပေါ်ပါဘူး... ဒါပေမယ့် ဒီနေ့လူတစ်ယောက်နဲ့တွေ့တယ် သိလား "

ဆိုပြီး ကိုယ်တွေ့ခဲ့တဲ့ လူနဲ့ ပြောခဲ့တဲ့ အကြောင်းတွေကို ပြောပြမိတော့တာပေါ့ ။

" ဟုတ်လား... ဒါဆို ပြကြည့်ပါဦး အစ်မကို လိပ်စာကဒ် "

" ဟုတ် .... ဒီမှာ မမစိုး "

" အင်း ... အစ်မ အင်တာနက်ထဲ ရှာကြည့် လိုက်ဦးမယ် ခဏ "

မစိုးရှာနေတုန်း ကျွန်မ အတွေးတွေကတော့ အများကြီးပဲ ... ရောက်တာ 2 ပါတ်ရှိပြီ အလုပ်ကလဲ မရသေး ဘူးလေ... တကယ်ကူညီမယ့်သူ တွေ့ရင်ကောင်းမှာပဲ ဆိုပြီးတော့ပေါ့..။

" မေဇင်ရေ.... Co; ကတော့ တကယ်ရှိတယ်..ဒါပေမယ့် သေးမယ်နဲ့ တူတယ်.. သမီး ဆက်ချင် ဆက်ကြည့် လိုက်ပေါ့... သူ ဘယ်လို ပြောမလဲ နားထောင်ကြည့်ပေါ့ "

ဆိုတာနဲ့ ကိုယ်လဲ ဆက်လိုက်ပါတယ်..။ သူ ပြောတာက ဒါဆို မနက်ဖြန် အလုပ်လာ ဆင်းတဲ့ ... ကိုယ်က interview မလာရဘူးလား ဆိုတော့... မလိုပါဘူးတဲ့. ၊ အလုပ်လာဆင်းလို့ ရပြီတဲ့ ... ပြီးတော့ သူရဲ့ ရုံးခန်း အခန်း နံပါတ် နဲ့ ယူနစ် နံပါတ်ပေးပြီး ဖုန်းချသွားပါတယ်..။

" မစိုး ... မနက်ဖြန်အလုပ်လာဆင်းလို့ ပြောတယ်"


"ဟုတ်လား...သူက s pass တင်ပေးမှာလား..Quota ရှိလား မေးလိုက်သေးလား သမီး"

"ဟင့်အင်း...နောင့် အဲ့ဒါတော့ မမေးလိုက်မိဘူး မမစိုး .. အင်တာမဗျုး တော့ဘူးလား ပဲမေးလိုက်မိတယ်...သူက မလိုဘူး တဲ့"

" အင်း.... ဒါဆိုလဲ မနက်သွားကြည့်လိုက်ပေါ့ ...ပြီးတော့ အဲ့ဒါတွေကို တစ်ခါထဲနဲ့ရှင်းအောင်မေးခဲ့နော် "

"ဟုတ်ကဲ့ ..မမစိုး"


ဒီလိုနဲ့ နောက်နေ့မနက်ခင်းမှာ Yew Tee ကနေ Houngaung ကိုရုံးချိန်အမှီရောက်ဖို့.. 5 နာရီ ခွှဲလောက် ၀ီရိယ ရှိရှိ ထပြီးတော့ ပြင်ဆင် သွားရပါတယ်..။ ကိုယ်ရောက်တော့.....မနေ့က သူ ပြောလိုက်တဲ့ ရုံးခန်းတံခါးကြီးပိတ်ထားလို့ ရုံးခန်းအပြင်မှာ ပဲစောင့်နေရတယ်...ခဏ စောင့်နေပြီးတော့ ရောက်လာပါ တယ်။

သူ ကိုယ်တိုင်ပဲ ရုံးခန်းတံခါး ကို သော့ဖွင့်ပြီးတော့ ၀င်သွားတယ်...။ ရုံးခန်းထဲရောက်ဖို့....ပစ္စည်းတွေ(အစုံ) ထားထားတဲ့ အခန်း ရှည်ရှည် တစ်ခုကို ဖြတ်လာပြီးတော့မှ .... မှန်ကာထားတဲ့ စားပွဲကုလားထိုင် ကွန်ပျုတာ တွေ ရှိတဲ့ ရုံးခန်းနဲ့တကယ်တူတဲ့ အခန်းကိုရောက်ပါတယ်..။

တခြားဝန်ထမ်းတွေရောလို့ မေးတော့... သူ တစ်ယောက်ထဲတဲ့...အဲ့ဒါကြောင့် လူလိုလို့ ခေါ်တာတဲ့...၊ သူ အပြင်သွားနေရင် ဖုန်းလာရင် ဖုန်းလက်ခံပြီးဖြေပေးရမယ် ၊ ခုလောလောဆယ်တော့ Filing လုပ်ပေးရမယ် တဲ့၊ ပြီးရင် Data Entry တွေကို Excel နဲ့ပဲ ဆွဲပေးရမယ် ၊ Accounting Software လဲမရှိပါ တဲ့ ။ စိတ်ထဲမှာ ၀န် ထမ်းတွေ မရှိလဲ တစ်ခြားဘာမှ မဖြစ်မိဘူး Co; ကလဲ သေးလိုက်တာ ဘာမှလဲ မရှိဘူး လို့ ကဲ့ရဲ့လိုက်မိတာပဲရှိတယ်...း) ။ ခန လောက်နေတော့.... အသက်ကြီးကြီး မိန်းမကြီး တစ်ယောက် ရောက်လာပြီး ခုနက ကိုယ်တို့ ဖြတ်လာတဲ့ အခန်းထဲက ပစ္စည်းတွေ ကိုစီပြီး packing လုပ်နေတာတွေ့တယ်။ ကိုယ်လဲ အဖော်ရသွားတော့ စိတ်ထဲ နဲနဲတော့ အားရှိသွားတယ်ပေါ့ ။ အဲ့ဒီ အမျိုးသမီးကြီးက အင်ဒို တရုတ်မ..။ ကိုယ့်ကို ခေါ်တဲ့ သူလဲ အင်ဒိုတရုတ်ပါပဲ....သူတို့ အမျိုးချင်းချင်း ပြန်ကူညီထားတာလားတော့မသိပါဘူး..။

အဲ့ဒါနဲ့ အလုပ်တွေ စလုပ်ပြီးတော့ မမစိုး မေးခိုင်းတာ သတိရပြီးတော့ ... မေးကြည့်လိုက်တယ်.. နင် s pass တင်ပေးမှာလားဆိုတော့ .... သူ့မှာ quota မရှိဘူးတဲ့... ဒါပေမယ့် EP တင်ပေးမယ်တဲ့ အဲ့ဒါတော့ တင်လို့ရတယ် တဲ့ ။ အဲ့ဒါနဲ့ ကိုယ်လဲ ရရင်ပြီးတာပဲ ဆိုပြီး ... မနက်ဖြန် စာရွက်၊ စာတမ်းတွေ ယူလာပေးမယ် ဆိုပြီး ကိုယ့်အလုပ် ကိုယ်ဆက်လုပ်နေတာပေါ့နော် ။

ညနေ အိမ်ပြန်ရောက်တော့ မမစိုး ကို spass တင်လို့မရဘူး ၊ EP တင်ပေးမယ်တဲ့ ဆိုပြီး ပြောပြလိုက်တော့ ... ဦးလေး ကလဲ ရုံးကပြန်ရောက်နေတဲ့ အချိန်ဆိုတော့...

" EP ကသမီး Experience နဲ့ဘယ်လိုတင်မှာလဲ လစာလဲ များမှ တင်လို့ရတာ ... ဟုတ်ရော ဟုတ်ရဲ့လား သမီး"

" ဟုတ် သူ ကတော့ အဲ့လိုပြောတာပဲ ဦး"

" ဘယ်အရွယ်လဲ အဲ့ဒီလူက .. နောက်ပြီး ၀န်ထမ်းက သမီးတစ်ယောက်ထဲဆိုတော့ ... စိတ်ရော ချရရဲ့လား"

"အပြင်မှာ packing လာလုပ်နေတဲ့ မိန်းမကြီး တစ်ယောက်လဲ ရှိပါတယ် ဦး... အရွယ်ကတော့ ဦး တို့အရွယ်လောက်ပဲ နဲ့တူတယ် နောင့် လဲ သိပ်မမှန်းတတ်ဘူး"

"အေးလေ...မနက်ဖြန် သေချာမေးခဲ့ ... EP လျှောက်ရင်လိုအပ်တာတွေနဲ့ သမီးနဲ့က မကိုက်ညီဘူးနော်... သေချာ ပြောပြလိုက် "

"ဟုတ်ကဲ့ ဦး"

ဦး ပြောမှပဲ စိတ်တွေလဲ နဲနဲလေ သွားတယ် ။ ဘာတွေမှန်းလဲ မသိတော့ဘူး.. မလွယ်ပါလားနော်..။

နောက်နေ့ ရုံးတတ်တော့ ဦး ပြောသလိုပဲ ပြောပြလိုက်တယ်.. ကိုယ့်အနေနဲ့ EP တင်ဖို့ Experience လဲ အဲ့လောက်မရှိဘူးဆိုတာကိုပေါ့ ..။ အဲ့ဒါနဲ့ အဲ့ဒီလူ က သူ့သူငယ်ချင်း Co; ကနေ Spass Quota ၀ယ်ပေးမယ်တဲ့ ... ကိုယ်လဲ အဲ့ဒီ အကြောင်းကို ဦး ကိုဖုန်းဆက်ပြီး ပြောပြလိုက်တော့... ဦး ကအဲ့လိုလုပ်ရင်တော့ ဖြစ်နိုင်ပါတယ်တဲ့ ။

ဒီနေ့နဲ့ဆို ရုံးတတ်နေရတာ 4 ရက်ရှိပြီ... pass တင်ပေးဖို့ ကိစ္စကလဲ ဘာမှ မပြောလာသေးလို့ မမစိုး နဲ့ ဦး ကလဲ သေချာ မေးဖို့ ပြောနေပြီ ၊အဲ့ဒီ လူ ကလဲ ကိုယ် ရုံးရောက်ပြီ ဆိုတာနဲ့ သူက အပြင်သွားတော့တာပဲ ၊ စကားကို သေချာ ပြောဖို့ အချိန်မရှိပါဘူး။ အဲ့ဒါနဲ့ ဒီနေ့တော့ အဲ့ဒီလူ အပြင်ထွက်တော့မယ် ပြင်ဆင်နေတုန်း..မေးလိုက်ပါတယ်..။ နင် ငါ့ကို spass ဘယ်တော့ တင်ပေးမလဲ ငါ ဒီနေ့ အတိအကျ သိချင်တယ် ပြောတော့ ... Quota ၀ယ်ဖို့ကလဲ သိပ်မလွယ်ဘူးတဲ့ .... ပြီးတော့ ကိုယ့်ကို ကြည့်ပြီး ..သေချာတဲ့ နည်းလမ်းတော့ ရှိတယ်တဲ့.... ကိုယ်လဲ မျှော်လင့်တကြီး ဘယ်လို လုပ်မလဲပေါ့နော်... မေးတော့ .... နင် င့ါကို လက်ထပ်မယ်ဆိုရင်တော့ သေချာတယ်တဲ့ .... ပြောပြီးတာနဲ့ သွားတော့မယ်ဆိုပြီး ထွက်သွားတော့တာပါပဲ...။

ကိုယ်လေ...ငိုချင်လိုက်တာလဲ ပြောမနေနဲ့တော့ ...အဲ့ဒီ နေရာကနေ ချက်ချင်း ပစ္စည်းတွေ ကောက်သိမ်း... ပြန်တော့မယ် လုပ်တော့ .... အပြင်က packing လုပ်တဲ့ အမျိုးသမီးကြီးက သူ့ဆရာ ပြန်လာမှ ပြန်ပါလားတဲ့... အရင်တုန်းက ဆိုရင် သူ့ဆရာက အပြင်သွားရင် အဲ့ဒီ အတွင်း ရုံးခန်း တံခါးကို သော့ခတ်ခတ်သွားတာတဲ့ ...အခု ကိုယ်ပြန်လို့ တစ်ခုခုဖြစ်ခဲ့ရင် သူ့ အပြစ်ဖြစ်မှာ စိုးလို့ပါတဲ့...။ ကိုယ်လဲ မမစိုးဆီ ဖုန်းဆက်ပြီးတော့ ဘာလုပ်ရမလဲ မေးတော့ ... မမစိုးလဲ စိတ်တွေဆိုးတာပေါ့နော်.. ဒါဆိုလဲ စောင့်လိုက် ... ဘာအလုပ်မှ ဆက်မလုပ်နဲ့တော့ ကိုယ့် အိတ်ကိုယ် လွယ်ပြီး ပြန်ဖို့ အဆင်သင့် လုပ်ထားတဲ့ .... ။ အဲ့ဒီလူ ပြန်လာတဲ့ အချိန်မှာ ကိုယ်လဲ ပြန်မယ် မသေချာတဲ့ အလုပ်ကို မလုပ်တော့ဘူးလို့ ပြောလိုက်ပြီးတော့ ပြန်လာခဲ့ပါတယ်.. အိမ်အပြန်လမ်းမှာတော့.... 4 ရက်တောင် ကိုယ် အလုပ်တွေ မလျှောက်လိုက်ရဘူး...၊ ကိုယ့် ထမင်း ကိုယ်စားပြီးတော့ 4 ရက် သူများ အလုပ်သွားလုပ်ပေးခဲ့ရတာကို ... စဉ်းစားပြီးတော့ .... အယုံလွယ်တတ်တဲ့ ကိုယ့် ဘာသာ စိတ်ဆိုးရင်း ၊ ဒေါသဖြစ်ရင်း.....။

ဦးလေး က အဲ့ဒီလူကို တရားစွဲမယ် လုပ်လို့ .... မမစိုး နဲ့ ကိုယ် မနဲတောင်းပန်လိုက်ရပါတယ်..။ ကိုယ် က visit နဲ့လာတာလေ... အလုပ်လဲမရသေးဘူး... မိသားစုကို ပြန်ထောက်ပံ့ရဦးမယ် ။ အဲ့ဒါကြောင့် ဘာပြသာနာ မှ မဖြစ်ချင်တော့ပါဘူး ။ နောက်ပိုင်း အဲ့ဒီလူက bank account no: တောင်းပါတယ်... 4 ရက်စာ လုပ်အားခ ပေးချင်လို့ပါတဲ့ ... ကိုယ်လဲ မပေးတော့ပါဘူး ၊ ဖုန်း လဲ ပြောင်းလိုက်တော့ ..... ကိုယ့်ကို အဲ့ဒီလူ ဆက်သွယ်လို့ တော့ မရတော့ပါဘူးလေ....။

မမစိုး ကမှာထားတယ်.... လမ်းမှာတွေ့တဲ့ ကိုယ်မသိတဲ့ လူတွေကို မပြုံးပြနဲ့တဲ့..။ ပြီးတော့ ကိုယ်မသိတဲ့ လူကို ကိုယ့် အကြောင်းတွေ မပြောပြပါနဲ့တဲ့ ..း) ။ ကိုယ်ကလဲ ကိုယ်နဲ့ သိသိမသိသိ သူတို့ဘာသာ လမ်းသွားရင်းရီသွားလဲ ကိုယ့်ကိုပြုံးပြတယ် ထင်ပြီး ပြန်ပြုံးပြတတ်တဲ့ လူမျိုးလေ..။ ပြောချင်ပါတယ်.... အယုံမလွယ်ဖို့ပေါ့နော်...။ ကိုယ် ကသူများ ဘာပြောပြော ယုံလိုက်မယ် ဆိုတဲ့ လူ ဆိုတော့ ဒီလောက်လုပ်အားခ 4 ရက်စာလောက်လေး သူများအလုပ် သွားလုပ်ပေးရတာလေးနဲ့ပဲ တော်သေးတယ် ပြောရမယ်ပေါ့ နော်...း) ။






34 comments:

နွေးနေခြည် said...

ဟယ်.. နောင့်ရယ်... ငါကလည်း တကယ်ထင်နေတာ..
ကိုယ်ရိုးသလို သူများကမရိုးဘူးနော်... ဒါလည်း သင်ခန်းစာပဲ။

အဲလိုလူပြတ်တဲ့နေရာကို အင်တာဗျူးသွားဖူးတယ်။ ကြောက်လို့ cancel လုပ်ပြီး ပြန်လှည့်ခဲ့တယ် (သတ္တိကတော့ အဲလို ဟိဟိ)း)

နွေးနေခြည်

Bagothu said...

ကုလားနဲ့သူရဲအပြင် အခုကြောက်ရမဲ့အရာ ထပ်တိုးတာ သိပြီနော်။
တော်ကြာ အနာဂတ်ရဲ့သားကောင်း ကနေ အနာဂတ်ရဲ့ သားကောင် တွေ ဖြစ်ကုန်မယ်။

ရွက်လွင့်ခြင်း said...

တော်သေးတာပေါ့၊ ကျွန်တော်အသိ ကောင်မလေး တစ်ယောက်ဆိုရင် ၂ ပါတ်တိတိ အလကားလုပ်ပေးရတော့မလို့ ၊ ဗီဇာပြည့်ကာနီး ပြန်ရတော့မယ်ဆိုမှ ပိုက်ဆံရလို့ 
ဒီလိုပါပဲ ကျွန်တော်တို့  မြန်မာတွေရဲ့ အားနာတက်မှုအပေါ် တစ်ချို့ တွေက ကောင်းကောင်း အသုံးချတက်ကြတယ်

မင်းအိမ်ဖြူ said...

တော်သေးတာပေါ့ဗျာ
ဘာမှ မလွန်ခင် ကိုယ့်ဘက် အနိုင်ရတာ

ဒီလိုပါပဲ သူများဒေသဆိုတော့လေ

အခုတော့ အဆင်ပြေတယ်ဟုတ်

မေလေး said...

နောင်ရယ်
ကံကောင်းလို့နော်။ လူဘာမှမဖြစ်တာ။ ငါတို့ မြန်မာတွေ အယုံလွယ်တာ၊ အားနာတတ်တာကြောင့် ခံနေရတာ။ နောက်ဆို လူတိုင်းကို ကိုယ်လိုမမှတ်နဲ့ဟ.။ လမ်းမှာတွေ့တဲ့ သူကို ကိုယ်အကြောင်း အကုန်မပြောမိစေနဲ့။ လူတွေက တခါတလေ သူများဘက်မကြည့်တာတွေ တပုံကြီး။

ကိုအန်ဒီပြောသလို နှစ်ပတ်အလကားလုပ်ပေးခဲံ့ရတဲ့သူတွေလဲ အများကြီးရယ်။

သားကြီး said...

အချိန်မှီသိရှိပြီးရပ်လိုက်တာပဲတော်တော့တယ်
နို့မို့ဆိုရင်မလွယ်ဘူး သူ့ကိုလက်ထပ်ရဦးမယ်တဲ့လား
လာလာချည်သေး အစုတ်ပလုတ်ကောင်
လူဆိုတာကလည်းအတွင်းစိတ်ကိုမမြင်နိုင်တာပဲနော်
ဘာပဲပြောပြောအမှားထဲကသင်ခန်းစာယူလို့ရတာပေါ့နော်
နောင်ဆိုရင်နောင့်တစ်ယောက် လူကြည့်ပြီးမှပြုံးပါတော့လို့
ကိုယ့်ထမင်းကိုစားပြီး ၄ရက်ကြီးများတောင်လုပ်ပေးလိုက်ရတာနည်းသလားလို့
သရဲကကြောက်စရာမဟုတ်ပါဘူးကွယ် သရဲထက်ဆိုးတာကလူတွေပါ

gadone said...

oh... sorry to hear that.. anyway.. well done. umm.. it's hard to comment to say good or bad about smile :) coz the things varies with the person and another...

All in all, you did it. :)

Anonymous said...

တော်သေးတာပေါ့ 4 ရက်ထဲ မို့လို့ ...

အခုရော အဲဗရီးသင်းက အိုခေသွားပီလား ..

WWKM said...

ညီမလေးရဲ့ နိုင်ငံခြားရောက်စ အတွေ့အကြုံလေးတစ်ခုကို ဖတ်သွားပါတယ် ညီမလေးရေ.. ဒီလိုပါပဲနော်... လူတိုင်းမှာ အခက်အခဲလေးတွေကိုယ်စီ... အကြောင်းလေးတွေ ကိုယ်စီ နဲ့ပါပဲ..
အဆင်ပြေပါစေ ညီမလေးရေ။

မမ၀ါ

Mogok Thar said...

နောင့်ရေ.....
အယုံလွယ်တာမကောင်းတော့ မျက်စိလေး ဖွင့်ကြည့်ပီးမှ ယုံပေါ့ဏော။
နေရာတိုင်းတော့ အကော်ငး အဆိုး ရှိကြတာပါပဲလေ။
ညိမလေး ကစိတ်ကောင်းရှိပီး မိသားစုကို စောင့်ရှောက်ချင်တဲ့ သမီး အလိမ္မာလေးပဲ။ ဘယ်တော့မှ (အကြီးအကျယ်) ဒုက္ခတော့ မေ၇ာက်စေရဘူး။ အဲတာတော့ ယုံ။
အဆင်ပြေ ချမ်းမြေံပါစေ။

ကုလားတွေကို ကြောက်တယ် ဆိုလို့ ကုလားသွေးပါတဲ့ အကိုတော် နောင့်ကို ညီမလေး မတော်တော့ပါဘူးး။ တော်ကြာ ကြောက်လို့သာ ခင်တယ် ပြောရတယ် ဖြစ်နေအုံးမယ်။ :-P

မြစ်ကျိုးအင်း said...

လုပ်ရည်ကိုင်ရည်ကောင်းလို့ လက်ထပ်ခွင့် တောင်းတာလားမှ မသိတာ

နောက်တာနော် အဟောင်းတွေ သတိရနေရင်း စိတ်တိုနေမှာ စိုးလို့
စတာပါ...ရေခြားမြေခြားမှာတော့ လွယ်လွယ်မယုံတာ အကောင်းဆုံးပါပဲလေ..

kyalkalay said...

ဘယ်ကောင်လဲကွ
ငါ့ အမကို ပိုင်ဆိုးပိုင်နင်း

တော်သေးတယ်
ဒီလိုလူမျိုးထပ်မတိုးအောင်စုတောင်းပေးမယ်

kyalkalay said...

ဆု*

မယ်ကိုး said...

တော်သေးတယ်နော်။ လေးရက်ထဲမို့ လို့ ...
ဘာပဲဖြစ်ဖြစ် အားလုံးပြောသွားသလိုပဲ သမီးလိမ္မာ ညီမလေး အစစအဆင်ပြေမှာပါ။

mmtn (kalay) said...

မှတ်သားစရာလေး ပေါ့ အစ်မရေ။ ဒီလိုလူတွေလည်း ရှိသေးတယ်နော်။

Lucifer said...

မမီးတော့ စင်္ကာပူရောက်ကတည်းက ငိုခဲ့ရတာ..

လင်းကြယ်ဖြူ said...

ဖြစ်တတ်ပါတယ်..
အတ္ဂေ့အကြဲုံတစ်ခုပေါ့နော်..

လင်းကြယ်ဖြူ said...
This comment has been removed by the author.
ko luu htwe ... said...

ဟူးးးးးးးးးးးးးးးးးးးးးးးးးး
တော်ပါသေးရဲ့...
မသေကောင်း မပျောက်ကောင်း...
အခုတော့ အဆင်ပြေရဲ့ မဟုတ်လား...

Angel Shaper said...

နှောင့်ရေ... ရင်မောရပါလားနော်။ ဘုရားကယ်ပေလို့သာပေါ့။ ဟိုကောင်ကများ ရာရာစစ သူ့ကိုယူရမယ်ပြောရအောင်၊သူကဘာမို့လို့လဲ။ အင်း အဲကောင်ကို.... လက်သီးလာကျွေးဖို့ စကာင်္ာပူကိုလာလည်ဦးမယ်။ လူယုတ်မာကြီး။ နောက်တစ်ခါ မစိုးပြောသလိုပဲ မသိရင်ပြုံးတောင်မပြနဲ့ဆိုတာ မှတ်ထား။ ဟိဟိ ဆရာလုပ်ကြည့်တာ။
ဂရုစိုက်ကြပါဗျိုးးးးးးးးးး
ပျော်ရွှင်ပါစေနှောင့်ရေ...

ကျောပိုးအိတ် said...

တော်သေးတယ်နော်။ ရင်ထိတ်ထိတ်နဲ့ ဖတ်သွားတယ်။ ဖတ်နေရင်းနဲ့ လေ ရုံးခန်းမှာ ဘယ်သူမှမရှိဘူးဆိုက်တည်းက ထင့်နေတာ။ တော်သေးတာပေါ့နော်။ ပါးစပ်နဲ့ ဘဲတင်စီးသွားလို့ ။

အရမ်းစိတ်ပူမိတယ်။ နောက်ဆို သတိထားပါဟယ်နော်။

ချစ်တဲ့
ကျောပိုးအိတ်

သီဟသစ် said...

နောင့်ရေ ကံသီလို့ပဲနော်

သတိတွေ ထားမှ ရမယ်

ခင်မင်စွာဖြင့်
သီဟသစ်

ဂျစ် said...

နိုင်ငံခြားရောက်နေတဲ့ မိန်းကလေးတိုင်း
သတိထားသင့်ပါတယ် .....။

လူတွေကို စဉ်းစဉ်းစားစား ယုံသင့်တယ် ။
မသိရင် ရှိတဲ့ဘေးက လူကြီးတွေကို မေးမြန်းသင့်တယ်....။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်း မင်းကံကောင်းပါတယ်....။
လူတွေကိုတော့ လွယ်လွယ်နဲ့ မယုံတာ အကောင်းဆုံးပါပဲ ။

ခင်မင်စွာဖြင့်
ဂျစ်တူး

ငှက်ကလေး said...

အမလေးလေး တော်သေးနော် စောစောစီးစီးသိလို့ ဘုရားဘုရား နောင့်ရယ် ဆင်ခြင်နော်

မေ့သမီး said...

နောင်ရေ သင်ခန်းစာပဲနော်။ တခါမှအဲလိုမျိုးတွေမကြားဖူးဘူး။ သတိထားပါနောင်ရေ။ လူတိုင်းကိုအယုံမလွယ်နဲ့နော်။

Anonymous said...

တော်သေးတာပေါ့....။ အင်း.... စလုံးအကြောင်း မသိတော့ ဘာပြောရမှန်း မသိဘူးဗျာ။

ဆးရင့် said...

အစစ အရာရာ သတိထားပီး နေပေါ့ညီမရေ။
မိန်းကလေးဆိုတာ သတိရှိနေမှ တော်ကာကျတာနော်။
အားလုံး အဆင်ပြေပါစေ။

Dream said...

လူမျိုးတိုင်းမှာ လူကောင်းနဲ့ လူဆိုး ဒွန်တွဲနေပါတယ်။ ကောင်းတဲ့လူနဲ့ ကြုံရဆုံရတတ်သလို လူယုတ်တွေနဲ့လဲ ကြုံရဆုံရမှာပါပဲ၊ ဒါက ဒီနိုင်ငံတစ်ခုထဲမှာ မဟုတ်ပါဘူး ။ ဘယ်နေရာရောက်ရောက်။ အဓိက ကတော့ မိမိကိုယ်မိမိ ရဲ့ရင့်ပြတ်သားစွာ ဆုံးဖြတ်တတ်ဖို့ပါပဲ။

အခုရော ယူတီးမှာပဲနေတာလား။ အိမ်ပြောင်းသွားပြီလား။ :D ဟဲဟဲ...စပ်စုတာ....ထမင်းလာစားမလို့ :P

ဇော် said...

အမလေး မမဇင်ရယ်
မထိတ်သာမလန့်သာ ရှိလိုက်တာ။ တော်သေးတာပေါ့။ လူကို ဘာမှ မလုပ်သွားလို့။ အဲ့ဒါတောင် ပြန်ကျေးဇူးတင်ရမလို ဖြစ်နေပြီ။
နောက်ဆို မမဇင်လဲ သတိထားနော။ ကျနော်လဲ သတိထားမှ။ အဟီး။

ဂျပန်ကောင်လေး said...

အတွေ့အကြုံလေးကို ဝေပေးတာ ကျေးဇူးပဲ..မေဇင်ရေ.... ဒီလိုပဲ ခက်ခဲခဲ့ကြရတာ...း(

ရွှေပြည်သူ said...

ဖတ်ပြီးတော့ ခံပြင်းလိုက်တာ။ အဲဒီလူမှာ သမီးလေးတွေ ရှိမလာပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ ဟုတ်တယ် ညီမလေးရေ။ ညီမလေးရဲ့ မမစိုးပြောသလိုပဲ လမ်းမှာတွေ့တဲ့ မသိတဲ့လူတွေကို ကိုယ့်အကြောင်း ဘာမှမပြောတာ အကောင်းဆုံးပါပဲ။ သတိထားနော်။

စည်သူ said...

ဟင်း(မ်)ဟင်း(မ်)ဟင်း(မ်)ဝါးဟားဟားဟား.....
မင်းကိုငါ ကိုက်ကြားပစ်မယ် ဝါးဟားဟားဟား.....

တော်သေးတာပေါ့ညီမလေးရေ
အကို နည်းနည်းပဲဖတ်ရသေးတယ်
ကြိုးပြီးစဉ်းစားမိတယ်.. ဒီလူသဘောကောင်းလှချေားလို့ပေါ့
ထင်တဲ့အတိုင်းပဲ အဲဒီဘူတာဆိုက်တာပဲ.....

ဟုတ်တယ်ညီမရေ
အယုံလွယ်လို့မဖြစ်ဘူး
ဒီခေတ်ကြီးထဲမှာက စကားပြောလည်းကောင်းကြတယ်
ယုံကြည်လာအောင်လည်းဆွဲဆောင်မှုတွေအပြည့်နဲ့ လုပ်တတ်ကိုင်တတ်ကြ
တယ်..။ အထူးသဖြင့် အားနာတတ်တဲ့လူဆိုရင် ပိုခံရတာပေါ့ညီမရေ..။

ခင်မင်စွာဖြင့်
...............စည်သူ။

ဏီ(န်)ကင်း said...

ရင်တထိတ်ထိတ်နဲ့ဖတ်လိုက်ရတယ်။

ခရောင်းလမ်း said...

ဒီလိုပိုစ်လေးတွေကို
ရန်ကုန်ကလူတွေလဲ သိစေချင် ဖတ်စေချင်တယ်ဗျာ
ဒါမှ သူတို့ကိုတိုင် လာရောက်အလုပ်ရှာတဲ့အခါ
ဗဟုသုတတိုးမှာဗျ.......။