Saturday, June 27, 2009

အိမ်ပြောင်းတဲ့နေ့

"ဖြန်း"


အသံနဲ့ အတူ...ခြေသလုံး တဘတ်ကလဲ စပ်ဖြင်းဖြင်း ဖြစ်သွားသောကြောင့် နှစ်နှစ်ကာကာ အိပ်ပျော်နေရင်း လန့်နိုးသွားပါတယ်...။ အလန့်တကြားနဲ့ မျက်လုံးကို ဇတ်ကနဲ ဖွင့်ကြည့်လိုက်တော့....အခန်းဖော်မမက


"ထတော့"


တစ်ခွန်းပဲပြောပြီး အခန်းပြင်ထွက်သွားပါတယ်..။ အား...စိတ်တိုလိုက်တာ ပြောမနေပါနဲ့တော့..


"ဒီနေ့ ..တနင်္ဂနွေ နေ့လေ ...ဘာလို့လာပြီးနှိုးနေတာလဲ .....စိတ်ပုတ် မမ"


ပြောပြီး တဘတ်ကိုလှည့်ပြီး ပြန်အိပ်နေလိုက်ပါတယ်..။ အိပ်ပျော်မယ် ကြံတုန်း ...


"ဖြန်း"


နောက်တစ်ချက်...ဒီတစ်ခါ တော့ သည်းမခံနိုင်တော့ဘူး....ထပြီး အော်မယ် စဉ်စားတုန်း ရှိသေးတယ်...


" ဟဲ့ နောင့်နောင့် ..ကားလာရင် ငါနင့်ကို မစောင့်ဘူး နော်... အပြင်မှာ နင့်ပစ္စည်းတွေသိမ်းဖို့ အများကြီး ကျန်နေသေးတယ်..."


သူကအရင် ဦးအောင် အော်ပြီး...အသံနဲ့ အတူ လူလဲ ပြန်ပျောက်သွားပြန်တယ်...။

အဲ့ဒီတော့ မှ ကိုယ်လဲ လူးလဲ ထထိုင်ပြီး စိတ်ပျက်လက်ပျက် ပြန်လှဲချလိုက်မိတယ်...။

ဟုတ်တယ် ...ဒီနေ့ အိမ်ပြောင်းရမှာပဲ။ စိတ်ညစ်လိုက်တာ...ပစ္စည်းတွေကလဲ အများကြီးပဲ ကျန်သေးတယ် သိမ်းရမှာ..။သယ်ရမှာလဲ အများကြီးပဲ..။ ၀ယ်တုန်းက မသိသာပေမယ့်..ခုလို အိမ်ပြောင်းခါနီး သိမ်းမှပဲ ထွက်လာတော့တယ်...ဟိုကတစ်ခု ဒီကတစ်ခု ဘာတွေမှန်းကို မသိဘူး....။

အင်း..ထမှပါပဲ...ပျင်းနေလို့ မရဘူး...။

မျက်နှာသစ်ပြီးတာနဲ့ ဗိုက်က ဆာလာရော...ထမင်းအိုးက မနေ့ထဲက သိမ်းထားလိုက်ပြီ...ဒုက္ခပါပဲ..။ အဲ့ဒါနဲ့ ကိုယ်လဲ..မုန့်ဟင်းခါး ဖတ်ခြောက်တွေ အပြင်မှာ..ရှိနေတာနဲ့ ပြုတ်ပြီး သုတ်စားလိုက်တယ်...။

ပြီးတော့ အခန်းထဲဝင် ပစ္စည်းတွေကို ကြည့်ပြီး..ငိုချင်စိတ်ပေါက်သွားတယ်..။ သိမ်းပြီးသားအိတ်က (၃) လုံး ၊

သိမ်းလက်စ တို့လို့တန်းလန်း အိတ်က (၂) လုံး ၊...ဟိုတလောကမှ NTUC မှာ တန်လို့ ဆိုပြီး ၀ယ်ထားတဲ့ ဗီဒို လိုလို သစ်သားကြောင်အိမ်လိုလို ကလဲ ရှိသေးတယ်...နောက်ပြီး..စာရေးစားပွဲခုံ...။ တစ်ယောက်ထဲ နဲ့ ဒါတွေ ဘယ်လို သယ်ရမလဲ ...ခေါင်းတော်တော်ရှုပ်သွားတယ်...အခန်းဖော် အစ်မ နဲ့ တူတူပဲ...တစ်အိမ်ထဲ ကိုပြောင်းမှာ..။ သူကလဲ သူ့ပစ္စည်းတွေ နဲ့ သူ ရှုပ်နေတာပဲ...။ ဒါပေမယ့် သူ့အစ်ကိုက သူ့ကို လာပြောင်းကူမှာ..။ ကိုယ့် အစ်ကို ကတော့ အားကိုးရတယ်...အိုတီ ရှိလို့ပါတဲ့...ဟင်းးးးးးးးး တတ်နိုင်ဘူးလေ...ဒီလိုပဲပေါ့...ကိုယ့်အားကိုယ်ကိုး...ပုစိန်ရိုး (အဲ့ဟုတ်ပါဘူး..)..ပုစိန်ရိုးက သတ်သတ်ပါ.. ရောကုန်ပြီ..ဟီး...း) ။ ဒါနဲ့ အပြင်မှာရှိတဲ့ ပစ္စည်းတွေ အကုန်စုပြုံ ကောက်သိမ်းပြီး ခနနား..ကွန်ပျုတာလေး ဖွင့်မယ်ကြံတုန်း ....


" နောင့်နောင့် ရေချိုး တော်ကြာ..ကား လာတော့မယ်...နင် ချိုးပြီး ငါချိုးမယ်" တဲ့....


အသံပဲ ကြားရတယ် လူမမြင်ရပါဘူး။ အခန်းဖော် မမ အပျိုကြီးပေါ့...သူလဲ မနားဘူး ဘာတွေ လိုက်သိမ်းနေတယ် မသိဘူး..။ အပျိုကြီး တွေများ တော်တော် ခတ်တာပဲ..။ ဒါနဲ့ ရေချိုးပြီးတော့ မကြာပါဘူး.. ငှားထားတဲ့ ကားက ရောက်လာပါ တယ်..။ အဲ့ဒီတော့မှ ..ဟဲဟဲ ရှဲ့ရှဲ့ မမအပျိုကြီးပေါ့...သူလော လို့ မှီတာ ..မဟုတ်ရင်... ကွန်ပျုတာ ကိုင်မိလို့ကတော့ မှီတော့မှာ ဟုတ်ဘူး...။ ပစ္စည်းတွေ သယ်ရတော့မယ်..ဒုက္ခော တွေတော့ စပြီပေါ့... ဘယ်လို သယ်နိုင်မလဲ တစ်ယောက်ထဲနဲ့ဒါတွေကို တစ်ချို့အိတ်တွေဆို လေးလွန်းလို့ တစ်ယောက်ထဲ ဘယ်လို မှ မ,မနိုင်ပါဘူး.. ။ အဲ့ဒီ အချိန်မှာပဲ... မြန်မာပြည်မှာတုန်းက အလုပ်တူတူ လုပ်ခဲ့တဲ့(အဲ့တုန်းက သူကမန်နေဂျာ) အပျိုကြီးပဲ ရောက်လာပါတယ်..ပစ္စည်းကူသယ်ပေးမလို့တဲ့..။ ၀မ်းသာလိုက်တာမှ လေ ပြောမနေနဲ့တော့..။ သူတို့ ကူလိုက်လို့ ဒီဘတ်အိမ်ပေါ်ကနေ ကားပေါ်ကို တော့ ပစ္စည်းတွေ လွယ်လွယ် ကူကူ ရောက်သွားပါပြီ...။ ဒါပေမယ့် အဲ့ဒီလာကူပေးတဲ့ အစ်မက ဟိုဘတ်အိမ်ကို မလိုက်ဘူး..ဒီကပဲ ကူပြီး ပြန်မှာ..။ ဟိုဘတ်အိမ် ရောက်ရင်လဲ နောင်ခါလာ နောင်ခါဈေး ပေါ့း) ။ အဲ့လိုစဉ်းစားပြီး ကားပေါ်ကုန်းပြီ တတ်နေတုန်း ရှိသေးတယ်....ကျောပေါ်ကို ဘုတ်ခနဲ ကျလာတဲ့ ပစ္စည်းကြောင့် လန့်ပြီး ကားပေါ်က ပြုတ်မကျတာကံကောင်း...



" နင့်ဘောလုံး "...." ပစ္စည်းတွေ စုံအောင် စစ်ပါဆိုတာကို မစစ်ဘူး...မပြောချင်ဘူး "



ဆိုပြီး..ပြတင်းပေါက်က မျက်နှာက ဖြတ်ခနဲ ပျောက်သွားပြီး...ဓာတ်လှေကား ပွင့်သံ တီ တီ နဲ့ ကြားရပါတယ်..ဘယ်သူဖြစ်မလဲ....။ မမအပျိုကြီးပေါ့...သူလဲ အိမ်ပေါ်ကနေ ဆင်းလာမှာပဲဟာ...မယူခဲ့ပဲနဲ့ ကျောပေါ်ကို ပစ်ချတယ်..တော်သေးတာပေါ့..ဘောလုံး မလို့..ဟဲဟဲ..အဲ့ဒီ ဘောလုံးကလဲ ကိုယ့်အတွက် အသုံးလိုပါတယ်...တစ်ပါတ်တစ်ခါ ရေသွားကူးရင် ယူသွားနေကျလေ..။ ရေတော့ မကူးတတ်ပေမယ့်..ရေသွားသွားဆော့တာ..ရွာကချောင်းထဲမှာ ရေကစားနေကျဆိုတော့....ဒီရောက်တော့ ရေကူးကန်မှာ သွားသွားပြီး အလွမ်းပြေဆော့ပါတယ်... ရွာချောင်းမှာတော့ အလကားဆော့ရတာပေါ့ လေ...ဒီမှာတော့ တစ်ခါဝင် (၂) ကျပ်ဆိုတော့....ဟဲဟဲ...တစ်ပါတ်မှ တစ်ခါပဲ သွားတာပါ..။



ဒီလိုနဲ့ ဟိုဘတ်အိမ်ကို သွားနေတဲ့ လမ်းမှာပဲရှိသေးတယ်.. သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်


"ဟဲ့ နောင့် နင်ဘယ်မှာလဲ " တဲ့


"ငါ အိမ်ပြောင်းနေတယ်... ငါ့ကို လာကူဦးလေ"


ဆိုတော့ ခဏအသံတိတ်သွားပါတယ်... ပြီးတော့မှ လာခဲ့မယ်လေတဲ့..။ ဟား..အပိုင်ပဲပေါ့ ပျော်သွားပြီ ...ကိုယ်လဲ လိပ်စာပေးပြီးတော့...အဲ့ဒီမှာ စောင့်နေဖို့ ပြောလိုက်တယ်...ငှဲငှဲ ..ဟိုဘတ်အိမ်မှာကူသယ်ပေးဖို့ လူလဲ ပူရတော့ဘူး..။ ပြောင်းရတဲ့ အိမ်ရောက်တော့ သူငယ်ချင်းကလဲ ရောက်နေပြီ...ပစ္စည်းတွေ ကူသယ်ပေးပြီး အားလုံး အပေါ်ကို အပြီးအစီး ရောက်တော့မှ..သူငယ်ချင်း ကို..


" ဟဲ့ နင် ငါ့ကို ဖုန်းခေါ် တာဘာလုပ်မလို့လဲ" ဆိုတော့..


" ငါ့ မွေးနေ့ ဟဲ့.... သူငယ်ချင်းတွေကို တစ်ခုခု ကျွေးမလို့ နင့်ကို အရင်ဆက်တာ ..ခုတော့ နင်ကျွေးတဲ့ မုန့်ဟင်းခါး စားပြီးပြီ ပြန်တော့မယ် " တဲ့...။



ကိုယ် တစ်ကယ် အားနာသွားပါတယ်...အဲ့ဒါနဲ့ ကိုယ်လဲ ပြောမိပြောရာ..


" ဟဲ့...နင်ကျွေးမယ်ဆိုလဲ ကျွေးသွားလေ" လို့ပြောလိုက်မိပါတယ်...သူက. " တော်ပြီ နောက်မှ ပဲ.." ဆိုပြီးပြန်သွားပါတယ်...။


ကိုယ်လဲ ပြောပြီးမှ တော်တော် နောင်တ ရသွားတယ်.... သူခမျာ ကူလဲ ကူညီရသေးတယ်..မုန့်လဲ ကျွေးရဦး မယ်ဆိုတော့ ... ကိုယ်တော်တော် မတရားတာပဲ..။ အဲ့လိုပါပဲ...ကိုယ်က အပြောမတတ် ...အဆိုမတတ်...ဟင်းးးးးးးးးးးး..ပစ္စည်းတွေလဲတစ်ခုမှ မစီရသေးဘူး...သူငယ်ချင်းကို အားနာတာနဲ့ပဲ.....အဲ့ဒါတွေ လဲ မလုပ်ချင်သေးဘူး (ဘာမှမဆိုင်)း)......။ ဒါနဲ့ပဲ...အရင်ဆုံး အိပ်ရာ ခင်းတွေ၊ ခေါင်းအုံး တွေ အစွတ်စွတ် ပြီးတော့ ရေအမြန်သွားချိုး..ကွန်ပျုတာလေး ဖွင့်ပြီးတော့ ပဲ အရင်အနားယူလိုက်ပါတယ်လေ...။ မနက်ဖြန်လဲ ခွင့်ယူထားတော့ ပစ္စည်းတွေ ကဘယ်အချိန် ရှင်းရှင်းပေါ့နော်..အရေးကြီးတာက ကိုယ်ပင်ပန်းခဲ့တာလေးတွေ ကို အစ်ကို၊ အစ်မ ၊ သူငယ်ချင်း တွေရဲ့ အိမ်တွေ လိုက်လည်ပြီး..အရင်ဖြေဖျောက်ရဦးမယ်လေ....။

Friday, June 26, 2009

တို့- ရွာလေး - အေးချမ်းပါစေ။


မနေ့ ကလဲ ဖုန်း က ကြိုးစားခေါ်ပေမယ့် မရလို့ ...ဒီနေ့ ခေါ်တော့ ... တူ တူ အသံလေး နဲ့ ၀င်သွားပါတယ်...။

ဖုန်း ကိုင်တဲ့ ဦးလေးကြီးကို ကိုယ်ကလဲ အမေ နဲ့ ပြောမယ်နော် ဦးလေး ဆိုပြီး အပိုင်ပဲ ပြောလိုက်ပါတယ်...

ဟုတ်တယ်လေ..မနေ့က လဲ ကိုယ့်ဖုန်း မရတော့ ဒီနေ့ တော့ အမေ စောစော စီးစီး လာစောင့်နေမှာ သေချာ နေတာပဲ...။ ဒါပေမယ့် ဦးလေးကြီး ပြန်ပြောတာက..

"ကောင်မလေး...နင်တို့ အမေ လာလို့ မရဘူး..နင်တို့ အမေ မှ မဟုတ်ဘူး..နင် တို့ဘတ် ရွာက လူတွေ ဘယ်သူမှ ရွာပြင် ထွက်လို့ မရဘူး..နင် ဆက်တာ ငါပြောပြလိုက်မယ်" တဲ့..

ကိုယ်လဲ ကြောင်သွားတယ်....ဒီမှာ ခက်ခက် ခဲခဲ ခေါ်ထားရတာကိုး...တစ်လ မှ တစ်ခါ လေးဖုန်းပြောရတာ..အဲ့ဒါကို လာလို့ မရဘူးဆိုတော့ လန့်လဲ လန့်သွား တယ်...ဘာများဖြစ်လဲပေါ့..၊

" အာ..ဦးလေး ကလဲ ဘာဖြစ်လို့ လဲ ..အမေတို့ နေမကောင်းဘူးလား" ဆိုတော့

" နင်တို့ ရွာမှာ တိုက်ပွဲဖြစ်နေတယ်တဲ့...ဘယ်သူမှ ရွာထဲ ၀င်လို့ မရသလို... ရွာထဲကလဲ အပြင် ဘယ်သူမှ ထွက်လို့ မရဘူး"

ပြီးတော့..

" တော်ပြီ တော်ပြီ... ဒီအကြောင်းက ပြောလို့ သိပ်မကောင်းဘူး..ဒါပဲ"

ဆိုပြီး ဖုန်းချသွားပါတယ်...။ ကိုယ့်မှာ ... ဘယ်တော့ မှ ပြန်ခေါ်လို့ ရမှာလဲ ၊ သူတို့ ဘယ်တော့ ရွာပြင် ထွက်ရမှာလဲ၊ တိုက်ပွဲ ကရွာခံ လူတွေကို ထိမိ ခိုက်မိ ရှိလား...... ဘာဆို ဘာမှ မမေးလိုက်ရဘူး ၊ ဒါပေမယ့် မေးလဲ သူက ဖြေနိုင်မယ့် မေးခွန်း တွေ မဟုတ်ပါဘူးလေ...။

ကိုယ့်ရွာလေးနာမည်က ..စီပင်သာ ရွာတဲ့..။ခုချိန်ထိလဲ မ စီပင်နိုင် မ သာရာနိုင်သေးပါဘူး...။ ကိုယ် ..ရွာမှာနေတုန်းက ..ကိုယ့် အတွက် တိုက်ပွဲ ဆိုတာ မထူးဆန်းပါဘူး.. ညကြီး သန်းခေါင်တိုက်ပွဲ ဖြစ်လို့ အမြဲ အိပ်ရေးပျက်ခဲ့ရတယ် ။ နောက်ဖေးက ဗုံးခိုကျင်းထဲမှာ သေနပ်သံ တွေ ကြားက အိပ်ငိုက်ခဲ့ရတယ်...နောက်နေ့ မနက်မိုးလင်းရင် အိမ်တိုင်တွေမှာ သေနပ်ကျည်ဆံမှန်ထားတဲ့ အရာလေးတွေကို လိုက်ရေ ခဲ့ဖူးတယ်..ကျည်ဆံဖူးအခွံလေးတွေကို လိုက်ကောက်ခဲ့ဖူးတယ်..။ ဒါပေမယ့်.. ခု လို အဝေးရောက်ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်ကြားရတာပဲ၊ ကိုယ့် မိသားစုအတွက် တကယ်စိုးရိမ် နေပါတယ်... ။ ကိုယ် ဘာလုပ်ပေးတတ်လဲ...ဘာလုပ်ရမလဲ ကွယ်..။ နေ့တိုင်းဖုန်းဆက်ပြီး တိုက်ပွဲ အခြေအနေ မေးရုံပဲ ရှိတော့တာပဲ၊ အမေ နဲ့ မပြောရလဲ ...ရွာအခြေအနေလေး သိရ ရင်တော်ပါပြီ...။ ဒီလိုပါပဲ..တိုက်ပွဲဖြစ်ပြီး 1ပတ် 10ရက်လောက်ကတော့ ရွာထဲက ရွာပြင် ထွက်လို့ ရဦးမှာ မဟုတ်ပါဘူး..။ ကိုယ့် မိသားစု နဲ့ ရွာလေး..ဘေးအန္တာရာယ် ကင်းရှင်း ဘို့.. အထိအခိုက်မရှိဘို့ ဆုတောင်းရုံ မှ တပါး..ကိုယ်ဘာများ တတ်နိုင်ဦးမှာလဲ...။

Thursday, June 25, 2009

လစာထုတ်တဲ့ရက် (သို့) အမေနဲ့ ဖုန်းပြောရတဲ့နေ့..

ဒီနေ့တော့ ရုံးရောက်တာနဲ့ ကိုယ့် လစာ ၀င်မ၀င် အရင် စစ်ဖြစ်တယ်... :) ။ လစာဝင် နေပြီ ပျော်လိုက်တာ.. လစာရလို့ ပျော်တာထက်..အမေ နဲ့ ဖုန်း ပြောရတော့မှာ မို့ ပျော်တာပါ..။ ကိုယ်က လစာ ဒီနေ့ရ ဒီနေ့ အိမ်ကို ငွေ လွှဲပါတယ်... ရက်တောင် မကူးပါဘူး... သောကြာနေ့ ၀င်လဲ လွှဲတာပါပဲ..။ နောက်ပြီး..အမေ နဲ့ ဖုန်းပြောတဲ့ ရက်ကို ဒီလို လစာ ၀င်တဲ့ နေ့ ပဲ ရက်သတ်မှတ်ထားတယ်လေ..။ ကိုယ်တို့ ရွာမှာ တယ်လီဖုန်း မရှိပါဘူး.. အဲ့ဒါကြောင့် ဖုန်းကို ပြောချင်တိုင်းပြောလို့လဲ မရပါဘူး..။ တယ်လီဖုန်းက ကိုယ်တို့မြို့ နဲ့ 2 မိုင်ကျော်ဝေးတဲ့ ရွာကြီး တစ်ရွာမှာပဲ ....တစ်လုံး ထဲရှိတာပါ...။ တစ်နယ်လုံးမှာမှ တစ်လုံးထဲ ရှိတဲ့ အဲ့ဒီ ဖုန်း ဟာ...ခေါ်ရတာလဲ အင်မတန်မှကို ခတ်ခဲပါတယ်...။ အဲ့ဒါကြောင့် ကိုယ်လဲ ဖုန်းပြောတဲ့ နေ့ကို လာစာ ထုတ်တဲ့ ... 25၊ 26 ၊ တစ်ရက်ရက် 6:30 (ရွာမှာတော့ 5 နာရီ) လို့ သတ်မှတ်ထားပါတယ် ။ လစာကလဲ ..အဲ့ဒီ နှစ်ရက်ထဲက ၀င်ချင်တဲ့ နေ့ ၀င်တာပါ...။ ဒါပေမယ့် အမေ ကတော့ 2 ရက်စလုံး လာလာ စောင့်နေတာပါပဲ..။ ကိုယ် ကလဲ လစာ ၀င်ပြီးလို့ ငွေလွှဲပြီး ပြီ ဆိုမှ ဖုန်းဆက်ချင်တာပါ... ။တစ်ခါတစ်လေ များဆို နှစ်ရက် စလုံး ဘယ်လိုမှ ဖုန်းက ခေါ်မရပါဘူး..။ ကိုယ် လေ ကိုယ့်အမေ...တမျှော်မျှော်နဲ့ ဖုန်းစောင့်နေမှာကို မြင်ယောင်ပြီး...ဘယ်လိုမှ စိတ်မကောင်း နိုင်ပါဘူး.။ အမေဟာ..ဖုန်းဆိုင်ပိတ်တဲ့ ည ကိုးနာရီ အထိ စောင့်နေမှာသေချာနေတယ်လေ..။ ကိုယ်လဲ ဇွဲရှိရှိ နဲ့ 10 နာရီ ခွှဲ ထိ ထိုင်ရာက မထ ခေါ်ပေမယ့်လဲ.ခေါ်လို့မရ ခဲ့ဘူးဆိုရင် ညတောင် ကောင်းကောင်း အိပ်မပျော်ပါဘူး...အမေ့ အတွက် စိတ်မကောင်းဖြစ်ရလို့ပါ...ဒီက ခေါ်နေ ရဲ့ သားနဲ့ ခေါ်လို့ မရဘူး ဆိုတာများ သိပါ့မလား..၊ အမေ သမီးနဲ့ ဖုန်း မပြောရလို့ အရမ်းပဲ စိတ်မကောင်းဖြစ်သွားမလား... ၊ အဲ့လို အတွေးတွေနဲ့ပေါ့...။ ဘယ်တော့များမှ .. အမေ နဲ့ တူတူ နေရမလဲ .. ။ ဒီနေ့ ဒီလို ဒီမှာ ရတဲ့ လစာ ကို မိသားစုနဲ့ တူတူ နေတဲ့ ဘ၀ မျိုးကနေ ရရင် ကိုယ့်လောက်ပျော်မယ့် လူ ရှိပါဦးမလား လို့ စဉ်းစားမိတယ်..။ ဒါပေမယ့် ... သက်ပြင်းတစ်ချက်အသာရှိုက်ရင်း...ဒီနေ့တော့ အိုတီ လဲ မလုပ်တော့ ပါဘူး...အိမ်ကို စောစော ပြန်ပြီး အမေ့ နဲ့ စကားပြောဖို့ ခေါ်ရအင်မတန် ခတ်တဲ့.. ဖုန်းကို ကြိုးစားခေါ်ရဦးမယ်..။ စိတ်မရှည်တတ်တဲ့ ကိုယ် ဟာ...အမေနဲ့ စကားပြောရဖို့ အဲ့ဒီ ဖုန်းကိုခေါ်ဖို့တော့ စိတ်ရှည်ပါတယ်လေ.....။ ဘာလို့လဲ ဆိုတော့ အမေ နဲ့ မိသားစုကြောင့်ပေါ့..။

Wednesday, June 24, 2009

သွေးလှုပွဲ တွင် KFC ညာစားကြသူများ

တနင်္ဂနွေ နေ့ကပေါ့....း)

ပြီးခဲ့တဲ့ တပတ်က အစ်မ တစ်ယောက်က ပြောတယ်.... နောင့် ..နင်သွေးလှုမလားတဲ့..။ လှုချင်ရင်စာရင်းပေးတဲ့... ဘာ
မှ မစဉ်းစားဘူး လှုမယ် ပြောလိုက်တယ်...။ ကိုယ့် တစ်သက်လုံး တစ်ခါ မှ သွေးမလှုဖူးပါဘူး...။ ဒါနဲ့ပဲ အဖော်ရအောင်
ကိုယ့် Gmail ထဲမှာ ရှိတဲ့ လူတွေကို chat ပြီး ဆွယ်ပါတယ်.. သွေးမလှုလား ...ငါ လှုမလို့ပေါ့လေ..။ တစ်ချို့ကလဲ လ
ှုမယ် ..တစ်ချို့ကလဲ မလှုဘူးပေါ့..။ လှုမယ်ဆိုရင် စာရင်းပေးဆိုပြီး လုပ်လိုက်တာ.. ကိုယ့် ကို စာရင်း ပေးတဲ့လူ 4
ယောက်ရှိပါတယ်..ကိုယ်အပါ 5 ယောက်ပေါ့ နော်..။ အဲ့ဒါနဲ့ ကိုယ့်ကို လာပြောတဲ့ အစ်မကို ..ကိုယ်က စာရင်းပြန်ပေး
တာပေါ့....အဲ့ဒီ အစ်မ ကလဲ သူခေါ်ထားတာက 2 ယောက်ဆိုတော့ အားလုံး 7 ယောက်ဆိုတော့ လူများလို့ ပျော်နေတယ်။
ပြီးတော့ ပြောသေးတယ် ...နင်တို့ကို ငါ သွေးလှုပြီးရင်... KFC ကျွေးမှာပါ တဲ့....။ ဝေး ပျော်စရာကြီးပေါ့နော်...။ ဒီလိုနဲ့
sunday မှာ တိုပါးရိုး ကိုသွားကြရော... ကိုယ့်ကိုလှုမယ်စာရင်းပေးထားတဲ့လူတွေကို ကိုယ်က spass တွေ မမေ့ဖို့ ၊ နေ့
လည် 1နာရီ အရောက်လာဖို့ မှာရတာပေါ့လေ..။ ပြီးတော့ ကိုယ်လဲ ကိုယ့်ကို ခေါ်တဲ့ အစ်မနဲ့ တူတူသွားတယ်..jurong
east interchange ကနေ ..506 စီးသွားကြတယ်..။ ဒီလိုနဲ့ ကားစောင့်နေတုန်း ဖုန်း လာတယ်.. 2 ယောက် ကသူတို့ မ
လိုက်ဖြစ်တော့ဘူးတဲ့....သိပ်နေမကောင်းချင်လို့တဲ့..။ ဟမ်...ကိုယ်လဲ ဘာမှ မပြောတတ်တော့ဘူး ..အေးလေ ပေါ့...ပြီး
တော့ ဟိုအမ ကို မျက်နှာငယ်လေး နဲ့ ပြောပြရတယ်...။ အဲ့ဒီ အမ ကလဲ ဘယ်တတ်နိုင်မလဲတဲ့...။ ဒါနဲ့ ဘုန်းကြီးကျောင်း
ရောက်တော့ ဘုရားကန်တော့ ၊ မုန့်ဟင်းခါးစားပြီးတော့... ကျန်တဲ့ သူငယ်ချင်း နှစ်ယောက်ကို ဖုန်းခေါ်တယ်...သူတို့ က
ပြောတယ် ရောက်နေပြီတဲ့...။ ကိုယ်လဲ ၀မ်းသာသွားတယ်။ ဒီနှစ်ယောက်တော့ တကယ်လာတယ်ဆိုပြီး ၀မ်းသာလို့ မှ မ
ဆုံးခင်...သူတို့ ဆက်ပြောတာက... နောင့် တဲ့..ဒီအလှုက ဘယ်သူ့ အတွက်လဲ တဲ့.. ဘာအတွက်လုပ်တာလဲ တဲ့... ကိုယ်
လဲ ကြောင်သွားတယ်.. ဟင်...ကျောင်း ၀င်း အ၀င်မှာထဲ ကဆိုင်းဘုတ်တွေနဲ့ စာတွေ နဲ့လေ..အရင်ထဲကလဲ FW မေလ်း
တွေနဲ့ ဖိတ်စာတွေရနေတာပဲ ..မသိဘူးလား ဆိုတော့...သူငယ်ချင်းက အဲ့ဒီ အတွက်ဆို ..မလှုချင်ဘူးတဲ့...ကြောက်တယ်တဲ့။
ကိုယ်ဘာပြန်ပြောရမလဲ.....ပြောစရာစကားလဲ မရှိဘူး...။ နားမလည် နိုင် ဘူး ဖြစ်နေပေမယ့်..အေးလေ..အေးပေါ့ ဆိုပြီး ဖုန်း
ချ ပစ်မိတယ်..။အစ်မ ကို အားနာပြီး တော့ ဘယ်လို ပြန်ပြောပြရမလဲ မသိတော့ဘူး..။ ဒါနဲ့ပဲ ကိုယ်တို့ အဖွဲ့မှာ... 7 ယောက
်ကနေ 3 ယောက်ပဲ ကျန်တော့ တာပေါ့ကွယ်.... 40% ပေါ့. ။. ဒီလိုနဲ့ သွေးလှုတဲ့ နေရာကိုသွားဖို့ ကားရောက်လာတယ်... 2
စီး ၊ 2 နေရာ ကိုသွားကြမယ်..။ ကိုယ်တို့ လဲ ကိုယ်တို့ နဲ့ နီးတဲ့ နေရာ ကိုသွားမယ့် ကားပေါ်တတ်ကြတာပေါ့... ။ ကိုယ်တို့
အဖွဲ့ ထဲက လူတွေ နည်းသွားပေမယ့် ကားပေါ်ကို သွေးလှုမယ့်လူတွေ တတ်လာတာ တစ်ဖွဲ့ ပြီး တစ်ဖွဲ့ ပျော်စရာကြီး ..။ စာ
ရင်း မပေးရသေးတဲ့ လူတွေလဲ ... ခုပေးလို့ ရသေးလား ဆိုပြီး လှုဖို့ လိုက်လာကြတယ်...။ ၀မ်းသာ ၀မ်းနည်း ခံစားရတယ်....
ဘာလို့လဲ တော့ မသိဘူး..။ကား ပေါ်မှာ အစ်ကို တစ်ယောက်က ပြောတယ်...သွေးယူတဲ့ အပ်ကြီးက အကြီးကြီးတဲ့.. သူ့လက
်ညိုးကို ပြပြီး ဒီလောက်ကြီး ရှိတယ်တဲ့..။ ဟင်..ကိုယ်..သွေးက နဲနဲ ကြောင်လာတယ်... ကြောက်တာပေါ့ နော်..အပ်အကြီးကြီး နဲ့
သွေးကို ဖောက်ယူမှာဆိုတော့ နာမှာပဲပေါ့...ဒါပေမယ့် ... ကိုယ် မငြင်းရဲတော့ဘူးလေ...ကိုယ် သာမလှုတော့ဘူး ထပ်ပြောရင် ...
ဟိုအစ်မ ကိုကိုယ့်ကို ဖနောင့်နဲ့ကို ပေါက်မှာ...ဟင့်ဟင့်။ ဒီလိုနဲ့ သွေးလှုရမယ့် နေရာကိုရောက်တော့ ..ကိုယ်လဲ ကားပေါ်ကသာ
ဟန်မပျက်ဆင်းပေမယ့် ..သွေးက နဲနဲ ပျက်နေပြီ...။ အပ်က အကြီးကြီးတဲ့ ..ဘုရားဘုရားပေါ့. ဘုရားတပြီး ကားပေါ်က ဆင်းလိုက
်တယ်..။ အထဲကို တာဝန်ကျနေတဲ့ လူတွေ က...သွေးလှုဖို့ ၀င်လာတဲ့ မြန်မာတွေကို ကြည့်ပြီးတော့.. မျက်လုံးတွေ ပြူးနေကြတယ်..
လူတွေက 40 ကျော်တာကို..။ ဒါနဲ့ form တွေဖြည့်ကြပေါ့.... သွေးလှုဖို့ အဆင့် 3 ဆင့်ကို ဖြတ်ရတယ်...။ ပထမအဆင့်ကို ခေါ်ဖို့
စောင့်နေတုန်း...သွေးကြောတွေ ကျဥ်းလား ကျယ်လား လိုက်စမ်းသတ်တဲ့ အစ်မ တစ်ယောက်က လိုက်စမ်း နေတယ်... မြန်မာပါပဲ.။
ကိုယ့် ကိုစမ်းနေတော့ ဘယ်ဘတ်လက်က သွေးကြောက သေးလို့တဲ့ လှုလို့ မရဘူးတဲ့ ...ညာဘတ် ကိုထပ်တိုင်းတယ်...ညာဘတ်
ကတော့ ရပါတယ်တဲ့...။ ဘာလို့လိုက်တိုင်းတာလဲ အစ်မ လို့ မေးကြည့်တော့ အပ်က ကြီးလို့တဲ့... အမလေး... ကိုယ်အော်ပြီး ထွက
်ပြေးချင်လာပြီ...ဒါပေမယ့် သူက ဆက်ပြောတယ်..ထုံဆေး ပေးမှာပါတဲ့.. ဟယ်...၀မ်းသာလိုက်တာ ပြောမနေပါနဲ့တော့...လူကလဲ
ပြန်ပြီး တက်ကြွလာတယ်... ။ ပြီးတော့ ကိုယ် သွေးလှုနေတဲ့ အချိန် ဓာတ်ပုံရိုက်ပေးဖို့ အစ်မ ကိုလဲ ပြောထားရသေးတယ်...ဟဲဟဲ။
သူက လှုလို့ မရလို့ မလှုပါဘူး..။ အဲ့ဒီ သွေးကြောလိုက်စမ်းနေတဲ့ အဆင့်မှာပါပဲ ကိုယ်တို့ အဖွဲ့ 3 ယောက်ထဲ ကတစ်ယောက်က
သွေးကြောသေးနေလို့ လှုလို့ မရတဲ့ ထဲပါသွားပါတယ်..။ 2 ယောက်ပဲ ကျန်တာပေါ့နော်..။ ဒါနဲ့ ပထမအဆင့် ကိုယ့်ကို ခေါ်တော့
ကိုယ်သွားတော့ ကိုယ့် form လေးပေး..သူတို့ လဲ ကွန်ပျူတာထဲ သွင်းစရာရှိတာ သွင်းပေါ့..။ ဒုတိယ အဆင့်ခေါ်ဖို့ ထပ်စောင့်ရပါ
တယ်...။ တစ်ချို့ သွေးလှုတဲ့ လူတွေလဲ လှုနေရပါပြီ..။ ဒုတိယ အဆင့်က ..ကိုယ်အလေးချိန်တိုင်း. သွေးပေါင်ချိန်တိုင်း.. အပူချိန်
တိုင်း တဲ့နေရာပေါ့...အဲ့ဒါ ကဆရာဝန် တွေ တိုင်းတာ... ကိုယ့် အလှည့်ကို ခေါ်တာလဲ မြန်မာ ဆရာဝန်မပဲ...။ကိုယ့် ကို အသက်
ဘယ်လောက်ရှိပြီလဲ တဲ့ ..လှုလို့ရော ရပြီတဲ့လား တဲ့..22 ကျော် ရှိပါပြီ ရှင့် ဆိုတော့..အော် ကြည့်ရတာ ငယ်ငယ်လေးလိုပဲတဲ့..
ဟဲဟဲ (ကြွားတာ.)။ ဒါနဲ့ ဒုတိယ အဆင့် အောင်ပြီး လို့ တတိယ အဆင့်ရောက်တော့ သွေးဖောက်ပါတယ်...ပြီးတော့ ပြွန်လိုလေးထဲ
ကို ထည့်ပြီး တိုင်းတယ်.. ခဏစောင့်ပါဆိုပြီး..စက်ဝိုင်းလို လည်နေတဲ့ ထဲကို ကိုယ့်သွေးကို စက္ကူလို လေးမှာ သုတ်ပြီး အဲ့ဒီ လည်နေ
တဲ့ ထဲထည့်ပါတယ်...။ ခဏ နေတော့ လှုလို့ မရပါတဲ့...။ iron နည်းနေတယ်တဲ့ ..။ ကိုယ်လဲ ကြောက်သွားပြီးတော့... ခုန က ကိုယ့်
ကို စမ်းတဲ့ ဆရာဝန်မလေး(မြန်မာ) ဆီ ပြေးတာ....။ အဲ့ဒီ အမလေး က မကြောက်ပါနဲ့ သံဓာတ် နည်း နေတာပါ တဲ့ ဆေးပေးလိုက်
မယ်တဲ့... ဆေးသောက်ပြီး ရင် လှုလို့ ရပါပြီတဲ့... ဟင့်။ အဲ့ဒါနဲ့ ကိုယ်လဲ အောင်မြင်စွာ ဆုတ်ခွာ လာခဲ့တယ်...။ ကိုယ်တို့ အဖွဲ့ထဲ
မှာ 1 ယောက်ပဲကျန်တော့တာပေါ့ နော်..။ စောင့်နေတဲ့ အမ ကို မျက်နှာငယ်လေးနဲ့ အကျိုးအကြောင်းပြောပြပြီးတော့ ကျန်တဲ့ တစ
်ယောက်ကို ဆက်စောင့်နေပါတယ်...။ ခဏနေတော့ အဲ့ဒီ ကျန်တဲ့ တစ်ယောက်ကလဲ..... မျက်နှာ မကောင်းစွာ(နဲနဲတော့ စပ်ဖြဲဖြဲ)
နဲ့ ပြန်လာပါတယ်...သူလဲ လှုလို့ မရပါဘူးတဲ့...သံဓာတ်နည်းနေပါတယ်တဲ့...။ ကိုယ်တို့ အဖွဲ့ ရဲ့ အောင်မြင်မှုရာနှုန်း ကတော့ ပထမ
7 ယောက် ..နောက် တော့ 3 ယောက် ..နောက်တော့... 0% အောင်မြင်တာပေါ့နော်...။ အစ်မ ကပြောတယ်...နင်တို့ လှုလို့ လဲ
မရပဲနဲ့ တဲ့...ငါကတော့ ဓာတ်ပုံ ရိုက်ပေးဖို့ စောင့်နေတာတဲ့. ငါကျွေးမယ့် KFC ကိုညာစားကြတယ်တဲ့...။ အဲ့ဒီလိုနဲ့ ကိုယ်တို့ လဲ
အောင်မြင်စွာ ဆုတ်ခွာ လာခဲ့ကြတော့တာပေါ့နော်...။ အမ ကပြောတယ်..... စိတ်ရှိဖို့ပဲ လိုတာပါတဲ့...ငါတို့ စိတ်ရှိလို့ပဲ လှုတဲ့ ဌာန
ကိုတောင် ရောက်လာပြီးပြီပဲ တဲ့...အဓိက လုပ်ဘို့ ထက် ..လုပ်ချင်တဲ့ စိတ်ရှိ ဘို့ ပဲ လိုတာတဲ့.... ဟုတ်တယ်နော်...။

နန်းမေဇင်အေး

Tuesday, June 23, 2009

စကာင်္ပူ ကို ဘာကြောင့် ရောက်လာတယ်...

အပူအပင် မရှိ တဲ့လူ ဖြစ်ခဲ့ဖူးပါတယ်တစ်ချိန်တုန်းကပေါ့.. ဒါပေမယ့်...လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကစပြီးတော့ ..ကိုယ့် မှာ ပူပင်စရာတွေ များ လိုက်တာ..။

ကိုယ် ရန်ကုန်မှာ...အလုပ်လဲလုပ် ကျောင်းလဲ တတ်နေတုန်း.... မမျှော့်လင်တဲ့ သတင်းဆိုး တစ်ခု ကြားရပါတယ်...။ အဲ့ဒါ ကတော့ မလေး မှာ လုပ်နေတဲ့ ကိုယ့်အကို... ရုတ်တရက် သတိ မေ့ လဲကျသွား ပြီးတော့ ဆေးရုံ တင်ထားရတာ... 10 ရက် ရှိပြီ..ခုထိ သတိ မလည်လာ သေးပါတဲ့ ။ သတင်း ကြားကြား ချင်း ကိုယ်ဘာလုပ် ရမလဲ မသိ...ထူပူ ပြီးတော့... စိုးရိမ်စိတ် တွေနဲ့ ..အယောင် ယောင် အမှားမှားပဲ..။ ပထမဆုံး ကိုယ့် မိသားစု ကို အကြောင်းကြား ... ပြီးတော့ ဘုရား ရှေ့ မှာ ဆုတောင်း မေတ္တာပို့ပေါ့..။ ကိုယ် တို့မောင်နှမ တွေထဲမှာ ယောက်ကျား လေးဆိုလို့ ဒီ အကိုလေး တစ်ယောက်ပါ တဲ့အတွက်.. အမေ့ အသည်းကျော် ဒီအကို အဝေးမှာ တစ်ခုခု ဖြစ်ရင်... ကိုယ့် အမေ အတွက် မလွယ်ဘူးလေ..။ နောက်ရက် မှာ အစ်မ ရန်ကုန်ကို တတ်လာတယ်... ပြီးတော့ ..မလေး ကိုဖုန်းတွေ ဆက်.. ဆေးရုံ စားရိတ်တွေ ပို့ပေါ့..။ 12 ရက်မြောက်နေ့မှာ သူသတိ လည်လာတယ်တဲ့..။ ဒါပေမယ့် အတိတ်မေ့သလို ဖြစ်နေပါတယ်တဲ့...။ ဘာပဲ ဖြစ်ဖြစ် ရန်ကုန်ပြန်ပို့ပေးပါဆိုတဲ့ ကိုယ်တို့ မိသားစုရဲ့ တောင်းဆို ချက်ကြောင့် မလေး မှာ ရှိတဲ့ အကို့ ရဲ့ သူငယ်ချင်းတွေ နဲ့ အကို ၀မ်းကွဲတွေက... အတတ်နိုင်ဆုံး ကူညီ ခဲ့ကြပါတယ်...။ ဒီလိုနဲ့ အကို ရန်ကုန်ကို ပြန်ရောက်လာ ပြီးတော့... သူ့ ရဲ့ မသက်သာ တဲ့ ရောဂါ အတွက် SSC မှာ ဆက်ကု... အိမ်က မိသားစု အားလုံး ရန်ကုန် တတ်လာတဲ့ အတွက် နောက်ပိုင်း စီးပွားရေး ကို ကြည့်မယ့် သူမရှိ... ကိုယ် ကလဲ... ၀င်ငွေ အတွက် တစ်ဘတ်တစ်လမ်း ဘယ်လမ်းကမှ မကူညီနိုင် ။ အရမ်းကို စိတ်ဆင်းရဲ ခဲ့ရပါတယ်...ကိုယ့် အကို ရဲ့ ရောဂါ ကလဲ..ခဏနဲ့ပျောက်မယ့် ရောဂါ မဟုတ်လေတော့ ....ကွယ်။ ဒါနဲ့ပဲ...စလုံး မှာရှိတဲ့ ဦးလေးကို စာရေး ပြီး အကျိုးအကြောင်းပြောပြ ... ခေါ်ပေးပါ ပြောရတယ်..။ ပြီးတော့ ဒီကို ထွက်လာဖို့အတွက် လိုအပ်မယ်ထင်တာတွေကို နှစ်လ အတွင်း အပြီးလုပ်...။ အင်္ဂလိပ်စာ သင်တန်း ဘာသင်တန်း ညာသင်တန်း ဘာမှကို အခြေခံ မရှိခဲ့ပါဘူး..။ ဒီကိုလာ မှာတောင် ကိုယ့်ဘာသာ ကျိတ်လုပ်ခဲ့တယ်.. မိသားစု သိရင် ဒီကို လာဖို့ အတွက် ငွေရေးကြေးရေး စိတ်ပူမှာ စိုးတဲ့အတွက်... ကိုယ့်ရဲ့ ဆရာမကြီး တွေနဲ့ တိုင်ပင်ပြီး...သူတို့ ထုတ်ပေးတဲ့ ငွေလေး... USD800( လေယာဉ်လက်မှတ်ခအပါ) နဲ့ ကိုယ့် အသက် 21 မပြည့်ခင်လေးမှာ ထွက်လာခဲ့ပါတယ်...။ ကိုယ့်ရဲ့ မိသားစု ကို တဘတ်တလမ်းက ပြန်လည် ကျေးဇူးဆပ်ဖို့ အတွက် ရည်းစူးပြီးတော့ လာတဲ့ ခရီးဖြစ်တဲ့အတွက် အစစ အဆင်ပြေပါစေလို့ သစ္စာပြုခဲ့တယ်...။ ဒီမှာလဲ ဦးလေး တွေက အတော်အတန် ပြေလည်တဲ့( နိုင်ငံသားဖြစ်နေပြီ) သူတွေ ဖြစ်နေလေ တော့ ကိုယ့်အတွက် ..စားဖို့၊ နေဖို့ ၊ အလုပ်လျှောက်ဖို့ ကွန်ပြူတာမှ အစ ... Ezlink card၊ ဖုန်း ၊ အားလုံး အသင့်ဖြစ်နေခဲ့ပါတယ်...။ အလုပ်လျှောက်ဖို့ အတွက် ဦးလေး ရဲ့ အမျိုးသမီး ကလဲ အားလုံး အစစ ဘယ်လို လျှောက်ရတယ်...အင်တာဗျုး ဘယ်လို ဖြေရမယ်ကအစ ...သင်ပေးခဲ့တယ်...။အလုပ်ရတော့ အလုပ်ထဲက... မန်နေဂျာ ကအရမ်းကို သဘောထားပြည့်ဝ သနားတတ်သူ ဖြစ်တဲ့ အတွက် ကိုယ့်အတွက် ခုတော့အားလုံးအဆင်ပြေနေပါပြီလေ...။ ရည်းမှန်းထားတဲ့ အတိုင်း အိမ်ကိုလဲ ... ပြန်လည်ထောက်ပံ့နိုင်ခဲ့ပြီ....။ ကျေးဇူးတင်ရမယ့် သူတွေ ဆရာ နဲ့ ဆရာမကြီး ၊ ဦးလေး နဲ့ အန်တီ ၊ အလုပ်ခန့်ပေးတဲ့ မန်နေဂျာ..ကျန်တဲ့ ကိုယ့်အတွက် အများကြီး ၀ိုင်းဝန်း...ကူညီခဲ့ကြတဲ့ မိတ်ဆွေ အားလုံး ကို အများကြီး ကျေးဇူးတင်ပါတယ်လေ။