Showing posts with label ကိုယ့်အကြောင်း. Show all posts
Showing posts with label ကိုယ့်အကြောင်း. Show all posts

Saturday, June 27, 2009

အိမ်ပြောင်းတဲ့နေ့

"ဖြန်း"


အသံနဲ့ အတူ...ခြေသလုံး တဘတ်ကလဲ စပ်ဖြင်းဖြင်း ဖြစ်သွားသောကြောင့် နှစ်နှစ်ကာကာ အိပ်ပျော်နေရင်း လန့်နိုးသွားပါတယ်...။ အလန့်တကြားနဲ့ မျက်လုံးကို ဇတ်ကနဲ ဖွင့်ကြည့်လိုက်တော့....အခန်းဖော်မမက


"ထတော့"


တစ်ခွန်းပဲပြောပြီး အခန်းပြင်ထွက်သွားပါတယ်..။ အား...စိတ်တိုလိုက်တာ ပြောမနေပါနဲ့တော့..


"ဒီနေ့ ..တနင်္ဂနွေ နေ့လေ ...ဘာလို့လာပြီးနှိုးနေတာလဲ .....စိတ်ပုတ် မမ"


ပြောပြီး တဘတ်ကိုလှည့်ပြီး ပြန်အိပ်နေလိုက်ပါတယ်..။ အိပ်ပျော်မယ် ကြံတုန်း ...


"ဖြန်း"


နောက်တစ်ချက်...ဒီတစ်ခါ တော့ သည်းမခံနိုင်တော့ဘူး....ထပြီး အော်မယ် စဉ်စားတုန်း ရှိသေးတယ်...


" ဟဲ့ နောင့်နောင့် ..ကားလာရင် ငါနင့်ကို မစောင့်ဘူး နော်... အပြင်မှာ နင့်ပစ္စည်းတွေသိမ်းဖို့ အများကြီး ကျန်နေသေးတယ်..."


သူကအရင် ဦးအောင် အော်ပြီး...အသံနဲ့ အတူ လူလဲ ပြန်ပျောက်သွားပြန်တယ်...။

အဲ့ဒီတော့ မှ ကိုယ်လဲ လူးလဲ ထထိုင်ပြီး စိတ်ပျက်လက်ပျက် ပြန်လှဲချလိုက်မိတယ်...။

ဟုတ်တယ် ...ဒီနေ့ အိမ်ပြောင်းရမှာပဲ။ စိတ်ညစ်လိုက်တာ...ပစ္စည်းတွေကလဲ အများကြီးပဲ ကျန်သေးတယ် သိမ်းရမှာ..။သယ်ရမှာလဲ အများကြီးပဲ..။ ၀ယ်တုန်းက မသိသာပေမယ့်..ခုလို အိမ်ပြောင်းခါနီး သိမ်းမှပဲ ထွက်လာတော့တယ်...ဟိုကတစ်ခု ဒီကတစ်ခု ဘာတွေမှန်းကို မသိဘူး....။

အင်း..ထမှပါပဲ...ပျင်းနေလို့ မရဘူး...။

မျက်နှာသစ်ပြီးတာနဲ့ ဗိုက်က ဆာလာရော...ထမင်းအိုးက မနေ့ထဲက သိမ်းထားလိုက်ပြီ...ဒုက္ခပါပဲ..။ အဲ့ဒါနဲ့ ကိုယ်လဲ..မုန့်ဟင်းခါး ဖတ်ခြောက်တွေ အပြင်မှာ..ရှိနေတာနဲ့ ပြုတ်ပြီး သုတ်စားလိုက်တယ်...။

ပြီးတော့ အခန်းထဲဝင် ပစ္စည်းတွေကို ကြည့်ပြီး..ငိုချင်စိတ်ပေါက်သွားတယ်..။ သိမ်းပြီးသားအိတ်က (၃) လုံး ၊

သိမ်းလက်စ တို့လို့တန်းလန်း အိတ်က (၂) လုံး ၊...ဟိုတလောကမှ NTUC မှာ တန်လို့ ဆိုပြီး ၀ယ်ထားတဲ့ ဗီဒို လိုလို သစ်သားကြောင်အိမ်လိုလို ကလဲ ရှိသေးတယ်...နောက်ပြီး..စာရေးစားပွဲခုံ...။ တစ်ယောက်ထဲ နဲ့ ဒါတွေ ဘယ်လို သယ်ရမလဲ ...ခေါင်းတော်တော်ရှုပ်သွားတယ်...အခန်းဖော် အစ်မ နဲ့ တူတူပဲ...တစ်အိမ်ထဲ ကိုပြောင်းမှာ..။ သူကလဲ သူ့ပစ္စည်းတွေ နဲ့ သူ ရှုပ်နေတာပဲ...။ ဒါပေမယ့် သူ့အစ်ကိုက သူ့ကို လာပြောင်းကူမှာ..။ ကိုယ့် အစ်ကို ကတော့ အားကိုးရတယ်...အိုတီ ရှိလို့ပါတဲ့...ဟင်းးးးးးးးး တတ်နိုင်ဘူးလေ...ဒီလိုပဲပေါ့...ကိုယ့်အားကိုယ်ကိုး...ပုစိန်ရိုး (အဲ့ဟုတ်ပါဘူး..)..ပုစိန်ရိုးက သတ်သတ်ပါ.. ရောကုန်ပြီ..ဟီး...း) ။ ဒါနဲ့ အပြင်မှာရှိတဲ့ ပစ္စည်းတွေ အကုန်စုပြုံ ကောက်သိမ်းပြီး ခနနား..ကွန်ပျုတာလေး ဖွင့်မယ်ကြံတုန်း ....


" နောင့်နောင့် ရေချိုး တော်ကြာ..ကား လာတော့မယ်...နင် ချိုးပြီး ငါချိုးမယ်" တဲ့....


အသံပဲ ကြားရတယ် လူမမြင်ရပါဘူး။ အခန်းဖော် မမ အပျိုကြီးပေါ့...သူလဲ မနားဘူး ဘာတွေ လိုက်သိမ်းနေတယ် မသိဘူး..။ အပျိုကြီး တွေများ တော်တော် ခတ်တာပဲ..။ ဒါနဲ့ ရေချိုးပြီးတော့ မကြာပါဘူး.. ငှားထားတဲ့ ကားက ရောက်လာပါ တယ်..။ အဲ့ဒီတော့မှ ..ဟဲဟဲ ရှဲ့ရှဲ့ မမအပျိုကြီးပေါ့...သူလော လို့ မှီတာ ..မဟုတ်ရင်... ကွန်ပျုတာ ကိုင်မိလို့ကတော့ မှီတော့မှာ ဟုတ်ဘူး...။ ပစ္စည်းတွေ သယ်ရတော့မယ်..ဒုက္ခော တွေတော့ စပြီပေါ့... ဘယ်လို သယ်နိုင်မလဲ တစ်ယောက်ထဲနဲ့ဒါတွေကို တစ်ချို့အိတ်တွေဆို လေးလွန်းလို့ တစ်ယောက်ထဲ ဘယ်လို မှ မ,မနိုင်ပါဘူး.. ။ အဲ့ဒီ အချိန်မှာပဲ... မြန်မာပြည်မှာတုန်းက အလုပ်တူတူ လုပ်ခဲ့တဲ့(အဲ့တုန်းက သူကမန်နေဂျာ) အပျိုကြီးပဲ ရောက်လာပါတယ်..ပစ္စည်းကူသယ်ပေးမလို့တဲ့..။ ၀မ်းသာလိုက်တာမှ လေ ပြောမနေနဲ့တော့..။ သူတို့ ကူလိုက်လို့ ဒီဘတ်အိမ်ပေါ်ကနေ ကားပေါ်ကို တော့ ပစ္စည်းတွေ လွယ်လွယ် ကူကူ ရောက်သွားပါပြီ...။ ဒါပေမယ့် အဲ့ဒီလာကူပေးတဲ့ အစ်မက ဟိုဘတ်အိမ်ကို မလိုက်ဘူး..ဒီကပဲ ကူပြီး ပြန်မှာ..။ ဟိုဘတ်အိမ် ရောက်ရင်လဲ နောင်ခါလာ နောင်ခါဈေး ပေါ့း) ။ အဲ့လိုစဉ်းစားပြီး ကားပေါ်ကုန်းပြီ တတ်နေတုန်း ရှိသေးတယ်....ကျောပေါ်ကို ဘုတ်ခနဲ ကျလာတဲ့ ပစ္စည်းကြောင့် လန့်ပြီး ကားပေါ်က ပြုတ်မကျတာကံကောင်း...



" နင့်ဘောလုံး "...." ပစ္စည်းတွေ စုံအောင် စစ်ပါဆိုတာကို မစစ်ဘူး...မပြောချင်ဘူး "



ဆိုပြီး..ပြတင်းပေါက်က မျက်နှာက ဖြတ်ခနဲ ပျောက်သွားပြီး...ဓာတ်လှေကား ပွင့်သံ တီ တီ နဲ့ ကြားရပါတယ်..ဘယ်သူဖြစ်မလဲ....။ မမအပျိုကြီးပေါ့...သူလဲ အိမ်ပေါ်ကနေ ဆင်းလာမှာပဲဟာ...မယူခဲ့ပဲနဲ့ ကျောပေါ်ကို ပစ်ချတယ်..တော်သေးတာပေါ့..ဘောလုံး မလို့..ဟဲဟဲ..အဲ့ဒီ ဘောလုံးကလဲ ကိုယ့်အတွက် အသုံးလိုပါတယ်...တစ်ပါတ်တစ်ခါ ရေသွားကူးရင် ယူသွားနေကျလေ..။ ရေတော့ မကူးတတ်ပေမယ့်..ရေသွားသွားဆော့တာ..ရွာကချောင်းထဲမှာ ရေကစားနေကျဆိုတော့....ဒီရောက်တော့ ရေကူးကန်မှာ သွားသွားပြီး အလွမ်းပြေဆော့ပါတယ်... ရွာချောင်းမှာတော့ အလကားဆော့ရတာပေါ့ လေ...ဒီမှာတော့ တစ်ခါဝင် (၂) ကျပ်ဆိုတော့....ဟဲဟဲ...တစ်ပါတ်မှ တစ်ခါပဲ သွားတာပါ..။



ဒီလိုနဲ့ ဟိုဘတ်အိမ်ကို သွားနေတဲ့ လမ်းမှာပဲရှိသေးတယ်.. သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်


"ဟဲ့ နောင့် နင်ဘယ်မှာလဲ " တဲ့


"ငါ အိမ်ပြောင်းနေတယ်... ငါ့ကို လာကူဦးလေ"


ဆိုတော့ ခဏအသံတိတ်သွားပါတယ်... ပြီးတော့မှ လာခဲ့မယ်လေတဲ့..။ ဟား..အပိုင်ပဲပေါ့ ပျော်သွားပြီ ...ကိုယ်လဲ လိပ်စာပေးပြီးတော့...အဲ့ဒီမှာ စောင့်နေဖို့ ပြောလိုက်တယ်...ငှဲငှဲ ..ဟိုဘတ်အိမ်မှာကူသယ်ပေးဖို့ လူလဲ ပူရတော့ဘူး..။ ပြောင်းရတဲ့ အိမ်ရောက်တော့ သူငယ်ချင်းကလဲ ရောက်နေပြီ...ပစ္စည်းတွေ ကူသယ်ပေးပြီး အားလုံး အပေါ်ကို အပြီးအစီး ရောက်တော့မှ..သူငယ်ချင်း ကို..


" ဟဲ့ နင် ငါ့ကို ဖုန်းခေါ် တာဘာလုပ်မလို့လဲ" ဆိုတော့..


" ငါ့ မွေးနေ့ ဟဲ့.... သူငယ်ချင်းတွေကို တစ်ခုခု ကျွေးမလို့ နင့်ကို အရင်ဆက်တာ ..ခုတော့ နင်ကျွေးတဲ့ မုန့်ဟင်းခါး စားပြီးပြီ ပြန်တော့မယ် " တဲ့...။



ကိုယ် တစ်ကယ် အားနာသွားပါတယ်...အဲ့ဒါနဲ့ ကိုယ်လဲ ပြောမိပြောရာ..


" ဟဲ့...နင်ကျွေးမယ်ဆိုလဲ ကျွေးသွားလေ" လို့ပြောလိုက်မိပါတယ်...သူက. " တော်ပြီ နောက်မှ ပဲ.." ဆိုပြီးပြန်သွားပါတယ်...။


ကိုယ်လဲ ပြောပြီးမှ တော်တော် နောင်တ ရသွားတယ်.... သူခမျာ ကူလဲ ကူညီရသေးတယ်..မုန့်လဲ ကျွေးရဦး မယ်ဆိုတော့ ... ကိုယ်တော်တော် မတရားတာပဲ..။ အဲ့လိုပါပဲ...ကိုယ်က အပြောမတတ် ...အဆိုမတတ်...ဟင်းးးးးးးးးးးး..ပစ္စည်းတွေလဲတစ်ခုမှ မစီရသေးဘူး...သူငယ်ချင်းကို အားနာတာနဲ့ပဲ.....အဲ့ဒါတွေ လဲ မလုပ်ချင်သေးဘူး (ဘာမှမဆိုင်)း)......။ ဒါနဲ့ပဲ...အရင်ဆုံး အိပ်ရာ ခင်းတွေ၊ ခေါင်းအုံး တွေ အစွတ်စွတ် ပြီးတော့ ရေအမြန်သွားချိုး..ကွန်ပျုတာလေး ဖွင့်ပြီးတော့ ပဲ အရင်အနားယူလိုက်ပါတယ်လေ...။ မနက်ဖြန်လဲ ခွင့်ယူထားတော့ ပစ္စည်းတွေ ကဘယ်အချိန် ရှင်းရှင်းပေါ့နော်..အရေးကြီးတာက ကိုယ်ပင်ပန်းခဲ့တာလေးတွေ ကို အစ်ကို၊ အစ်မ ၊ သူငယ်ချင်း တွေရဲ့ အိမ်တွေ လိုက်လည်ပြီး..အရင်ဖြေဖျောက်ရဦးမယ်လေ....။

Tuesday, June 23, 2009

စကာင်္ပူ ကို ဘာကြောင့် ရောက်လာတယ်...

အပူအပင် မရှိ တဲ့လူ ဖြစ်ခဲ့ဖူးပါတယ်တစ်ချိန်တုန်းကပေါ့.. ဒါပေမယ့်...လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကစပြီးတော့ ..ကိုယ့် မှာ ပူပင်စရာတွေ များ လိုက်တာ..။

ကိုယ် ရန်ကုန်မှာ...အလုပ်လဲလုပ် ကျောင်းလဲ တတ်နေတုန်း.... မမျှော့်လင်တဲ့ သတင်းဆိုး တစ်ခု ကြားရပါတယ်...။ အဲ့ဒါ ကတော့ မလေး မှာ လုပ်နေတဲ့ ကိုယ့်အကို... ရုတ်တရက် သတိ မေ့ လဲကျသွား ပြီးတော့ ဆေးရုံ တင်ထားရတာ... 10 ရက် ရှိပြီ..ခုထိ သတိ မလည်လာ သေးပါတဲ့ ။ သတင်း ကြားကြား ချင်း ကိုယ်ဘာလုပ် ရမလဲ မသိ...ထူပူ ပြီးတော့... စိုးရိမ်စိတ် တွေနဲ့ ..အယောင် ယောင် အမှားမှားပဲ..။ ပထမဆုံး ကိုယ့် မိသားစု ကို အကြောင်းကြား ... ပြီးတော့ ဘုရား ရှေ့ မှာ ဆုတောင်း မေတ္တာပို့ပေါ့..။ ကိုယ် တို့မောင်နှမ တွေထဲမှာ ယောက်ကျား လေးဆိုလို့ ဒီ အကိုလေး တစ်ယောက်ပါ တဲ့အတွက်.. အမေ့ အသည်းကျော် ဒီအကို အဝေးမှာ တစ်ခုခု ဖြစ်ရင်... ကိုယ့် အမေ အတွက် မလွယ်ဘူးလေ..။ နောက်ရက် မှာ အစ်မ ရန်ကုန်ကို တတ်လာတယ်... ပြီးတော့ ..မလေး ကိုဖုန်းတွေ ဆက်.. ဆေးရုံ စားရိတ်တွေ ပို့ပေါ့..။ 12 ရက်မြောက်နေ့မှာ သူသတိ လည်လာတယ်တဲ့..။ ဒါပေမယ့် အတိတ်မေ့သလို ဖြစ်နေပါတယ်တဲ့...။ ဘာပဲ ဖြစ်ဖြစ် ရန်ကုန်ပြန်ပို့ပေးပါဆိုတဲ့ ကိုယ်တို့ မိသားစုရဲ့ တောင်းဆို ချက်ကြောင့် မလေး မှာ ရှိတဲ့ အကို့ ရဲ့ သူငယ်ချင်းတွေ နဲ့ အကို ၀မ်းကွဲတွေက... အတတ်နိုင်ဆုံး ကူညီ ခဲ့ကြပါတယ်...။ ဒီလိုနဲ့ အကို ရန်ကုန်ကို ပြန်ရောက်လာ ပြီးတော့... သူ့ ရဲ့ မသက်သာ တဲ့ ရောဂါ အတွက် SSC မှာ ဆက်ကု... အိမ်က မိသားစု အားလုံး ရန်ကုန် တတ်လာတဲ့ အတွက် နောက်ပိုင်း စီးပွားရေး ကို ကြည့်မယ့် သူမရှိ... ကိုယ် ကလဲ... ၀င်ငွေ အတွက် တစ်ဘတ်တစ်လမ်း ဘယ်လမ်းကမှ မကူညီနိုင် ။ အရမ်းကို စိတ်ဆင်းရဲ ခဲ့ရပါတယ်...ကိုယ့် အကို ရဲ့ ရောဂါ ကလဲ..ခဏနဲ့ပျောက်မယ့် ရောဂါ မဟုတ်လေတော့ ....ကွယ်။ ဒါနဲ့ပဲ...စလုံး မှာရှိတဲ့ ဦးလေးကို စာရေး ပြီး အကျိုးအကြောင်းပြောပြ ... ခေါ်ပေးပါ ပြောရတယ်..။ ပြီးတော့ ဒီကို ထွက်လာဖို့အတွက် လိုအပ်မယ်ထင်တာတွေကို နှစ်လ အတွင်း အပြီးလုပ်...။ အင်္ဂလိပ်စာ သင်တန်း ဘာသင်တန်း ညာသင်တန်း ဘာမှကို အခြေခံ မရှိခဲ့ပါဘူး..။ ဒီကိုလာ မှာတောင် ကိုယ့်ဘာသာ ကျိတ်လုပ်ခဲ့တယ်.. မိသားစု သိရင် ဒီကို လာဖို့ အတွက် ငွေရေးကြေးရေး စိတ်ပူမှာ စိုးတဲ့အတွက်... ကိုယ့်ရဲ့ ဆရာမကြီး တွေနဲ့ တိုင်ပင်ပြီး...သူတို့ ထုတ်ပေးတဲ့ ငွေလေး... USD800( လေယာဉ်လက်မှတ်ခအပါ) နဲ့ ကိုယ့် အသက် 21 မပြည့်ခင်လေးမှာ ထွက်လာခဲ့ပါတယ်...။ ကိုယ့်ရဲ့ မိသားစု ကို တဘတ်တလမ်းက ပြန်လည် ကျေးဇူးဆပ်ဖို့ အတွက် ရည်းစူးပြီးတော့ လာတဲ့ ခရီးဖြစ်တဲ့အတွက် အစစ အဆင်ပြေပါစေလို့ သစ္စာပြုခဲ့တယ်...။ ဒီမှာလဲ ဦးလေး တွေက အတော်အတန် ပြေလည်တဲ့( နိုင်ငံသားဖြစ်နေပြီ) သူတွေ ဖြစ်နေလေ တော့ ကိုယ့်အတွက် ..စားဖို့၊ နေဖို့ ၊ အလုပ်လျှောက်ဖို့ ကွန်ပြူတာမှ အစ ... Ezlink card၊ ဖုန်း ၊ အားလုံး အသင့်ဖြစ်နေခဲ့ပါတယ်...။ အလုပ်လျှောက်ဖို့ အတွက် ဦးလေး ရဲ့ အမျိုးသမီး ကလဲ အားလုံး အစစ ဘယ်လို လျှောက်ရတယ်...အင်တာဗျုး ဘယ်လို ဖြေရမယ်ကအစ ...သင်ပေးခဲ့တယ်...။အလုပ်ရတော့ အလုပ်ထဲက... မန်နေဂျာ ကအရမ်းကို သဘောထားပြည့်ဝ သနားတတ်သူ ဖြစ်တဲ့ အတွက် ကိုယ့်အတွက် ခုတော့အားလုံးအဆင်ပြေနေပါပြီလေ...။ ရည်းမှန်းထားတဲ့ အတိုင်း အိမ်ကိုလဲ ... ပြန်လည်ထောက်ပံ့နိုင်ခဲ့ပြီ....။ ကျေးဇူးတင်ရမယ့် သူတွေ ဆရာ နဲ့ ဆရာမကြီး ၊ ဦးလေး နဲ့ အန်တီ ၊ အလုပ်ခန့်ပေးတဲ့ မန်နေဂျာ..ကျန်တဲ့ ကိုယ့်အတွက် အများကြီး ၀ိုင်းဝန်း...ကူညီခဲ့ကြတဲ့ မိတ်ဆွေ အားလုံး ကို အများကြီး ကျေးဇူးတင်ပါတယ်လေ။