Friday, June 26, 2009

တို့- ရွာလေး - အေးချမ်းပါစေ။


မနေ့ ကလဲ ဖုန်း က ကြိုးစားခေါ်ပေမယ့် မရလို့ ...ဒီနေ့ ခေါ်တော့ ... တူ တူ အသံလေး နဲ့ ၀င်သွားပါတယ်...။

ဖုန်း ကိုင်တဲ့ ဦးလေးကြီးကို ကိုယ်ကလဲ အမေ နဲ့ ပြောမယ်နော် ဦးလေး ဆိုပြီး အပိုင်ပဲ ပြောလိုက်ပါတယ်...

ဟုတ်တယ်လေ..မနေ့က လဲ ကိုယ့်ဖုန်း မရတော့ ဒီနေ့ တော့ အမေ စောစော စီးစီး လာစောင့်နေမှာ သေချာ နေတာပဲ...။ ဒါပေမယ့် ဦးလေးကြီး ပြန်ပြောတာက..

"ကောင်မလေး...နင်တို့ အမေ လာလို့ မရဘူး..နင်တို့ အမေ မှ မဟုတ်ဘူး..နင် တို့ဘတ် ရွာက လူတွေ ဘယ်သူမှ ရွာပြင် ထွက်လို့ မရဘူး..နင် ဆက်တာ ငါပြောပြလိုက်မယ်" တဲ့..

ကိုယ်လဲ ကြောင်သွားတယ်....ဒီမှာ ခက်ခက် ခဲခဲ ခေါ်ထားရတာကိုး...တစ်လ မှ တစ်ခါ လေးဖုန်းပြောရတာ..အဲ့ဒါကို လာလို့ မရဘူးဆိုတော့ လန့်လဲ လန့်သွား တယ်...ဘာများဖြစ်လဲပေါ့..၊

" အာ..ဦးလေး ကလဲ ဘာဖြစ်လို့ လဲ ..အမေတို့ နေမကောင်းဘူးလား" ဆိုတော့

" နင်တို့ ရွာမှာ တိုက်ပွဲဖြစ်နေတယ်တဲ့...ဘယ်သူမှ ရွာထဲ ၀င်လို့ မရသလို... ရွာထဲကလဲ အပြင် ဘယ်သူမှ ထွက်လို့ မရဘူး"

ပြီးတော့..

" တော်ပြီ တော်ပြီ... ဒီအကြောင်းက ပြောလို့ သိပ်မကောင်းဘူး..ဒါပဲ"

ဆိုပြီး ဖုန်းချသွားပါတယ်...။ ကိုယ့်မှာ ... ဘယ်တော့ မှ ပြန်ခေါ်လို့ ရမှာလဲ ၊ သူတို့ ဘယ်တော့ ရွာပြင် ထွက်ရမှာလဲ၊ တိုက်ပွဲ ကရွာခံ လူတွေကို ထိမိ ခိုက်မိ ရှိလား...... ဘာဆို ဘာမှ မမေးလိုက်ရဘူး ၊ ဒါပေမယ့် မေးလဲ သူက ဖြေနိုင်မယ့် မေးခွန်း တွေ မဟုတ်ပါဘူးလေ...။

ကိုယ့်ရွာလေးနာမည်က ..စီပင်သာ ရွာတဲ့..။ခုချိန်ထိလဲ မ စီပင်နိုင် မ သာရာနိုင်သေးပါဘူး...။ ကိုယ် ..ရွာမှာနေတုန်းက ..ကိုယ့် အတွက် တိုက်ပွဲ ဆိုတာ မထူးဆန်းပါဘူး.. ညကြီး သန်းခေါင်တိုက်ပွဲ ဖြစ်လို့ အမြဲ အိပ်ရေးပျက်ခဲ့ရတယ် ။ နောက်ဖေးက ဗုံးခိုကျင်းထဲမှာ သေနပ်သံ တွေ ကြားက အိပ်ငိုက်ခဲ့ရတယ်...နောက်နေ့ မနက်မိုးလင်းရင် အိမ်တိုင်တွေမှာ သေနပ်ကျည်ဆံမှန်ထားတဲ့ အရာလေးတွေကို လိုက်ရေ ခဲ့ဖူးတယ်..ကျည်ဆံဖူးအခွံလေးတွေကို လိုက်ကောက်ခဲ့ဖူးတယ်..။ ဒါပေမယ့်.. ခု လို အဝေးရောက်ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်ကြားရတာပဲ၊ ကိုယ့် မိသားစုအတွက် တကယ်စိုးရိမ် နေပါတယ်... ။ ကိုယ် ဘာလုပ်ပေးတတ်လဲ...ဘာလုပ်ရမလဲ ကွယ်..။ နေ့တိုင်းဖုန်းဆက်ပြီး တိုက်ပွဲ အခြေအနေ မေးရုံပဲ ရှိတော့တာပဲ၊ အမေ နဲ့ မပြောရလဲ ...ရွာအခြေအနေလေး သိရ ရင်တော်ပါပြီ...။ ဒီလိုပါပဲ..တိုက်ပွဲဖြစ်ပြီး 1ပတ် 10ရက်လောက်ကတော့ ရွာထဲက ရွာပြင် ထွက်လို့ ရဦးမှာ မဟုတ်ပါဘူး..။ ကိုယ့် မိသားစု နဲ့ ရွာလေး..ဘေးအန္တာရာယ် ကင်းရှင်း ဘို့.. အထိအခိုက်မရှိဘို့ ဆုတောင်းရုံ မှ တပါး..ကိုယ်ဘာများ တတ်နိုင်ဦးမှာလဲ...။

24 comments:

သားကြီး said...

ဒီပိုစ်လေးကိုဖတ်ပြီးကိုငယ်ငယ်ကအဖြစ်တွေကိုပြန်သတိရတယ်
ညီမလေးမိသားစုနဲ့အတူ ရွာငယ်လေး အေးချမ်းပါစေ
လောလောဆယ်တော့ ကိုဒါပဲဆုတောင်းပေးနိုင်တယ်။

Anonymous said...

ကိုသားကြီးပြောသလို နောင့်တို့မိသားစုနဲ့အတူရွာငယ်လေးအေးချမ်းပါစေ

ငချမ်းကောင် said...

ဖတ်ရတာ စိတ်မကောင်းပါဘူး။ အကိုလည်းနားကလည်ဘူး။ စစ်ဆိုတာမရှိရင် လူတွေမရှင်သန်နိုင်တော့ဘူးလား။ စစ်ဆိုတာ ကမ္ဘာမှာရှိနေဖို့လိုအပ်နေလား။ ဘာလို့စစ်ပွဲဆိုတာကြီးကို အသက်သွင်းနေကြတာလဲ။ ဘာအတွက်လဲ။ ထားလိုက်ပါတော့။ နားလည်အောင်ကြိုးစားရင်း စစ်ဆိုတာနဲ့ အကျွမ်းတဝင်ရှိသွားမှာ စိုးရတယ်။ ညီမရွာကလေးနဲ့ ရွာသားအားလုံး ဘေးကင်းပျော်ရွှင်နိုင်ပါစေ။ ဆုတောင်းပေးရုံပဲ တတ်နို်င်တဲ့အတွက်စိတ်မကောင်းပါဘူး။ အမုန်းမဲ့ ရပ်ဝန်းဆိုတာ ဘယ်တော့မှ ပေါ်ထွန်းမှာလဲ။

Anonymous said...

အေးချမ်းသာယာမှု ...
စည်ပင်သာယာ ဝပြောမှု ...
ငြိမ်းချမ်းတိုးတက်မှုများ ...
ရောက်ရှိ ပြည့်တင်းနိုင်ပါစေ ....

ပူဆွေးဝမ်းနည်းမှု ...
လွမ်းဆွတ်ကြေကွဲမှု ...
ပျက်စီး ဆုံးရှုံးမှုများလည်း
လျော့ပါး ကင်းပျောက်နိုင်ပါစေ ....
နေဒေးသစ်။

သက်ဝေ said...

ညီမလေးရေ...
လာလည်တယ်...
C Box မရှိလို့ ဒီမှာ နှုတ်ဆက်သွားတယ်နော်...
ညီမလေးတို့ မိသားစု နဲ့ ရွာလေး..ဘေးအန္တာရာယ် ကင်းရှင်းစေဖို့ နဲ့ ဘာမှ အထိအခိုက်မရှိစေဖို့ ဆုတောင်းပေးနေပါတယ်။

သားကြီး said...

c-boxလေး ထားထားပေးပါလားညီမရဲ့
လာလာပြီးတော့အော်လို့ရအော် :P:P:P

သီဟသစ် said...

ညီမလေး မေဇင်ရေ

စာတွေ အကုန်လုံးကို ဖတ်သွားပါတယ်။
မိသားစုတွေအားလုံး အေးအေးချမ်းချမ်းရှိကြပါစေ။
ညီမငယ်လေးလည်းရွှင်လန်းချမ်းမြေ့ပါစေကွယ်.

ခင်မင်စွာဖြင့်
သီဟသစ်

Mae said...

မေဇင်လေးတို့ရွာလေး မြန်မြန်အေးချမ်းပါစေ၊ မိသားစု သူငယ်ချင်းတွေနဲ့ ရွာသူရွာသားအားလုံး ဘေးမသီရန်မခပါစေနဲ့၊ အိမ်နဲ့ အဆက်အသွယ် အမြန်ဆုံးရပါစေ

မင်းအိမ်ဖြူ Minn Eain Phyu said...

ညီမရေ အမြန်ဆုံး အဆက်အသွယ်ရပါစေနော်

ဆုတောင်းပေးပါတယ်

နွယ်ရိုး said...

ကျွန်တော်လည်း ရွာသားပါပဲ၊ ခုတော့ အဆက်ပြတ်နေတာ ကြာပေါ့၊ ကိုယ်ချင်းစာအိ။

ဗီလိန် said...

သိပ်မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ။

မေ့သမီး said...

နောင်ရေ
စီပင်သာဆိုတဲ့ရွာလေး စည်ပင်သာပြီးအေးချမ်းပါစေ။ နောင့်မိသားစုလည်း ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်။ (ဆေးရုံကနေ :P )

သားကြီး said...

ပြီးမှaddလိုက်မယ်ညီမရေ
ခုg-talkမဝင်အားသေးလို့ နောက်ကျရင်ပြောပြမယ်နော်
ဘလော့လေးလှအောင်လုပ်ဖို့လေ
ပျော်ရွှင်ပါစေ...။

သက်ဝေ said...

Hi Nyi Ma...
For adding C Box...
Go there...
http://cbox.ws/index.php
Sign up & get account by using your g mail account..
Then you will get HTML Code.

After that you go to ur Blog Dashboard. You continue going into Layout / Page Element / add Gadget. And select HTML/JavaScript and you copy those HTML Code & paste there.
So you will get C Box on your Side Bar.

Anything you are not very sure, e mail to me.
Good Luck & Have Fun.

ဝက်ဝံလေး said...

မမရေ လာဖတ်သွားပါတယ်နော် သိလား ဆုတောင်းပေးရုံကလွဲလို့ ညီမလဲ ဘာမှမလုပ်တတ်ပါဘူး မမရယ်
ကိုသားကြီးပြောတာ ထောက်ခံပါတယ် စီဘောက်လေး ထားထားပေးပါလား အော်ချင်တာ အော်ရအောင်လို့လေ

အော်ဒါနဲ့မမရေ မနိုင်းဆီမှာ ၉.၃၀ (မြန်မာနိုင်ငံ အချိန်) ဆိုရင် လူစုံပါပြီ မမရေ လာခဲ့လေ ဒီနေ့ ညီမ ပါရှိမယ် အဟဲ ကဲရတာပေါ့လေ အဟားးးးး

ဘိုင် တာ့တာ

Anonymous said...

ညီမလေးနောင်ရေ...

ညီမလေးတို့ရွာလေး အေးချမ်းသာယာနိုင်ပါစေ..
ညီမလေးအစ်ကိုလည်း အမြန်ဆုံးကျန်းမာပျော်ရွှင်နိုင်ပါစေ.
အလှူငွေထည့်ဝင်တဲ့အတွက် ကျေးဇူးတင်ဝမ်းသာမိပါတယ် ညီမလေးရေ.
အစစအရာရာ အဆင်ပြေပါစေနော်.
စီဘောက်စ်ကလေးထည့်နေတယ်ဆိုလို့ နောက်ဆို လာနှုတ်ဆက်ပါမယ်.

မမ၀ါ

သက်ဝေ said...

Hi Dear...
If you finished signing up, you go to product, you can see
price: free
features: standard features
ad-free: no

After that, you click Sign Up Now & you will see the page http://www.cbox.ws/getone.php ... Fill up your particulars &
then below, you will see the Create my CBox.
After that you will het HTML Codes...

Try if you have free times...
Good Day...!!!

မေဇင် said...

နောင့် တို့ရွာလေး အတွက် ဆုတောင်း ပေးကြတဲ့ အတွက် ..အရမ်းဝမ်းသာ ပါတယ်....အမုန်းမဲ့ရပ်ဝန်း ဆိုတာ ဒီကမ္ဘာကြီးတစ်ခုလုံး ပေါ်မှာတော့ ဖြစ်လာဦးမယ် မထင်ပါဘူး...ဒါပေမယ့် ကိုယ့် ပတ်ဝန်ဝန်းကျင်.နဲ့ ကိုယ်နဲ့ သတ်ဆိုင်တဲ့ သူတွေအပေါ်မှာ တော့ စိတ်ထားတတ်ရင်..ဖြစ်မယ်ထင်ပါတယ်..။ မမသက်ဝေ..ခုထိ မရသေးဘူး...မမ ပြောပြပေးနေရဲ့သားနဲ့ မရတာ.. အားနာပါတယ်...။ ။ HTML/Java Script ပေါ်မှာ Edit လုပ်တော့ Title box ရယ် cntect box ရယ် ကြလာပါတယ်..။ HTML code ကို ဘယ် box ထဲမှာ paste လုပ်ရမလဲ မသိလို့ နှစ်ခု စလုံးမှာ လုပ်ကြည့်တော့ လဲ မရသေးပါ...။ မမကို ကျေးဇူးတင် အားနာပါတယ် ရှင်...ကြိုးစားပြီး ထပ်လုပ်ကြည့်ပါဦးမယ်..။

မယ့်ကိုး said...

ညီမလေးရေ...ဖတ်ရတာ စိတ်မကောင်းလိုက်တာ။ အစ်မက အရင်ပိုစ်တုန်းက 1818 card နှိပ်စက်တာပဲ မှတ်နေတာ။
ညီမလေးနဲ့  အတူတူဆုတောင်းပေနေပါတယ်။

ချစ်တဲ့

မယ်ကိုး

သူကြီးမင်း (တုံးဖလား) said...

အေးချမ်းမှုတွေနှင့်အတူ မိသားစုဘ၀လေး တူတူဆုံဆည်းနိုင်ပါစေ။

ကြယ်သောကြာ said...

မေဇင်
အားလာပေးပါတယ်ကွာ ဒါလေးဘဲ ပြောပါရစေ နောက်လည်းလာပါမယ်

သူကြီးမင်း (တုံးဖလား) said...

၁ ၃ ၄ ရှာမတွေ့ဘူးဆိုလို့ လာအကြောင်းကြားတာပါ။ အခု အဆင်သင့်ဖြစ်နေပါပြီ။ အားရင် ထပ်လာခဲ့ဦးပေါ့။
ညီမဆီမှာ စီဘောက်မရှိတော့ ဒီကဘဲ ကြော်ငြာသွားပါတယ်။

ညီမနှင့်ညီမ မိသားစု၊ ညီမရပ်ရွာလေးနှင့်တကွ မြန်မာ တစ်နိုင်ငံလုံး ငြိမ်းအေးကြစေရန် ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်။

နွေးနေခြည် said...

မေဇင်တို့ ရွာလေး အမြန်ဆုံးအေးချမ်းပါစေ...
မေဇင့်မေမေနဲ့လည်း အဆက်အသွယ် အမြန်ရပါစေ...
ဆုတောင်း မေတ္တာပို့ပေးနေပါ့မယ်နော်...

Libratun said...

phat thwar par tal... your place must be definitely nice to stay.. I like the photo. arr lone aye chan kya par say...

with the best wishes,