2016
2016 မှာ အပြောင်းအလဲတွေ အများကြီးကြုံရမယ် မျှော်လင့်ထားတယ်။ ကောင်းသောပြောင်းလဲခြင်းများ ဖြစ်လာလိမ့်မယ်လို့လဲ ထင်ပါတယ်။
အနာဂါတ်ကို ပုံဖော်ကြည့်တော့ ကြည်လင်ပြတ်သားခြင်းမရှိပေမယ့် မှောင်မဲမနေတော့ပါဘူး။ ဒါပေမယ့် ရှေ့ဖြစ်မှာကို ကြိုမသိနိုင်တဲ့ ပုထုဇဉ်တွေအဖို့တော့ အကောင်းအဆိုး ဘာတွေပဲ ကြုံလာ ကြုံလာ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားရမှာပဲ။
ဘ၀မှာ ဘာတွေ အရေးကြီးတာကဘာလဲ၊ ကိုယ့်အတွက် အလိုအပ်ဆုံးဟာ ဘာလဲဆိုတာကို လူ့သက်တမ်း ထက်ဝက်ကြိုးခါနီးမှာ ပြန်သုံးသပ်တတ်လာတယ်။ တစ်ခါတစ်လေတော့လဲ ကိုယ့်ခံယူချက်တွေနဲ့အများသဘောမကိုက်ညီတာမျိုးတွေ ကြုံရတဲ့အခါတွေမှာ နောက်တွန့်မိပြန်တယ်။
ဘာပဲဖြစ်ဖြစ်ပါ 2016 ကို အကောင်းဆုံး ကိုယ် မျှော်လင့်နေမိပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မှားမှား မှန်မှန် ကိုယ်ရင်ဆိုင်မယ်။
ပရိုတင်းဓာတ်ရဲ့ ခန္ဓာကိုယ်အတွက် အရေးကြီးလုပ်ဆောင်ချက် (၇) ချက်
-
အားလုံးပဲ မင်္ဂလာပါဗျာ။ ကျွန်တော် Thet Naing Tun ပါ။ ဒီနေ့တော့
ကျွန်တော်တို့နေ့စဉ်ဘဝမှာ တကယ်လက်တွေ့ကျကျ သိထားသင့်တဲ့
ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရမ်းအရေးပ...
1 day ago
