မနေ့က 1 ရက်နေ့ ရုံးပိတ်တယ်။
12/12/2012 ကတည်းက မင်္ဂလာဆောင်ထားတဲ့ သတိုးသား လဲ ကိုယ့် အိမ်ကို ပြောင်းလာတဲ့နေ့။ အိပ်ခန်း အပြောင်းအရွှေ့နဲ့ ပင်ပန်းပြီး ၊ ဘာမှ မချက်နိုင်လို့ ထမင်းကိုလဲ ဖြစ်သလို ငါးပိရည် နဲ့ ကြက်ဥကြော်စားရတယ်။ ဒါပေမယ့် စားမြိန်ပါတယ် :)
ဒီနေ့ 2 ရက်နေ့
ရုံးပြန်တက်ရတယ်။ ရုံးရောက်တာနဲ့ ကွန်ပြူတာဖွင့် ၊ ထုံးစံအတိုင်း Firefox ကို ကလစ်၊ ဂျီမေလ်း ကို ရိုက်ထည့်တော့... Admin က ဘလော့ ထားပါတယ်တဲ့။ ဟာာ ခနဲ ပြာသွားတယ်။
ဖေ့ဘွတ် လေးကို အမြန်အမြန် ရိုက်လိုက်တော့လဲ တူတူပဲ :( Social Network တော်တော်များများကို ဘလော့ ထားပါတယ်။ Blog တွေတော့ ဖွင့်လို့ ကြည့်လို့ရနေပါသေးတယ်။ ဘ၀ကြီး က တော်တော်လေး ကို အဖြစ်ဆိုးသွားပါပြီ :(
တစ်နေ့တစ်နေ့ ရုံးမှာ ကိုယ် နေပျော်နေရခြင်း အကြောင်းက ဖေ့ဘွတ် နဲ့ ဂျီမေလ်း လေးရှိနေလို့ပါ။
ခုတော့ မသက်သာတဲ့အဆုံး ဘာလုပ်ရမှန်းလဲမသိတာနဲ့ ၊ ဖုန်တက်ရုံမက ပင့်ကူစွဲ နေတဲ့ ကိုယ့် ဘလော့လေးမှာ ရင်လာဖွင့်ရတာပါ။
Google ကနေ ကျော်နည်း ခွနည်းလေးတွေလဲ ရှာဖွေပြီး ကြိုးစားပေမယ့် အကုန်လုံးကို ဘလော့ထားပါတယ်။ တစ်ခြားနည်းလေးတွေများ စာလာဖတ်မိလို့ သိကြရင်လဲ မစ ခဲ့ကြပါလို့နော်။
Unhappy New Year 2013 :(
နောင့်
Khung Giờ Nổ Hũ Chi Tiết Nhất Tránh Sai Lầm Thường Gặp
-
Khung giờ nổ hũ đóng vai trò cực kỳ quan trọng đối với mọi thành viên đam
mê bộ môn quay hũ trực tuyến hiện nay. Nắm bắt chính xác thời điểm quay
thưởng tr...
2 months ago

