အပူအပင် မရှိ တဲ့လူ ဖြစ်ခဲ့ဖူးပါတယ်တစ်ချိန်တုန်းကပေါ့.. ဒါပေမယ့်...လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကစပြီးတော့ ..ကိုယ့် မှာ ပူပင်စရာတွေ များ လိုက်တာ..။
ကိုယ် ရန်ကုန်မှာ...အလုပ်လဲလုပ် ကျောင်းလဲ တတ်နေတုန်း.... မမျှော့်လင်တဲ့ သတင်းဆိုး တစ်ခု ကြားရပါတယ်...။ အဲ့ဒါ ကတော့ မလေး မှာ လုပ်နေတဲ့ ကိုယ့်အကို... ရုတ်တရက် သတိ မေ့ လဲကျသွား ပြီးတော့ ဆေးရုံ တင်ထားရတာ... 10 ရက် ရှိပြီ..ခုထိ သတိ မလည်လာ သေးပါတဲ့ ။ သတင်း ကြားကြား ချင်း ကိုယ်ဘာလုပ် ရမလဲ မသိ...ထူပူ ပြီးတော့... စိုးရိမ်စိတ် တွေနဲ့ ..အယောင် ယောင် အမှားမှားပဲ..။ ပထမဆုံး ကိုယ့် မိသားစု ကို အကြောင်းကြား ... ပြီးတော့ ဘုရား ရှေ့ မှာ ဆုတောင်း မေတ္တာပို့ပေါ့..။ ကိုယ် တို့မောင်နှမ တွေထဲမှာ ယောက်ကျား လေးဆိုလို့ ဒီ အကိုလေး တစ်ယောက်ပါ တဲ့အတွက်.. အမေ့ အသည်းကျော် ဒီအကို အဝေးမှာ တစ်ခုခု ဖြစ်ရင်... ကိုယ့် အမေ အတွက် မလွယ်ဘူးလေ..။ နောက်ရက် မှာ အစ်မ ရန်ကုန်ကို တတ်လာတယ်... ပြီးတော့ ..မလေး ကိုဖုန်းတွေ ဆက်.. ဆေးရုံ စားရိတ်တွေ ပို့ပေါ့..။ 12 ရက်မြောက်နေ့မှာ သူသတိ လည်လာတယ်တဲ့..။ ဒါပေမယ့် အတိတ်မေ့သလို ဖြစ်နေပါတယ်တဲ့...။ ဘာပဲ ဖြစ်ဖြစ် ရန်ကုန်ပြန်ပို့ပေးပါဆိုတဲ့ ကိုယ်တို့ မိသားစုရဲ့ တောင်းဆို ချက်ကြောင့် မလေး မှာ ရှိတဲ့ အကို့ ရဲ့ သူငယ်ချင်းတွေ နဲ့ အကို ၀မ်းကွဲတွေက... အတတ်နိုင်ဆုံး ကူညီ ခဲ့ကြပါတယ်...။ ဒီလိုနဲ့ အကို ရန်ကုန်ကို ပြန်ရောက်လာ ပြီးတော့... သူ့ ရဲ့ မသက်သာ တဲ့ ရောဂါ အတွက် SSC မှာ ဆက်ကု... အိမ်က မိသားစု အားလုံး ရန်ကုန် တတ်လာတဲ့ အတွက် နောက်ပိုင်း စီးပွားရေး ကို ကြည့်မယ့် သူမရှိ... ကိုယ် ကလဲ... ၀င်ငွေ အတွက် တစ်ဘတ်တစ်လမ်း ဘယ်လမ်းကမှ မကူညီနိုင် ။ အရမ်းကို စိတ်ဆင်းရဲ ခဲ့ရပါတယ်...ကိုယ့် အကို ရဲ့ ရောဂါ ကလဲ..ခဏနဲ့ပျောက်မယ့် ရောဂါ မဟုတ်လေတော့ ....ကွယ်။ ဒါနဲ့ပဲ...စလုံး မှာရှိတဲ့ ဦးလေးကို စာရေး ပြီး အကျိုးအကြောင်းပြောပြ ... ခေါ်ပေးပါ ပြောရတယ်..။ ပြီးတော့ ဒီကို ထွက်လာဖို့အတွက် လိုအပ်မယ်ထင်တာတွေကို နှစ်လ အတွင်း အပြီးလုပ်...။ အင်္ဂလိပ်စာ သင်တန်း ဘာသင်တန်း ညာသင်တန်း ဘာမှကို အခြေခံ မရှိခဲ့ပါဘူး..။ ဒီကိုလာ မှာတောင် ကိုယ့်ဘာသာ ကျိတ်လုပ်ခဲ့တယ်.. မိသားစု သိရင် ဒီကို လာဖို့ အတွက် ငွေရေးကြေးရေး စိတ်ပူမှာ စိုးတဲ့အတွက်... ကိုယ့်ရဲ့ ဆရာမကြီး တွေနဲ့ တိုင်ပင်ပြီး...သူတို့ ထုတ်ပေးတဲ့ ငွေလေး... USD800( လေယာဉ်လက်မှတ်ခအပါ) နဲ့ ကိုယ့် အသက် 21 မပြည့်ခင်လေးမှာ ထွက်လာခဲ့ပါတယ်...။ ကိုယ့်ရဲ့ မိသားစု ကို တဘတ်တလမ်းက ပြန်လည် ကျေးဇူးဆပ်ဖို့ အတွက် ရည်းစူးပြီးတော့ လာတဲ့ ခရီးဖြစ်တဲ့အတွက် အစစ အဆင်ပြေပါစေလို့ သစ္စာပြုခဲ့တယ်...။ ဒီမှာလဲ ဦးလေး တွေက အတော်အတန် ပြေလည်တဲ့( နိုင်ငံသားဖြစ်နေပြီ) သူတွေ ဖြစ်နေလေ တော့ ကိုယ့်အတွက် ..စားဖို့၊ နေဖို့ ၊ အလုပ်လျှောက်ဖို့ ကွန်ပြူတာမှ အစ ... Ezlink card၊ ဖုန်း ၊ အားလုံး အသင့်ဖြစ်နေခဲ့ပါတယ်...။ အလုပ်လျှောက်ဖို့ အတွက် ဦးလေး ရဲ့ အမျိုးသမီး ကလဲ အားလုံး အစစ ဘယ်လို လျှောက်ရတယ်...အင်တာဗျုး ဘယ်လို ဖြေရမယ်ကအစ ...သင်ပေးခဲ့တယ်...။အလုပ်ရတော့ အလုပ်ထဲက... မန်နေဂျာ ကအရမ်းကို သဘောထားပြည့်ဝ သနားတတ်သူ ဖြစ်တဲ့ အတွက် ကိုယ့်အတွက် ခုတော့အားလုံးအဆင်ပြေနေပါပြီလေ...။ ရည်းမှန်းထားတဲ့ အတိုင်း အိမ်ကိုလဲ ... ပြန်လည်ထောက်ပံ့နိုင်ခဲ့ပြီ....။ ကျေးဇူးတင်ရမယ့် သူတွေ ဆရာ နဲ့ ဆရာမကြီး ၊ ဦးလေး နဲ့ အန်တီ ၊ အလုပ်ခန့်ပေးတဲ့ မန်နေဂျာ..ကျန်တဲ့ ကိုယ့်အတွက် အများကြီး ၀ိုင်းဝန်း...ကူညီခဲ့ကြတဲ့ မိတ်ဆွေ အားလုံး ကို အများကြီး ကျေးဇူးတင်ပါတယ်လေ။
Khung Giờ Nổ Hũ Chi Tiết Nhất Tránh Sai Lầm Thường Gặp
-
Khung giờ nổ hũ đóng vai trò cực kỳ quan trọng đối với mọi thành viên đam
mê bộ môn quay hũ trực tuyến hiện nay. Nắm bắt chính xác thời điểm quay
thưởng tr...
1 month ago


10 comments:
တကယ်ကောင်းတဲ့ ကိုယ့်တွေ့ခံစားချက်လေးပါပဲ
ရင်ထဲမှာ တင်းကျပ်မှူတွေ များလာတဲ့အခါ အခုလိုပဲ ဖောက်ထုတ်ပြီး မျှဝေ ခံစားပေလိုက်ပါဗျာ၊၊ ငယ်ရွယ်သူတစ်ယောက် အနေနဲ့ ကြိုးစားနိုင်မှူကို ချီးကျူးပါတယ်ဗျာ ၊၊
"ကိုယ့်ရဲ့ မိသားစု ကို တဘတ်တလမ်းက ပြန်လည် ကျေးဇူးဆပ်ဖို့ အတွက် ရည်းစူးပြီးတော့ လာတဲ့ ခရီးဖြစ်တဲ့အတွက် အစစ အဆင်ပြေပါစေလို့ သစ္စာပြုခဲ့တယ်...။ "
ကျွန်တော်လာစဉ်တုန်းကလည်း ဒီလိုပဲ စိတ်မွေးပြီးလာခဲ့ပါတယ် ၊၊ အခက်အခဲ အနည်းအပါးရှိပေမယ့် အဆင်ပြေသွားပါတယ် ၊၊
ပျော်ရွှင်ပါစေဗျာ
မင်းအိမ်ဖြူ
ဘဝသစ်တစ်ခုကို သိမြင်သွားတယ်။ ကျေးဇူး။ အဆင်ပြေတယ် သိရလို့လဲ ဝမ်းသာပါတယ်။ ကျေးဇူးပြန်ဆပ်နိုင်တယ် ဆိုတဲ့အတွက် လေးစားမိတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
အဆင်ပြေသွားမှာပါ။ ခုလိုကျေးဇူးဆပ်ချင်တဲ့ စိတ်နဲ့ စွန့်စားလာတယ်ဆိုကထဲက မွန်မြတ်ပြီး အကောင်းတွေနဲ့ပဲ ကြုံတွေ့မှာပါ။ ဘာပဲဖြစ်ဖြစ်လေ ဘဝဆိုတာ ဒီလိုပဲ နိမ့်တခါ၊ မြင့်တလှည့်နဲ့ ဒီလိုပဲ ၇ုန်းကန်နေရတာပါပဲ။ ဒီတော့ စိတ်ဓာတ်တော့ မကျနဲ့၊ ဘယ်အရာမှ အလကားမရဘူးဆိုတာလဲ ခေါင်းထဲထည့်ထား၊တခုခုတော့ ပေးဆပ်ရမှာပဲ၊ အရေးကြီးတာ စိတ်ဓာတ်မကျဖို့ပါပဲ...။
hey kaung ma lay, bar tone ha
ခက်ခဲမှု ၊ ပင်ပန်းမှု မပြေလည်နိုင်တဲ့ ၊ အခြေအနေဆိုတာတွေက ဘဝတစ်ခုမှာ တစ်နေ့မဟုတ်တစ်ချိန် ကြုံကိုကြုံတွေ့ရမယ့် အရာတွေလို့ ထင်မိပါတယ် ...
ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို အခက်အခဲကို ရင်ဆိုင်ခဲ့ရတာ အားငယ်စရာကောင်းပေမယ့် ရှေ့ဆက် လျှောက်လှမ်းရမယ့် ဘဝခရီးအတွက် ကြိုတင်ပွဲဝင်ပြီးသား ဖြစ်ခဲ့တာ မို့လို့ ကျေနပ်စရာ ကောင်းလိမ့်မယ် ထင်ပါတယ် ...
အဆင်ပြေပြေနဲ့ ထောင်ပံ့နေနိုင်ပြီ ဆိုတဲ့ စာသားကို တွေ့ရတော့ ထပ်တူ ကျေနပ်ခံစားရပါတယ် ...
အရာအားလုံး အဆင်ပြေပျော်ရွှင်ပါစေဗျာ ..
နေဒေးသစ်။
လိမ္မာလိုက်တာ၊ ချီးကျူးပါတယ်၊ အောင်မြင်ပါစေ၊
အဲဒါလာတဲ့ ရည်ရွယ်ချက်ကောင်းမွန်လို့ပဲ
နေခြည်လည်း လာတဲ့ရည်ရွယ်ချက်ကောင်းမွန်ခဲ့လို့ထင်တယ် ... အစစအရာရာ အဆင်ပြေခဲ့တယ်။ ရတဲ့အလုပ်လည်း အဆင်ပြေခဲ့တယ်။ နေခြည့်မန်နေဂျာလည်း နေခြည့်ကိုချစ်တယ်း)
ညီမလေး ကျေးဇူးပြန်ဆပ်နိုင်တယ် ဆိုတဲ့အတွက် လေးစားမိတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
အတွင်းသိတွေမို့ ကျိုးစားပြီးဆက်ရေးစေချင်ပါတယ်။ ရေးချလိုက်တော့ ခံစားရတာ စိတ်ထဲမှာပေါ့သွားတာပေါ့
ကြားရတာဝမ်းသာပါတယ်၊ အရင်က ကုသိုလ်ဖြစ်အောင် တကယ်နေခဲ့လို့လည်း အဲဒီသစ္စာက အစွမ်းထက်တာပါ။ အဲဒီလို ကျွန်တော်လည်း သစ္စာပြုခဲ့တယ်ဗျ။ မိဘဘိုးဘွား ဆွေမျိုးတွေကို အားလုံးကို ကောင်းတဲ့အကြောင်းဟာ အောင်မြင်မှုကို သူများတွေက ဒီလောက် သက်သက်သာသာနဲ့ ရသွားတာပဲ လို့ချီးကျူးရလောက်အောင် အထောက်အကူ ပေးပါတယ်။ မြန်မာက လာမယ့်သူတွေလည်း ဒီလို စိတ်ထားကောင်းတယ်ဆိုရင် အဲဒီနည်းကိုသာသုံး ကြိုက်တဲ့အချိန်လာ အဆင်ပြေတယ်လို့ အာမခံပါတယ်။ အားလုံး သဘောထားကြီးပြီး လိမ္မာတဲ့ အောင်မြင်သူတွေ ဖြစ်ကြပါစေ။ ညီမအတွက်လည်း အရမ်းဝမ်းသာပါတယ်။
Post a Comment