အသံနဲ့ အတူ...ခြေသလုံး တဘတ်ကလဲ စပ်ဖြင်းဖြင်း ဖြစ်သွားသောကြောင့် နှစ်နှစ်ကာကာ အိပ်ပျော်နေရင်း လန့်နိုးသွားပါတယ်...။ အလန့်တကြားနဲ့ မျက်လုံးကို ဇတ်ကနဲ ဖွင့်ကြည့်လိုက်တော့....အခန်းဖော်မမက
"ထတော့"
တစ်ခွန်းပဲပြောပြီး အခန်းပြင်ထွက်သွားပါတယ်..။ အား...စိတ်တိုလိုက်တာ ပြောမနေပါနဲ့တော့..
"ဒီနေ့ ..တနင်္ဂနွေ နေ့လေ ...ဘာလို့လာပြီးနှိုးနေတာလဲ .....စိတ်ပုတ် မမ"
ပြောပြီး တဘတ်ကိုလှည့်ပြီး ပြန်အိပ်နေလိုက်ပါတယ်..။ အိပ်ပျော်မယ် ကြံတုန်း ...
"ဖြန်း"
နောက်တစ်ချက်...ဒီတစ်ခါ တော့ သည်းမခံနိုင်တော့ဘူး....ထပြီး အော်မယ် စဉ်စားတုန်း ရှိသေးတယ်...
" ဟဲ့ နောင့်နောင့် ..ကားလာရင် ငါနင့်ကို မစောင့်ဘူး နော်... အပြင်မှာ နင့်ပစ္စည်းတွေသိမ်းဖို့ အများကြီး ကျန်နေသေးတယ်..."
သူကအရင် ဦးအောင် အော်ပြီး...အသံနဲ့ အတူ လူလဲ ပြန်ပျောက်သွားပြန်တယ်...။
အဲ့ဒီတော့ မှ ကိုယ်လဲ လူးလဲ ထထိုင်ပြီး စိတ်ပျက်လက်ပျက် ပြန်လှဲချလိုက်မိတယ်...။
ဟုတ်တယ် ...ဒီနေ့ အိမ်ပြောင်းရမှာပဲ။ စိတ်ညစ်လိုက်တာ...ပစ္စည်းတွေကလဲ အများကြီးပဲ ကျန်သေးတယ် သိမ်းရမှာ..။သယ်ရမှာလဲ အများကြီးပဲ..။ ၀ယ်တုန်းက မသိသာပေမယ့်..ခုလို အိမ်ပြောင်းခါနီး သိမ်းမှပဲ ထွက်လာတော့တယ်...ဟိုကတစ်ခု ဒီကတစ်ခု ဘာတွေမှန်းကို မသိဘူး....။
အင်း..ထမှပါပဲ...ပျင်းနေလို့ မရဘူး...။
မျက်နှာသစ်ပြီးတာနဲ့ ဗိုက်က ဆာလာရော...ထမင်းအိုးက မနေ့ထဲက သိမ်းထားလိုက်ပြီ...ဒုက္ခပါပဲ..။ အဲ့ဒါနဲ့ ကိုယ်လဲ..မုန့်ဟင်းခါး ဖတ်ခြောက်တွေ အပြင်မှာ..ရှိနေတာနဲ့ ပြုတ်ပြီး သုတ်စားလိုက်တယ်...။
ပြီးတော့ အခန်းထဲဝင် ပစ္စည်းတွေကို ကြည့်ပြီး..ငိုချင်စိတ်ပေါက်သွားတယ်..။ သိမ်းပြီးသားအိတ်က (၃) လုံး ၊
သိမ်းလက်စ တို့လို့တန်းလန်း အိတ်က (၂) လုံး ၊...ဟိုတလောကမှ NTUC မှာ တန်လို့ ဆိုပြီး ၀ယ်ထားတဲ့ ဗီဒို လိုလို သစ်သားကြောင်အိမ်လိုလို ကလဲ ရှိသေးတယ်...နောက်ပြီး..စာရေးစားပွဲခုံ...။ တစ်ယောက်ထဲ နဲ့ ဒါတွေ ဘယ်လို သယ်ရမလဲ ...ခေါင်းတော်တော်ရှုပ်သွားတယ်...အခန်းဖော် အစ်မ နဲ့ တူတူပဲ...တစ်အိမ်ထဲ ကိုပြောင်းမှာ..။ သူကလဲ သူ့ပစ္စည်းတွေ နဲ့ သူ ရှုပ်နေတာပဲ...။ ဒါပေမယ့် သူ့အစ်ကိုက သူ့ကို လာပြောင်းကူမှာ..။ ကိုယ့် အစ်ကို ကတော့ အားကိုးရတယ်...အိုတီ ရှိလို့ပါတဲ့...ဟင်းးးးးးးးး တတ်နိုင်ဘူးလေ...ဒီလိုပဲပေါ့...ကိုယ့်အားကိုယ်ကိုး...ပုစိန်ရိုး (အဲ့ဟုတ်ပါဘူး..)..ပုစိန်ရိုးက သတ်သတ်ပါ.. ရောကုန်ပြီ..ဟီး...း) ။ ဒါနဲ့ အပြင်မှာရှိတဲ့ ပစ္စည်းတွေ အကုန်စုပြုံ ကောက်သိမ်းပြီး ခနနား..ကွန်ပျုတာလေး ဖွင့်မယ်ကြံတုန်း ....
" နောင့်နောင့် ရေချိုး တော်ကြာ..ကား လာတော့မယ်...နင် ချိုးပြီး ငါချိုးမယ်" တဲ့....
အသံပဲ ကြားရတယ် လူမမြင်ရပါဘူး။ အခန်းဖော် မမ အပျိုကြီးပေါ့...သူလဲ မနားဘူး ဘာတွေ လိုက်သိမ်းနေတယ် မသိဘူး..။ အပျိုကြီး တွေများ တော်တော် ခတ်တာပဲ..။ ဒါနဲ့ ရေချိုးပြီးတော့ မကြာပါဘူး.. ငှားထားတဲ့ ကားက ရောက်လာပါ တယ်..။ အဲ့ဒီတော့မှ ..ဟဲဟဲ ရှဲ့ရှဲ့ မမအပျိုကြီးပေါ့...သူလော လို့ မှီတာ ..မဟုတ်ရင်... ကွန်ပျုတာ ကိုင်မိလို့ကတော့ မှီတော့မှာ ဟုတ်ဘူး...။ ပစ္စည်းတွေ သယ်ရတော့မယ်..ဒုက္ခော တွေတော့ စပြီပေါ့... ဘယ်လို သယ်နိုင်မလဲ တစ်ယောက်ထဲနဲ့ဒါတွေကို တစ်ချို့အိတ်တွေဆို လေးလွန်းလို့ တစ်ယောက်ထဲ ဘယ်လို မှ မ,မနိုင်ပါဘူး.. ။ အဲ့ဒီ အချိန်မှာပဲ... မြန်မာပြည်မှာတုန်းက အလုပ်တူတူ လုပ်ခဲ့တဲ့(အဲ့တုန်းက သူကမန်နေဂျာ) အပျိုကြီးပဲ ရောက်လာပါတယ်..ပစ္စည်းကူသယ်ပေးမလို့တဲ့..။ ၀မ်းသာလိုက်တာမှ လေ ပြောမနေနဲ့တော့..။ သူတို့ ကူလိုက်လို့ ဒီဘတ်အိမ်ပေါ်ကနေ ကားပေါ်ကို တော့ ပစ္စည်းတွေ လွယ်လွယ် ကူကူ ရောက်သွားပါပြီ...။ ဒါပေမယ့် အဲ့ဒီလာကူပေးတဲ့ အစ်မက ဟိုဘတ်အိမ်ကို မလိုက်ဘူး..ဒီကပဲ ကူပြီး ပြန်မှာ..။ ဟိုဘတ်အိမ် ရောက်ရင်လဲ နောင်ခါလာ နောင်ခါဈေး ပေါ့း) ။ အဲ့လိုစဉ်းစားပြီး ကားပေါ်ကုန်းပြီ တတ်နေတုန်း ရှိသေးတယ်....ကျောပေါ်ကို ဘုတ်ခနဲ ကျလာတဲ့ ပစ္စည်းကြောင့် လန့်ပြီး ကားပေါ်က ပြုတ်မကျတာကံကောင်း...
" နင့်ဘောလုံး "...." ပစ္စည်းတွေ စုံအောင် စစ်ပါဆိုတာကို မစစ်ဘူး...မပြောချင်ဘူး "
ဆိုပြီး..ပြတင်းပေါက်က မျက်နှာက ဖြတ်ခနဲ ပျောက်သွားပြီး...ဓာတ်လှေကား ပွင့်သံ တီ တီ နဲ့ ကြားရပါတယ်..ဘယ်သူဖြစ်မလဲ....။ မမအပျိုကြီးပေါ့...သူလဲ အိမ်ပေါ်ကနေ ဆင်းလာမှာပဲဟာ...မယူခဲ့ပဲနဲ့ ကျောပေါ်ကို ပစ်ချတယ်..တော်သေးတာပေါ့..ဘောလုံး မလို့..ဟဲဟဲ..အဲ့ဒီ ဘောလုံးကလဲ ကိုယ့်အတွက် အသုံးလိုပါတယ်...တစ်ပါတ်တစ်ခါ ရေသွားကူးရင် ယူသွားနေကျလေ..။ ရေတော့ မကူးတတ်ပေမယ့်..ရေသွားသွားဆော့တာ..ရွာကချောင်းထဲမှာ ရေကစားနေကျဆိုတော့....ဒီရောက်တော့ ရေကူးကန်မှာ သွားသွားပြီး အလွမ်းပြေဆော့ပါတယ်... ရွာချောင်းမှာတော့ အလကားဆော့ရတာပေါ့ လေ...ဒီမှာတော့ တစ်ခါဝင် (၂) ကျပ်ဆိုတော့....ဟဲဟဲ...တစ်ပါတ်မှ တစ်ခါပဲ သွားတာပါ..။
ဒီလိုနဲ့ ဟိုဘတ်အိမ်ကို သွားနေတဲ့ လမ်းမှာပဲရှိသေးတယ်.. သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်
"ဟဲ့ နောင့် နင်ဘယ်မှာလဲ " တဲ့
"ငါ အိမ်ပြောင်းနေတယ်... ငါ့ကို လာကူဦးလေ"
ဆိုတော့ ခဏအသံတိတ်သွားပါတယ်... ပြီးတော့မှ လာခဲ့မယ်လေတဲ့..။ ဟား..အပိုင်ပဲပေါ့ ပျော်သွားပြီ ...ကိုယ်လဲ လိပ်စာပေးပြီးတော့...အဲ့ဒီမှာ စောင့်နေဖို့ ပြောလိုက်တယ်...ငှဲငှဲ ..ဟိုဘတ်အိမ်မှာကူသယ်ပေးဖို့ လူလဲ ပူရတော့ဘူး..။ ပြောင်းရတဲ့ အိမ်ရောက်တော့ သူငယ်ချင်းကလဲ ရောက်နေပြီ...ပစ္စည်းတွေ ကူသယ်ပေးပြီး အားလုံး အပေါ်ကို အပြီးအစီး ရောက်တော့မှ..သူငယ်ချင်း ကို..
" ဟဲ့ နင် ငါ့ကို ဖုန်းခေါ် တာဘာလုပ်မလို့လဲ" ဆိုတော့..
" ငါ့ မွေးနေ့ ဟဲ့.... သူငယ်ချင်းတွေကို တစ်ခုခု ကျွေးမလို့ နင့်ကို အရင်ဆက်တာ ..ခုတော့ နင်ကျွေးတဲ့ မုန့်ဟင်းခါး စားပြီးပြီ ပြန်တော့မယ် " တဲ့...။
ကိုယ် တစ်ကယ် အားနာသွားပါတယ်...အဲ့ဒါနဲ့ ကိုယ်လဲ ပြောမိပြောရာ..
" ဟဲ့...နင်ကျွေးမယ်ဆိုလဲ ကျွေးသွားလေ" လို့ပြောလိုက်မိပါတယ်...သူက. " တော်ပြီ နောက်မှ ပဲ.." ဆိုပြီးပြန်သွားပါတယ်...။
ကိုယ်လဲ ပြောပြီးမှ တော်တော် နောင်တ ရသွားတယ်.... သူခမျာ ကူလဲ ကူညီရသေးတယ်..မုန့်လဲ ကျွေးရဦး မယ်ဆိုတော့ ... ကိုယ်တော်တော် မတရားတာပဲ..။ အဲ့လိုပါပဲ...ကိုယ်က အပြောမတတ် ...အဆိုမတတ်...ဟင်းးးးးးးးးးးး..ပစ္စည်းတွေလဲတစ်ခုမှ မစီရသေးဘူး...သူငယ်ချင်းကို အားနာတာနဲ့ပဲ.....အဲ့ဒါတွေ လဲ မလုပ်ချင်သေးဘူး (ဘာမှမဆိုင်)း)......။ ဒါနဲ့ပဲ...အရင်ဆုံး အိပ်ရာ ခင်းတွေ၊ ခေါင်းအုံး တွေ အစွတ်စွတ် ပြီးတော့ ရေအမြန်သွားချိုး..ကွန်ပျုတာလေး ဖွင့်ပြီးတော့ ပဲ အရင်အနားယူလိုက်ပါတယ်လေ...။ မနက်ဖြန်လဲ ခွင့်ယူထားတော့ ပစ္စည်းတွေ ကဘယ်အချိန် ရှင်းရှင်းပေါ့နော်..အရေးကြီးတာက ကိုယ်ပင်ပန်းခဲ့တာလေးတွေ ကို အစ်ကို၊ အစ်မ ၊ သူငယ်ချင်း တွေရဲ့ အိမ်တွေ လိုက်လည်ပြီး..အရင်ဖြေဖျောက်ရဦးမယ်လေ....။
27 comments:
ဒီနေ့ ပြောင်းတာလား? ကြိုပြောရင် မမ ငယ်သူငယ်ချင်းတွေ ကူခိုင်းပါတယ်၊ ဟဟ... ကူချင်လွန်းလို့ ဖြစ်နေမှာ
အခန်းဖော်ကို “အပျိုကြီး အပျိုကြီး“ လို့ ခေါ်တာ ကိုယ့်ကို စောင်းပြောနေသလိုပါပဲ၊ ဒုက္ခ
ပျော်ရွှင် ချမ်းမြေ့ဖွယ်ရာ အိမ်လေးမှာ ..
ချမ်းမြေ့ပျော်ရွှင်စွာနဲ့ ဘလော့ဂင်းနိုင်ပါစေ ... :D
နေဒေးသစ်။
အခုမှစခင်လို့ နောက်တခါပြောင်းမှပဲ ကူသယ်ပေးတော့မယ်..ဟဲဟဲ
...ခင်မင်သောအားဖြင့်...
(စီဘောက်မတွေ့ဘူးဗျ)
နောက်တခါပြောင်းရင် ပြောလေ။ ဒီဘတ်အိမ်မှာကော ဟိုဘတ်အိမ်မှာရော ထမ်းပေးပါ့မယ်။ ဟဲဟဲ အမျိုးသားပညာဝန် ဦးဖိုးကြားတောင် အခမဲ့ ကူလီးထမ်းသေးတာပဲ။
ဒါဆို တအိမ်လုံး ရှုပ်ပွနေမှာပေါ့...
းဝ)
ညီမလေးရေ...အစ်မလည်း ဒီနေ့  အိမ်ပြောင်းတယ်။ လာသယ်ပေးတဲ့ သူတွေ အများကြီး။ အစ်မကို သိပ်ချစ်ခင်လို့ တော့ မဟုတ်။ လာမသယ်ပေးရင် ဇာတ်လမ်းထဲထည့်ပြီး ဗီလိန်လုပ်ပစ်လိုက်မယ် ဆိုလို့  :P
အိမ်ပြောင်း ရတာ တော်တော့ ကို အလုပ်ရှူပ်တာ ပဲ..
မီးချစ် လဲ ခုထိ တချို့ အိတ်တွေ မဖွင့် ရသေးဘူး ..ဟီး
အိမ်ပြောင်းရတာလဲ မလွယ်ပါလားနော်။
အိမ်သစ်မှာ အဆင်ပြေပါစေ ညီမ။
ပြောပြောကစောရောပေါ့ဗျာ
ကျနော်လာပါတယ် :)
ဘယ်လိုလဲ အိမ်အသစ်အခြေအနေ?
အစ်မကြီးနှစ်ယောက်ကို အပျိုကြီးမမတွေလို့ ပြောထားတော့ မေဇင်က အပျိုလေးပါလို့ မသိမသာလေး ကြော်ငြာဝင်သွားသလိုပဲနော်။ ကူသယ်မယ့်သူလဲ မရှိဘူးဆိုတော့လေ ......
ကဲ
ရည်းစားမရှိသေးတဲ့ ကိုကို မောင်မောင်တွေ တန်းစီကြမယ်။
Eeeee ဒီတစ်ခါ အပျိုကြီး လို့ ထည့်ထည့် မပြောတော့ပါဘူး...ကြော်ငြာဝင် တာလဲ ဟုတ်ပါဘူး...အကျင့်ပါနေလို့ ပြောမိတာပါ..။ မမမယ်ကိုးလို နောက်တစ်ခါ အိမ်ပြောင်းမှပဲ ကြော်ငြာဝင်ပြီး ပြောင်းပါတော့မယ်....။
ကူသယ်ပေးမယ်လို့ ပြောတဲ့သူတွေ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်....။
ဦးလူးထွေးကြီး..ပစ္စည်းတွေ အားလုံး ရှင်းပြီးပါပြီ ရှုပ်ပွ မနေတော့ ပါဘူး..။
ခု အိမ်သစ်လေးမှာ ... အားလုံးအဆင်ပြေပါတယ်ရှင်...။ အဆင်မပြေလို့ အိမ်ထပ်ပြောင်းရင် ကူသယ်ပါ့မယ်ဆိုတဲ့ လူတွေကို အရင်ဆုံး သတင်းပေးမှာနော်....အဲ့တော့ မှ မပြေးနဲ့....ဟိဟိ..စတာ..။
ကရိန်းကား ငှားလိုက်ပြီးရော။ ဒီဘက်အိမ်ပေါ်ကနေ မ ပြီးတော့ချ။ ဟိုဘက်အိမ်ပေါ်ကို မ ပြီးတင်။ အဲဒါဆို ဘယ်လောက်သက်သာလဲ။ :P
ဒါဆို အိမ်တက်ဘယ်တော့ ဖိတ်မှာလဲ...
းဝ)
အပျိုမလေး မေဇင်ရေ
နောက်ထပ် post အသစ်တွေ ဖတ်ဖို့ စောင့်နေမယ်။
အမြဲ အားပေးနေမယ်။
အမြဲတမ်းအတွက်
ကခ
စောစောပြောရောပေါ့ဗျာ
ရှောင်နေမှာပေါ့ ... ဟာဟ နောက်တာပါ
အဆင်ပြေတယ်နော် ....
အပျိုကြီးတွေ နေပါစေကွယ် သိပ်မနှောက်ယှက်ပါနဲ့ ၀ဠ်လည်မယ်နော် ဟင်းးးးး
ကိုမင်းအိမ်ဖြူ ရောက်တုံးပြောလိုက်ဦးမယ် ဝဋ်ပေါင်းတာ မှားနေတယ် အဟက်
မမရေ ပင်ပန်းလိုက်တာ မမအစားးး ခိခိ
အစ အဆုံး ဖတ်သွားတယ်သိလား နောက် ပြောင်းရင်ခေါ်နော် သိလား လာကူရှုတ်ပေးမယ် အဟဲ
အိမ်သစ်မှာ အောင်မြင်မှုအသစ်တ္ဂေ နဲ့ ပြည့်စုံပါစေနော်...
စာရေးတာကောင်းလိုက်တာ...နောက်မှ လာ ပြီးပညာယူရဦးမယ်..
နောင်နောင့် ရေ....
သိရင်မုန့်ဟင်းခါးလာစားပါတယ် .. အဲ .. လာကူပါတယ် :P
အဆင်ပြေပါစေ မေဇင်ရေ ..း)
အခုမှ သိရတော့ မကူညီနိုင်တော့ဘူးဗျာ...:) စီဘောက်လည်း မရှိဘူးနော်။
ကျနော့ အိမ်မှာ လာလွမ်းပေးတဲ့အတွက် ကျေးဇူး :)
ခင်မင်ခြင်းနှင့်
တလနွန်
same same here..
i bought so many things also..
when i move to new place, always get the problem with moving things
ကိုယ်လည်း မနက်ဖြန်အိမ်ပြောင်းမလို့ ခွင့်ယူပြီး ပစ္စည်းတွေသိမ်းနေတာ။
သိမ်းရင်းကနေ ဘလော့က ဖတ်ရသေးတယ်။ မေဇင်ရဲ့ စာမျက်နှာဖွင့်ထားရင်းက ရေးထားတာလေးတွေ ဖတ်ဖြစ်နေတယ်။
:) many people want to help, so friendly. nice article. thi tot ma thi thay bu, but if you need help, let me know. my friends told me "you can quarrel with anyone but flat lord." :) law law sal tot ko pyan nyein thwar tal.. ad tot thu myar tway ko lite pyaung pay nay ya tar pot.
peace out!
A blog without any features is also simple and great as long as it gives something the best out of it. On the other hand, if you want to put cbox, make sure you equip with capcha or something that prevents spam. I also like the word verification, don't remove that feature.
with the best wishes,
Hi Mone Thu
i can't come at that day. sorry par. i had to worked ot that day. next time i will standby for u.ok?
သြော် အခုမှဒီအိမ်လေးကိုသိလို့ လာလည်တာ။ အိမ်ပြောင်းတာ တော်တော်ပင်ပန်းသွားလားဟင်။ ဘောလုံနဲ့ ရေဆော့နေမယ့်ပုံကိုမြင်ယောင်မိတယ်။
ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
အပျိုလေးး .. :D
ခင်မင်လျှက်
ဆောင်းနှင်းရွက်
Post a Comment