Showing posts with label ချစ်သူသို့. Show all posts
Showing posts with label ချစ်သူသို့. Show all posts

Thursday, July 9, 2009

လိမ္မာပါတော့မယ်...

ညကလဲ တော်တော် နဲ့ အိပ်မပျော်ပဲ ခုတော့လဲ အစောကြီး နိုးနေပြန်တယ်..။ ဒီနေ့ စနေနေ့ ပါလား.... ကျောင်းလဲမတတ်ရပဲ နဲ့ ဘာလို့ အစောကြီးနိုးနေ ရတာလဲ ...ပြီးတော့ အရင်ဆုံး သတိရတာ...ကိုကို ..ဟုတ်တယ် ကိုကို ပါပဲ ။ စနေ၊တနင်္ဂနွေ နေ့တွေလဲ ... သဲ အတွက် အဓိပ္ပါယ် မရှိတော့ပါဘူး ကိုကို ရယ်.....။ မျက်လုံးများကို ပြန်မှိတ်လိုက်တော့...... ကိုကို့ ပုံရိပ်...
" သဲ....မင်းလုပ်ရပ်တွေကို ငါ မကြိုက်တော့ဘူးနော်. နောက်ထပ်မပြောချင်တော့ဘူး...မင်းဘာသာ ဆင်ခြင်တော့ "
ကိုကို က မင်း နဲ့ ငါပြောနေပြီဆိုတော့ တော်တော် စိတ်ဆိုးနေပြီဆိုတာ သိပေမယ့်..

" သဲ ကဘာလုပ်နေလို့လဲ.....ကိုကို သဲကို အဲ့လိုမပြောနဲ့ "
"မင်းကို ငါ ဘယ်နှစ်ခါ ပြောရမလဲ....မင်း chat ချင်ရင်.... နောက်ထပ် account တစ်ခုဖွင့်ပြီး chat ဖို့.. နောက်ပြီး မင်းရဲ့ ဖုန်းနံပါတ်တွေ ၊ အိမ်လိပ်စာတွေ မပေးဖို့ ... "

"ခုတော့ ....မင်း account ထဲမှာ ... သိတဲ့ လူတွေရော ၊ မသိတဲ့ လူတွေ ရော.. ရှုပ်ပွ နေတာပဲ" "တကယ့် မိတ်ဆွေ တွေ ဆိုတာလဲ အသိသာကြီး ...ခု မင်း chat နေတဲ့ အမေရိကား က ကောင်ကို ငါ သိပ်ကြည့်မရဘူးနော်...စကားပြောတာ ကြည့်ထဲက ဒီကောင် ဘယ်လိုကောင်လဲ ဆိုတာ ယောက်င်္ကျားချင်း သိတယ်.."


" ခု သဲ ဘယ်မှာ အဲ့ဒီလူနဲ့ chat တော့လို့လဲ "

" ဟုတ်ပါပြီ...မေ့ပြီး ပြန်ပြောမိမှာ စိုးလို့ ပြောတာ "

အမှန်တွေကို ပြောနေပေမယ့်....သဲ မျက်နှာ စူပုတ်ထားမိတယ် ။ ကိုကို မသိဘူးလား ... သဲ ကိုကို့ တစ်ယောက်ထဲကို ချစ်တယ်ဆိုတာ ။ အလကား ပြသာနာလိုက်ရှာနေတယ် ။ chat တယ်ဆိုတာကလဲ ပျင်းလို့ပဲဟာ..။ ကိုကို အနားမှာ ရှိနေရင် သဲ က chatting ၀င်ပါ့မလားလို့ ။ သဲ နှုတ်က ဘာမှ ပြန်မပြောပေမယ့် စိတ်ထဲကနေ ကိုကို့ ကိုရန်တွေ့နေမိတယ်။ သဲ မျက်နှာ အပြောင်းအလဲကို ကောင်းကောင်းဖမ်းတတ်တဲ့ ကိုကိုက -


"သဲရယ်...နားလည်ပါ...။ ကိုကို အလုပ်လုပ်နေတယ် ဆိုတာကလဲ..သဲ အတွက်ပါ ။ ကိုကို အလုပ်လုပ်နေတော့ သဲ အနား ဘယ်လို အချိန်ပြည့်နေ နိုင်မှာလဲ....။ သဲပျင်းနေတယ် ဆိုရင် ကိုယ့်အတွက် တန်ဖိုးရှိမယ့် စာအုပ်တွေဖတ်၊ အင်္ဂလိပ်စာတွေ လေ့လာ ၊ အဲ့လိုတွေ လုပ်ပေါ့ သဲရယ်.... ကိုကို ကသဲကို မchat နဲ့လို့ မတားပါဘူး.... ဒါပေမယ့် အချိန်ပြည့် ဒါကြီးပဲ လုပ်မနေနဲ့ လို့ပြောတာ..."



"ဟုတ်ကဲ့ပါ ကိုကို.... သဲ နားလည်ပါတယ်... သဲ လဲပျင်းလို့ပါ..နောက်ဆို ..ဆင်ခြင်ပါ့မယ်နော် " " သဲ ခုလို ဒီမှာကျောင်းလာတတ်တာလဲ ကိုကို့ ကြောင့်ပါ...ကိုကို့ တစ်မျက်နှာထဲကြောင့်ပါ ကိုကို "


အဲ့လို သဲ ပြောလိုက်တော့... ကိုကို က သဲ ခေါင်းလေးကို ရင်ခွင်ထဲထည့်ပြီး သက်ပြင်း ချပါတယ်..။ ကိုကို့ ရင်ခွင်ထဲကနေ သဲ ကျိတ်ပြုံးလိုက်မိ တယ်။ ကိုကို သဲကို အကြာကြီး စိတ်မဆိုးတတ်ဘူး ဆိုတာ သဲ သိပ်သိတာပေါ့လေ။
သဲ ဒီမှာ ကျောင်းလာတတ်တာလဲ တကယ်တော့ ကိုကို့ အစီအမံ ပါပဲ...။ သဲ ကအဲ့ဒါနဲ့လဲ သူ့ကိုအညှာကိုင်တာလေ.။

ကိုကိုက သဲကို မှာစရာတွေ အများကြီး မှာသွားပြီးတော့ ... နောက်နေ့ အလုပ်ဆင်းရမှာမို့ ပြန်သွားပါတယ်...။ ကိုကို အဲ့လို ပြန်သွားရင် သဲ အရမ်းလွမ်းတာပါပဲ..။ အဲ့ဒါနဲ့ သဲ လဲကိုကို့ ကိုလွမ်းတာ ပြေအောင် ကွန်ပြူတာလေး ကိုဖွင့်မိပါတယ်..။ သဲ ရဲ့ မီးလေး စိမ်းသွားတာနဲ့ တပြိုင်နက်...

"ဟေ့...ဘယ်သွားနေတာလဲ.... မင်း ကျောင်းပိတ်မှန်းသိလို့ စောင့်နေတာ ကြာနေပြီ"

သူ.... သူ ကတော့ ခုလက်ရှိ အမေရိကား မှာ အလုပ်လုပ်နေတယ်ပြောတဲ့...ကျော်သူမောင် ဆိုတဲ့ သူပေါ့... သူနဲ့ သဲ အွန်လိုင်းမှာ ခင်တာ မကြာသေးပေမယ့် စကားပြော ကောင်းလွန်းတဲ့ သူ့ ကြောင့် တကယ့် အရင်း အချာတွေ လို ခင်နေပြီလေ...။ ကိုကို ကတော့ သူနဲ့ chat တာမကြိုက်ဆုံးပဲ... ဒါပေမယ့် သဲ က သဲမှာ ချစ်သူ ကိုကို ရှိတဲ့ အကြောင်း ပြောပြထားတယ် ဆိုလို့ ကိုကို က ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်ရင် သူနဲ့ မ chat ပါနဲ့တဲ့...သဲ ကလဲ ပြီးစလွယ် ဟုတ်ကဲ့ပါလို့ ပြောထားတယ်လေ။ သူနဲ့ chat ပြီးရင် chat list တွေကို ဖျက်ပစ်တယ်လေ ဟိဟိ ကိုကို ကအလုပ်ထဲမှာ ကွန်ပြူတာ သုံးလို့မှ မရတာ..သူဘယ်သိပါ့လဲ..။ ဒါပေမယ့် ကိုကို ကပြောတယ်....ကျန်တဲ့ ကိုယ်မသိတဲ့ သူတွေနဲ့လဲ VZO, တို့ဘာတို့ ရုပ်မြင်ရတာတွေ နဲ့ မchat ဖို့ တော့ တားထားပါတယ်..။ သဲ ကအဲ့ဒါတော့ မလုပ်ပါဘူးလေ...။ ဒီတိုင်း စကားပြောရုံ လေးပါပဲ..။ ဒါပေမယ့် အဲ့ဒီ နေ့က သဲ တို့ စကားတွေ တော်တော် ပြောဖြစ်ကြတယ်....။ သူ့ ရဲ့ စကားပြောကောင်း ပါးနပ်မှုကြောင့် သဲ ရဲ့ ဖုန်းနံပါတ် လဲ သူ သိသွားတယ်..။

နောက်ပြီး သဲ ဖတ်ချင်နေတဲ့ စာအုပ်တွေ ပို့ပေးမယ် ပြောလို့ အိမ် လိပ်စာလဲ သိသွားတယ်..။
စကားပြောတာက သူ့ ညီမလေး နဲ့ တူလွန်းတာကြောင့် ရုပ်လေးပါ ကြည့်ချင်တယ်ဆိုလို့ ကင်မရာလေး ဖွင့်လိုက်မိတယ်..။ အဲ့ဒီ ခဏအချိန်လေးအတွင်းတော့ သဲ သူ နဲ့ စကားပြောရတာ ပျော်ခဲ့ပါတယ်..။

ဒီလို နဲ့ သဲ တို့ နောက်ပိုင်း ဖုန်းပါ ပြောဖြစ်ကြတယ်...။ ကိုကို့ ကိုတော့ မသိအောင် ဖုံးထားရတာပေါ့နော်..။ သိရင် သဲ ကို သတ်မလားပဲ..။

တစ်နေ့..... အဲ့ဒီနေ့ က အင်္ဂါ နေ့ပေါ့....။ သဲ ကျောင်းကနေ ပြန်လာ... ရောက်ရောက်ချင်း ထမင်း စားဖို့ လုပ်နေတာနဲ့ ကွန်ပြူတာကို အရင်မဖွင့် အားဘူးလေ..။ အဲ့ဒီ အချိန်မှာ ဖုန်းလာပါတယ်...အဲ့ ... ကိုကို ပဲ ..အလုပ်ချိန်ကြီး ဖုန်းမခေါ်ဖူး လို့ အထူးအဆန်းဖြစ်ပြီး ထူးမိတယ်..။

" ဟဲလို ...ကိုကို...ဘာဖြစ်လို့လဲ ဟင်.. ရုံးမတတ်ဘူးလား.. "

စိုးရိမ်တကြီး မေးတဲ့ သဲ ရဲ့မေးခွန်းကို ကိုကို မဖြေပါဘူး ....

" ခုလာခဲ့မယ် သဲ ကိုအရမ်းချစ်ပါတယ်"


အဲ့ဒါပဲပြောပြီး ဖုန်းချသွားပါတယ်...အသံကလဲ သဲ ရင်းနှီးနေကျ သဲ ကိုပြောတဲ့ နှုးနှုးညံ့ညံ့ အသံမျိုး ပျောက်နေတယ်...။ အက်ကွဲကွဲနဲ့ လည်ချောင်းထဲက မနဲ အားယူပြီး ထွက်လာတဲ့ လေသံ နဲ့ ။ ဒါနဲ့ သဲ လဲ အိမ်အောက် ဆင်းပြီး ကိုကို့ ကိုစောင့်နေမိတယ်...။ ကိုကို့ ကိုတွေ့တော့ သဲ အပြေလေး သွားပြီး လက်မောင်း ကို တွဲလိုက်ပေမယ့် ကိုကို ကအရင်ကလို သဲ ခေါင်းလေးကို ပွတ်ပြီး မကျီစားပါဘူး...။ ပြီးတော့ ထိုင်ခုံကို ရောက်တာနဲ့ "ရော့" ဆိုပြီး print ထုတ်ထားတဲ့ စာရွက် လေး တစ်ရွက် ပေးပါတယ်.... ။


သဲ ဖတ်ပြီး မျက်လုံးတွေ ပြာသွားတယ်....။ သဲ ကွန်ပြူတာ မဖွင့်မိတဲ့ အချိန်ပိုင်းလေးမှာ ကိုကို တွေ့သွားတဲ့ စာက သဲ တောင်မှ တစ်ချို့ ဖြစ်ရပ်တွေကို မသိပါဘူး.....ရေးထားလိုက်တာ မတော်တရော်တွေပါ...။ ရေးထားတာတွေက ..ဒီနေ့ သဲကို ဖုန်းမခေါ်တာ က သူ့ စိတ်လှုပ်ရှားနေလို့ ပါဆိုတဲ့ အကြောင်း..ဘာကြောင့်လဲဆိုတော့ သူ သဲ အိမ်လိပ်စာလဲ သိပြီ ဖြစ်တဲ့ အတွက် သူလာလည်မယ့် အကြောင်း ၊ ဘယ်လို ကြိုနေပါဆိုတဲ့ အကြောင်း...သဲ မချစ်တဲ့ သဲ ရဲ့ ခုလက်ရှိ ချစ်သူ ကိုလဲ သူ ရောက်လာရင် ကြောက်နေစရာ မလိုတော့တဲ့အကြောင်း..အိုး တစ်ချို့ စာလုံးတွေက တကယ့်ကို သူ နဲ့ သဲ က တကယ့်ရီးစား တွေအတိုင်းပါပဲ..။ သဲ မုန်းလိုက်တာ အဲ့ဒီ လူကိုလေ..ပြီးတော့ သဲ လေ... ရှက်လိုက်တာ..အငွေ့ပြန်ပြီး ကိုကို့ ရှေ့ကနေ ပျောက်သွားချင်ပါတယ်...။ ကိုကို ဘယ်လို ထင်မှာပါလဲ...ကိုကို အထင်မှားမှာတော့ သဲကြောက်ပါတယ်..။

"ကို ဒီနေ့ နေမကောင်းလို့ ရုံးမသွားရဘူး.... သဲ လဲကျောင်း တတ်ရမှာ သိလို့ ၊ စိတ်ပူမှာ စိုးလို့ အသိမပေးခဲ့ဘူး... ဒါနဲ့ ကွန်ပြူတာ ဖွင့်ပြီး သဲ ရဲ့ account ကို ကြည့်မိတော့ ဒီစာတွေ့တာပဲ... သဲ ရယ် မင်း သိပ်မိုက်တယ် "


" မဟုတ်ဘူး ကိုကို ... မဟုတ်ဘူး...သဲ သဲ"


" မဟုတ်ဘူး လို့ မင်းမပြောနဲ့ သဲ.... မင်း ငါ့ကို ဘာလို့လိမ် ခဲ့တာလဲ...မင်း ဖုန်းနံပါတ်ကို ဘာလို့ ပေးခဲ့တာလဲ ၊ အိမ်လိပ်စာပါ သိနေပြီ ဆိုတော့ ၊ မင်း မင်း.... "

ကိုကို စကားမဆက်နိုင်ပါဘူး....မျက်နှာ ကို လက်ဖ၀ါးထဲ မှောက်ထည့်ပြီး ငြိမ်နေပါတယ်...။ သဲ မှားပါတယ်ရှင်....ကိုကို သဲ ကို ရိုက်လိုက်ရင်ဖြစ်ဖြစ် ခံသာပါသေးတယ်...။ ခုလိုကြီး ၀မ်းနည်း ယူကြုံးမရ ဖြစ်နေတဲ့ ပုံမျိုး နဲ့ တော့ မနေပါနဲ့ ရှင်.........။
" ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာ ပေးမိတာက လွဲ လို့ ကျန်တာ သဲ ဘာမှ မသိရပါဘူး ကိုကိုရယ်...သဲကို ယုံပါ ယုံပါ..."


" sorry သဲ... ကိုကို.. မင်းကို အရမ်းချစ်ပါတယ်...မင်းကိုလဲ ချုပ်နှောင် မထားချင်တော့ပါဘူး...မင်း သွားလိုရာကို သွားနိုင်ပါတယ်..ဒီနေ့က စပြီး မင်း ကိုကို့ အသံ၊ အရိပ် တွေကို လုံးဝ မတွေ့စေရပါဘူး....ကိုကို မထင်ခဲ့ဘူး...ကိုယ့် ရဲ့ အချစ်တွေက မင်းကို ကြောက်လန့် နေစေခဲ့မယ်လို့ ကိုယ် မထင်ခဲ့ပါဘူးကွာ..။ ဘာပဲ ဖြစ်ဖြစ် မင်း ပျော်ပါစေ ...ကလေး ရယ် "

ပြောပြီး ကိုကို ထရပ်လိုက်ပါတယ်...။ သဲ ကြောက်လန့် တကြား ကိုကို့ လက်ကို ဖမ်းဆွဲ ထားပေမယ့်...ကိုကို က ဆတ်ခနဲ့ ပုတ်ချပြီး... ခြေလှမ်းကျဲ ကြီးတွေနဲ့ ထွက်သွားပါတော့တယ်...။ ကိုကို ...မသွားပါနဲ့ ....သဲ ကိုကို့ တစ်ယောက်ထဲကိုပဲ ချစ်တာပါ... သဲ ကိုကို နဲ့ မခွဲ နိုင်ပါဘူး သဲ ဘယ်လိုပြောပြော ကိုကို က နောက်ကို လုံးဝ လှည့်မကြည့်စတမ်း ကျောခိုင်းသွားပြီလေ...။ ကိုကို ရယ် သဲ မှားပါတယ်...


အား..... ကြောက်လန့် တကြား မျက်လုံးများကို ပြန်ဖွင့် လိုက်ပေမယ့် ဒါဟာ...အိမ်မက်မဟုတ်ပါဘူး... ပြီးခဲ့တဲ့ 3 လလောက်က တကယ် ဖြစ်သွားတဲ့ အရာတွေပါ...ခု ဆို ကိုကို့ ကို မတွေ့ရတာ 12 ပါတ် ရှိပြီနော်...။ ဖုန်းဆက်တိုင်းလဲ .... ပိတ်ထားတဲ့ ဖုန်းနဲ့ အိမ်ကိုလိုက်သွား တော့လဲ မရှိတာနဲ့ ကိုကို့ အလုပ်ကိုလဲ သဲ မသိပါဘူး...။ သဲ ရဲ့ အခန်းဖော် သူငယ်ချင်းကိုသာ သဲ ရဲ့ တိုင်တည်ရာပေါ့... သူ အသိဆုံးလေ... သဲ အဲ့ဒီ ကျော်သူမောင် နဲ့ ဘာတွေပြောကြလဲ ဆိုတာ သူ အသိဆုံးပါ..။ သူ တောင် တခါတလေ ၀င်ပြောသေးတာပဲ ...သူငယ်ချင်း ကလဲ စာကို မြင်ပြီးတော့ အရမ်းကို အံ့သြသွားတာပါပဲ....။ ကိုကို နဲ့ ပြသာနာ ဖြစ်ပြီးတော့ သဲ ငိုတော့ သူလဲ ဘာလုပ်ပေးရမလဲ မသိပါဘူး... ပြီးတော့ သဲက ဘာလုပ်ရမလဲ မေးတော့...သူ က အရင်ဆုံး အဲ့ဒီ ကျော်သူမောင် ကို delete လုပ်တဲ့ ၊ ပြီးရင် ဖုန်းနံပါတ်ပြောင်း ၊ ပြီးတော့ အိမ်ပါ ပြောင်းကျတာ ပေါ့တဲ့...သဲ ပြောင်းတဲ့ နေရာ သူလိုက်နေပေးပါ့မယ် တဲ့..။


ဒီလိုနဲ့ သဲ လဲ အဲ့ဒါတွေ အကုန်လုံးကို ၂ ပါတ်အတွင်း ပြီးအောင်လုပ်ပါတယ်...။ ပြီးတော့ သဲ ခု အဲ့ဒီလို မလုပ်တော့ပါဘူး သဲ အကုန်လုံး ပြောင်းလိုက်ပါပြီ ဆိုတာကို ... ကိုကို့ ကိုပြောပြချင်လို့ ဖုန်းခေါ်တာလဲ ဘယ်လိုမှ မရတော့ဘူးလေ..။ အခုတော့....ကိုကို လဲ သဲကို ဆက်သွယ် စရာဆိုလို့ မေလ်း လေး တစ်ခုထဲသာ ရှိပါတော့တယ်...။ ကိုကို့ nick name လေး ဘေးက မီးလေး ဘယ်တော့ စိမ်းလာ မလဲ ဆိုတာကို စောင့်ရတာ 3လ ရှိနေပါပြီ ကိုကို ရယ်... သဲ ကို စိတ်ဆိုးပြေပါတော့နော်..။

ခုဆို သဲ chatလဲမ chat တော့ပါဘူး...အားတဲ့ အချိန်မှာစာတွေလုပ်၊ စာဖတ်ပါတယ်။ အော် နောက်ပြီးတော့လေ.. ခုတော့ သဲ မှာ ဘလော့ ဆိုတဲ့ အဖော်လေး လဲ ရှိနေပါပြီ..အားတဲ့ အချိန် စာတွေ လိုက်ဖတ်ရင်းနဲ့ ဘလော့ရွာ လေးထဲကို သဲ ရောက်သွားခဲ့ပါတယ်..အဲ့ဒီ ရွာလေးထဲမှာ အိမ်လေး တစ်အိမ်ဆောက်ပြီး ကိုကို့ ကိုလွမ်းတဲ့ အကြောင်းတွေကို စာရေးဖွှဲ့ပြီးတော့ ...ကိုကို့ ကိုစောင့်နေပါတယ်၊ ပြီးတော့လေ...ကိုယ့်မှာ တကယ်ချစ်ရတဲ့သူ ရှိရင်..ကိုယ့်ချစ်သူမကြိုက်တဲ့(ကောင်းလဲ မကောင်းတဲ့)အပြုအမူတွေကို မလုပ်ကြပါနဲ့လို့ ဒီဘလော့လေးထဲမှာ မကြာမကြာထည့်ရေးမယ်..။ကိုကို ဒီစာလေး ကိုဖတ်မိရင်....သဲ ကိုနားလည်ပေးပြီး ပြန်လာခဲ့ပါနော်...။ သဲ လိမ္မာပါတော့မယ်..ကိုကိုရယ်...။





မှတ်ချက် ။ ။ နောင့် တကယ့်ဖြစ်ရပ် မဟုတ်ပါဘူး ရှင်....