ဒီနေ့တော့ ရုံးရောက်တာနဲ့ ကိုယ့် လစာ ၀င်မ၀င် အရင် စစ်ဖြစ်တယ်... :) ။ လစာဝင် နေပြီ ပျော်လိုက်တာ.. လစာရလို့ ပျော်တာထက်..အမေ နဲ့ ဖုန်း ပြောရတော့မှာ မို့ ပျော်တာပါ..။ ကိုယ်က လစာ ဒီနေ့ရ ဒီနေ့ အိမ်ကို ငွေ လွှဲပါတယ်... ရက်တောင် မကူးပါဘူး... သောကြာနေ့ ၀င်လဲ လွှဲတာပါပဲ..။ နောက်ပြီး..အမေ နဲ့ ဖုန်းပြောတဲ့ ရက်ကို ဒီလို လစာ ၀င်တဲ့ နေ့ ပဲ ရက်သတ်မှတ်ထားတယ်လေ..။ ကိုယ်တို့ ရွာမှာ တယ်လီဖုန်း မရှိပါဘူး.. အဲ့ဒါကြောင့် ဖုန်းကို ပြောချင်တိုင်းပြောလို့လဲ မရပါဘူး..။ တယ်လီဖုန်းက ကိုယ်တို့မြို့ နဲ့ 2 မိုင်ကျော်ဝေးတဲ့ ရွာကြီး တစ်ရွာမှာပဲ ....တစ်လုံး ထဲရှိတာပါ...။ တစ်နယ်လုံးမှာမှ တစ်လုံးထဲ ရှိတဲ့ အဲ့ဒီ ဖုန်း ဟာ...ခေါ်ရတာလဲ အင်မတန်မှကို ခတ်ခဲပါတယ်...။ အဲ့ဒါကြောင့် ကိုယ်လဲ ဖုန်းပြောတဲ့ နေ့ကို လာစာ ထုတ်တဲ့ ... 25၊ 26 ၊ တစ်ရက်ရက် 6:30 (ရွာမှာတော့ 5 နာရီ) လို့ သတ်မှတ်ထားပါတယ် ။ လစာကလဲ ..အဲ့ဒီ နှစ်ရက်ထဲက ၀င်ချင်တဲ့ နေ့ ၀င်တာပါ...။ ဒါပေမယ့် အမေ ကတော့ 2 ရက်စလုံး လာလာ စောင့်နေတာပါပဲ..။ ကိုယ် ကလဲ လစာ ၀င်ပြီးလို့ ငွေလွှဲပြီး ပြီ ဆိုမှ ဖုန်းဆက်ချင်တာပါ... ။တစ်ခါတစ်လေ များဆို နှစ်ရက် စလုံး ဘယ်လိုမှ ဖုန်းက ခေါ်မရပါဘူး..။ ကိုယ် လေ ကိုယ့်အမေ...တမျှော်မျှော်နဲ့ ဖုန်းစောင့်နေမှာကို မြင်ယောင်ပြီး...ဘယ်လိုမှ စိတ်မကောင်း နိုင်ပါဘူး.။ အမေဟာ..ဖုန်းဆိုင်ပိတ်တဲ့ ည ကိုးနာရီ အထိ စောင့်နေမှာသေချာနေတယ်လေ..။ ကိုယ်လဲ ဇွဲရှိရှိ နဲ့ 10 နာရီ ခွှဲ ထိ ထိုင်ရာက မထ ခေါ်ပေမယ့်လဲ.ခေါ်လို့မရ ခဲ့ဘူးဆိုရင် ညတောင် ကောင်းကောင်း အိပ်မပျော်ပါဘူး...အမေ့ အတွက် စိတ်မကောင်းဖြစ်ရလို့ပါ...ဒီက ခေါ်နေ ရဲ့ သားနဲ့ ခေါ်လို့ မရဘူး ဆိုတာများ သိပါ့မလား..၊ အမေ သမီးနဲ့ ဖုန်း မပြောရလို့ အရမ်းပဲ စိတ်မကောင်းဖြစ်သွားမလား... ၊ အဲ့လို အတွေးတွေနဲ့ပေါ့...။ ဘယ်တော့များမှ .. အမေ နဲ့ တူတူ နေရမလဲ .. ။ ဒီနေ့ ဒီလို ဒီမှာ ရတဲ့ လစာ ကို မိသားစုနဲ့ တူတူ နေတဲ့ ဘ၀ မျိုးကနေ ရရင် ကိုယ့်လောက်ပျော်မယ့် လူ ရှိပါဦးမလား လို့ စဉ်းစားမိတယ်..။ ဒါပေမယ့် ... သက်ပြင်းတစ်ချက်အသာရှိုက်ရင်း...ဒီနေ့တော့ အိုတီ လဲ မလုပ်တော့ ပါဘူး...အိမ်ကို စောစော ပြန်ပြီး အမေ့ နဲ့ စကားပြောဖို့ ခေါ်ရအင်မတန် ခတ်တဲ့.. ဖုန်းကို ကြိုးစားခေါ်ရဦးမယ်..။ စိတ်မရှည်တတ်တဲ့ ကိုယ် ဟာ...အမေနဲ့ စကားပြောရဖို့ အဲ့ဒီ ဖုန်းကိုခေါ်ဖို့တော့ စိတ်ရှည်ပါတယ်လေ.....။ ဘာလို့လဲ ဆိုတော့ အမေ နဲ့ မိသားစုကြောင့်ပေါ့..။
Khung Giờ Nổ Hũ Chi Tiết Nhất Tránh Sai Lầm Thường Gặp
-
Khung giờ nổ hũ đóng vai trò cực kỳ quan trọng đối với mọi thành viên đam
mê bộ môn quay hũ trực tuyến hiện nay. Nắm bắt chính xác thời điểm quay
thưởng tr...
1 month ago


16 comments:
hey
ဒါလေးတော့ စိတ်ရှည်ရမှာပေါ့..မရယ်..မီးဆို ခုထိ အိမ်ကိုဖုန်းခေါ်ရင် ပိုက်ပိုက်တောင်းဖို့ ပဲခေါ်နေရတာ..:( မ ဖုန်းခေါ်လို့ အဆင်ပြေပါစေ..။ ;)
သမီးအလိမ္မာလေးပဲကိုး.....
ကျနော်နဲ့များကွာပ....
မေမေဂုဏ်ယူမှာပါ :)
အလုပ်တစ်ဖက်နဲ့ မိဘကို နားလည်ထောက်ပံ့နေတဲ့ သမီး တစ်ယောက် ....
အခက်အခဲ အမျိုးမျိုးကြောင့် ဆက်သွယ်ရ ခက်ခဲနေမယ် ဆိုရင်တောင် အမေဖြစ်သူ နားလည်မှာပါ ....
အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေ ..
နေဒေးသစ်။
အဲဒီလို ဖုန်းမျိုး ကြုံဖူးလို့ ကိုယ်ချင်းစာပါတယ်။
ှုIPStar ဖုန်းတွေလေ။ ရန်ကုန် နံပါတ်နဲ့။ တစ်နေကုန် ခေါ်လည်း ရချင်မှ ရတယ်။ ညနေဖက်လည်း မိုးချုပ်တဲ့ အချိန်အထိ ခေါ်ရင်လည်း ရချင်မှ ရတယ်။ ဝီရိယကောင်းကောင်းနဲ့ မြန်မာပြည်အချိန် မနက် ၆ နာရီလောက် ထခေါ်ရင်တော့ ရတတ်တာများတယ်။
၂၁ ဆိုတော့ညီမလေးပေါ့နော်
လင့်ခ်ယူသွားတယ်နော်။
ဒို့လည်းစင်ကာပူကဘဲ။
21 ဆိုတော့ညီမလေးပေါ့
လင့်ခ်ယူသွားတယ်နော်။
ဒို့လည်းစင်ကာပူကဘဲ။
အာရိုး ....
ညီမရေ မခံစာချင်ဘူး .....
မိဘအပေါ်သိတက်သူ ညီမငယ် ဘ၀တစ်လျှောက်အဆင်ပြေမှာပါနော်....
တယ်လီဖုန်းလေး အဆင်ပြေပြေပြောနိုင်ပါစေဗျာ
အစ်ကို့မိဘတွေလည်း ဒီလိုပဲ ဖုန်းက ဒါရိုက်မရဘူး ၊ Repeter ခံထားရတယ် လေ ၊၊ ဖုန်းကိုညတိုင်း မပိတ်ဘဲ စောင့်နေတက်တယ်လို့ အစ်မတွေက ပြောရင် အရမ်းကို ၀မ်းနည်းမိတယ် ၊၊ ညတိုင်းတော့လည်း မခေါ်နိုင်ဘူး ၊၊ သူတို့ကလည်း မခေါ်နဲ့ ပိုက်ပိုက်ကုန်တယ်ပြောပေမယ့် ဘယ်တော့မှ စကား မပြတ်ဘူး ၊ ၂ ကဒ်ကုန်တာနော် ပြောရင်တန်းလန်း ဖြတ်ရတယ် ၊၊ အဖေပြောတယ် ၊ အမေပြောတယ် ၊ အဲအမေက နားထောင်တာ မေးတာ ၊ နောက် အစ်မတွေ ပြောတယ် ၊ ဒီလိုပါပဲ ညီမရယ် ... ဒုက္ခတွေ တစ်နေ့တော့ ငြိမ်းမှာပါ နော........ စိတ်မညစ်နဲ့ နော် ......
ကိုယ်ချင်းစာပါတယ်။ဖုန်းဆက်ရတာလည်း တော်တော်စိတ်ရှည်ရှည်ထားရတယ်နော်။
အားတင်းထား
မုန်းတိုင်းရဲ့ နောက်မှာ လေပြေညှင်းဆိုတာ အမြဲရှိပါတယ်။ အကိုတို့ရွာမှာ ဖုန်းတော့ရှိတယ်။ ဒါပေမယ့် လိုင်းကမကောင်းဘူးရယ်။ မိုးတွင်းဆို ပျက်ပါနေတာ။ ဖုန်းတစ်နာရီထိုင်ခေခေါ်လို့ ငါးကျပ်သာရရင် ခုချိန်ဆို ဘောစိတောင်ဖြစ်နေပြီ။
တကယ် ကိုယ်ချင်းစာပါတယ်
သူများ တိုင်းပြည်တွေ ဆို တဆယ် ဆို အကြာ ကြီး ပြော ရတယ်..
မနာလို ဘူး.. ခေါ်ရတာ လဲ ချက်ချင်းခေါ် ချက်ချင်းရပဲ
ဒီနေ့ ဒီလို ဒီမှာ ရတဲ့ လစာ ကို မိသားစုနဲ့ တူတူ နေတဲ့ ဘ၀ မျိုးကနေ ရရင် ကိုယ့်လောက်ပျော်မယ့် လူ ရှိပါဦးမလား
အတူတူပဲ မေဇင်ရေ
ညီမလေးရေ။ သာဓု ခေါ်ပါတယ်။
ထပ်တူထပ်မျှပါပဲ။ ဝမ်းသာမိပါတယ်။
သမီးအလိမ္မာလေးမို့ ဘာလုပ်လုပ် အဆင်ပြေမှာပါ။
နောက်ကိုဆို ဖုန်းဆက်တိုင်း အဆင်ပြေမှာပါ။
လိမ္မာတဲ့သမီးလေး မိဘအပေါ်နားလည်သိတတ်တဲ့
ညီမလေး ချစ်တဲ့မိသားစုလေးနဲ့အတူ နေနိုင်တဲ့ဘ၀လေးကို အမြန်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ပျော်ရွှင်ပါစေ ညီမရေး)
သမီးလိမ္မာလေး ကျန်းမာပါစေ ချမ်းသာပါစေ။
Post a Comment