Showing posts with label ဟိုအကြောင်း ဒီအကြောင်း. Show all posts
Showing posts with label ဟိုအကြောင်း ဒီအကြောင်း. Show all posts

Wednesday, June 24, 2009

သွေးလှုပွဲ တွင် KFC ညာစားကြသူများ

တနင်္ဂနွေ နေ့ကပေါ့....း)

ပြီးခဲ့တဲ့ တပတ်က အစ်မ တစ်ယောက်က ပြောတယ်.... နောင့် ..နင်သွေးလှုမလားတဲ့..။ လှုချင်ရင်စာရင်းပေးတဲ့... ဘာ
မှ မစဉ်းစားဘူး လှုမယ် ပြောလိုက်တယ်...။ ကိုယ့် တစ်သက်လုံး တစ်ခါ မှ သွေးမလှုဖူးပါဘူး...။ ဒါနဲ့ပဲ အဖော်ရအောင်
ကိုယ့် Gmail ထဲမှာ ရှိတဲ့ လူတွေကို chat ပြီး ဆွယ်ပါတယ်.. သွေးမလှုလား ...ငါ လှုမလို့ပေါ့လေ..။ တစ်ချို့ကလဲ လ
ှုမယ် ..တစ်ချို့ကလဲ မလှုဘူးပေါ့..။ လှုမယ်ဆိုရင် စာရင်းပေးဆိုပြီး လုပ်လိုက်တာ.. ကိုယ့် ကို စာရင်း ပေးတဲ့လူ 4
ယောက်ရှိပါတယ်..ကိုယ်အပါ 5 ယောက်ပေါ့ နော်..။ အဲ့ဒါနဲ့ ကိုယ့်ကို လာပြောတဲ့ အစ်မကို ..ကိုယ်က စာရင်းပြန်ပေး
တာပေါ့....အဲ့ဒီ အစ်မ ကလဲ သူခေါ်ထားတာက 2 ယောက်ဆိုတော့ အားလုံး 7 ယောက်ဆိုတော့ လူများလို့ ပျော်နေတယ်။
ပြီးတော့ ပြောသေးတယ် ...နင်တို့ကို ငါ သွေးလှုပြီးရင်... KFC ကျွေးမှာပါ တဲ့....။ ဝေး ပျော်စရာကြီးပေါ့နော်...။ ဒီလိုနဲ့
sunday မှာ တိုပါးရိုး ကိုသွားကြရော... ကိုယ့်ကိုလှုမယ်စာရင်းပေးထားတဲ့လူတွေကို ကိုယ်က spass တွေ မမေ့ဖို့ ၊ နေ့
လည် 1နာရီ အရောက်လာဖို့ မှာရတာပေါ့လေ..။ ပြီးတော့ ကိုယ်လဲ ကိုယ့်ကို ခေါ်တဲ့ အစ်မနဲ့ တူတူသွားတယ်..jurong
east interchange ကနေ ..506 စီးသွားကြတယ်..။ ဒီလိုနဲ့ ကားစောင့်နေတုန်း ဖုန်း လာတယ်.. 2 ယောက် ကသူတို့ မ
လိုက်ဖြစ်တော့ဘူးတဲ့....သိပ်နေမကောင်းချင်လို့တဲ့..။ ဟမ်...ကိုယ်လဲ ဘာမှ မပြောတတ်တော့ဘူး ..အေးလေ ပေါ့...ပြီး
တော့ ဟိုအမ ကို မျက်နှာငယ်လေး နဲ့ ပြောပြရတယ်...။ အဲ့ဒီ အမ ကလဲ ဘယ်တတ်နိုင်မလဲတဲ့...။ ဒါနဲ့ ဘုန်းကြီးကျောင်း
ရောက်တော့ ဘုရားကန်တော့ ၊ မုန့်ဟင်းခါးစားပြီးတော့... ကျန်တဲ့ သူငယ်ချင်း နှစ်ယောက်ကို ဖုန်းခေါ်တယ်...သူတို့ က
ပြောတယ် ရောက်နေပြီတဲ့...။ ကိုယ်လဲ ၀မ်းသာသွားတယ်။ ဒီနှစ်ယောက်တော့ တကယ်လာတယ်ဆိုပြီး ၀မ်းသာလို့ မှ မ
ဆုံးခင်...သူတို့ ဆက်ပြောတာက... နောင့် တဲ့..ဒီအလှုက ဘယ်သူ့ အတွက်လဲ တဲ့.. ဘာအတွက်လုပ်တာလဲ တဲ့... ကိုယ်
လဲ ကြောင်သွားတယ်.. ဟင်...ကျောင်း ၀င်း အ၀င်မှာထဲ ကဆိုင်းဘုတ်တွေနဲ့ စာတွေ နဲ့လေ..အရင်ထဲကလဲ FW မေလ်း
တွေနဲ့ ဖိတ်စာတွေရနေတာပဲ ..မသိဘူးလား ဆိုတော့...သူငယ်ချင်းက အဲ့ဒီ အတွက်ဆို ..မလှုချင်ဘူးတဲ့...ကြောက်တယ်တဲ့။
ကိုယ်ဘာပြန်ပြောရမလဲ.....ပြောစရာစကားလဲ မရှိဘူး...။ နားမလည် နိုင် ဘူး ဖြစ်နေပေမယ့်..အေးလေ..အေးပေါ့ ဆိုပြီး ဖုန်း
ချ ပစ်မိတယ်..။အစ်မ ကို အားနာပြီး တော့ ဘယ်လို ပြန်ပြောပြရမလဲ မသိတော့ဘူး..။ ဒါနဲ့ပဲ ကိုယ်တို့ အဖွဲ့မှာ... 7 ယောက
်ကနေ 3 ယောက်ပဲ ကျန်တော့ တာပေါ့ကွယ်.... 40% ပေါ့. ။. ဒီလိုနဲ့ သွေးလှုတဲ့ နေရာကိုသွားဖို့ ကားရောက်လာတယ်... 2
စီး ၊ 2 နေရာ ကိုသွားကြမယ်..။ ကိုယ်တို့ လဲ ကိုယ်တို့ နဲ့ နီးတဲ့ နေရာ ကိုသွားမယ့် ကားပေါ်တတ်ကြတာပေါ့... ။ ကိုယ်တို့
အဖွဲ့ ထဲက လူတွေ နည်းသွားပေမယ့် ကားပေါ်ကို သွေးလှုမယ့်လူတွေ တတ်လာတာ တစ်ဖွဲ့ ပြီး တစ်ဖွဲ့ ပျော်စရာကြီး ..။ စာ
ရင်း မပေးရသေးတဲ့ လူတွေလဲ ... ခုပေးလို့ ရသေးလား ဆိုပြီး လှုဖို့ လိုက်လာကြတယ်...။ ၀မ်းသာ ၀မ်းနည်း ခံစားရတယ်....
ဘာလို့လဲ တော့ မသိဘူး..။ကား ပေါ်မှာ အစ်ကို တစ်ယောက်က ပြောတယ်...သွေးယူတဲ့ အပ်ကြီးက အကြီးကြီးတဲ့.. သူ့လက
်ညိုးကို ပြပြီး ဒီလောက်ကြီး ရှိတယ်တဲ့..။ ဟင်..ကိုယ်..သွေးက နဲနဲ ကြောင်လာတယ်... ကြောက်တာပေါ့ နော်..အပ်အကြီးကြီး နဲ့
သွေးကို ဖောက်ယူမှာဆိုတော့ နာမှာပဲပေါ့...ဒါပေမယ့် ... ကိုယ် မငြင်းရဲတော့ဘူးလေ...ကိုယ် သာမလှုတော့ဘူး ထပ်ပြောရင် ...
ဟိုအစ်မ ကိုကိုယ့်ကို ဖနောင့်နဲ့ကို ပေါက်မှာ...ဟင့်ဟင့်။ ဒီလိုနဲ့ သွေးလှုရမယ့် နေရာကိုရောက်တော့ ..ကိုယ်လဲ ကားပေါ်ကသာ
ဟန်မပျက်ဆင်းပေမယ့် ..သွေးက နဲနဲ ပျက်နေပြီ...။ အပ်က အကြီးကြီးတဲ့ ..ဘုရားဘုရားပေါ့. ဘုရားတပြီး ကားပေါ်က ဆင်းလိုက
်တယ်..။ အထဲကို တာဝန်ကျနေတဲ့ လူတွေ က...သွေးလှုဖို့ ၀င်လာတဲ့ မြန်မာတွေကို ကြည့်ပြီးတော့.. မျက်လုံးတွေ ပြူးနေကြတယ်..
လူတွေက 40 ကျော်တာကို..။ ဒါနဲ့ form တွေဖြည့်ကြပေါ့.... သွေးလှုဖို့ အဆင့် 3 ဆင့်ကို ဖြတ်ရတယ်...။ ပထမအဆင့်ကို ခေါ်ဖို့
စောင့်နေတုန်း...သွေးကြောတွေ ကျဥ်းလား ကျယ်လား လိုက်စမ်းသတ်တဲ့ အစ်မ တစ်ယောက်က လိုက်စမ်း နေတယ်... မြန်မာပါပဲ.။
ကိုယ့် ကိုစမ်းနေတော့ ဘယ်ဘတ်လက်က သွေးကြောက သေးလို့တဲ့ လှုလို့ မရဘူးတဲ့ ...ညာဘတ် ကိုထပ်တိုင်းတယ်...ညာဘတ်
ကတော့ ရပါတယ်တဲ့...။ ဘာလို့လိုက်တိုင်းတာလဲ အစ်မ လို့ မေးကြည့်တော့ အပ်က ကြီးလို့တဲ့... အမလေး... ကိုယ်အော်ပြီး ထွက
်ပြေးချင်လာပြီ...ဒါပေမယ့် သူက ဆက်ပြောတယ်..ထုံဆေး ပေးမှာပါတဲ့.. ဟယ်...၀မ်းသာလိုက်တာ ပြောမနေပါနဲ့တော့...လူကလဲ
ပြန်ပြီး တက်ကြွလာတယ်... ။ ပြီးတော့ ကိုယ် သွေးလှုနေတဲ့ အချိန် ဓာတ်ပုံရိုက်ပေးဖို့ အစ်မ ကိုလဲ ပြောထားရသေးတယ်...ဟဲဟဲ။
သူက လှုလို့ မရလို့ မလှုပါဘူး..။ အဲ့ဒီ သွေးကြောလိုက်စမ်းနေတဲ့ အဆင့်မှာပါပဲ ကိုယ်တို့ အဖွဲ့ 3 ယောက်ထဲ ကတစ်ယောက်က
သွေးကြောသေးနေလို့ လှုလို့ မရတဲ့ ထဲပါသွားပါတယ်..။ 2 ယောက်ပဲ ကျန်တာပေါ့နော်..။ ဒါနဲ့ ပထမအဆင့် ကိုယ့်ကို ခေါ်တော့
ကိုယ်သွားတော့ ကိုယ့် form လေးပေး..သူတို့ လဲ ကွန်ပျူတာထဲ သွင်းစရာရှိတာ သွင်းပေါ့..။ ဒုတိယ အဆင့်ခေါ်ဖို့ ထပ်စောင့်ရပါ
တယ်...။ တစ်ချို့ သွေးလှုတဲ့ လူတွေလဲ လှုနေရပါပြီ..။ ဒုတိယ အဆင့်က ..ကိုယ်အလေးချိန်တိုင်း. သွေးပေါင်ချိန်တိုင်း.. အပူချိန်
တိုင်း တဲ့နေရာပေါ့...အဲ့ဒါ ကဆရာဝန် တွေ တိုင်းတာ... ကိုယ့် အလှည့်ကို ခေါ်တာလဲ မြန်မာ ဆရာဝန်မပဲ...။ကိုယ့် ကို အသက်
ဘယ်လောက်ရှိပြီလဲ တဲ့ ..လှုလို့ရော ရပြီတဲ့လား တဲ့..22 ကျော် ရှိပါပြီ ရှင့် ဆိုတော့..အော် ကြည့်ရတာ ငယ်ငယ်လေးလိုပဲတဲ့..
ဟဲဟဲ (ကြွားတာ.)။ ဒါနဲ့ ဒုတိယ အဆင့် အောင်ပြီး လို့ တတိယ အဆင့်ရောက်တော့ သွေးဖောက်ပါတယ်...ပြီးတော့ ပြွန်လိုလေးထဲ
ကို ထည့်ပြီး တိုင်းတယ်.. ခဏစောင့်ပါဆိုပြီး..စက်ဝိုင်းလို လည်နေတဲ့ ထဲကို ကိုယ့်သွေးကို စက္ကူလို လေးမှာ သုတ်ပြီး အဲ့ဒီ လည်နေ
တဲ့ ထဲထည့်ပါတယ်...။ ခဏ နေတော့ လှုလို့ မရပါတဲ့...။ iron နည်းနေတယ်တဲ့ ..။ ကိုယ်လဲ ကြောက်သွားပြီးတော့... ခုန က ကိုယ့်
ကို စမ်းတဲ့ ဆရာဝန်မလေး(မြန်မာ) ဆီ ပြေးတာ....။ အဲ့ဒီ အမလေး က မကြောက်ပါနဲ့ သံဓာတ် နည်း နေတာပါ တဲ့ ဆေးပေးလိုက်
မယ်တဲ့... ဆေးသောက်ပြီး ရင် လှုလို့ ရပါပြီတဲ့... ဟင့်။ အဲ့ဒါနဲ့ ကိုယ်လဲ အောင်မြင်စွာ ဆုတ်ခွာ လာခဲ့တယ်...။ ကိုယ်တို့ အဖွဲ့ထဲ
မှာ 1 ယောက်ပဲကျန်တော့တာပေါ့ နော်..။ စောင့်နေတဲ့ အမ ကို မျက်နှာငယ်လေးနဲ့ အကျိုးအကြောင်းပြောပြပြီးတော့ ကျန်တဲ့ တစ
်ယောက်ကို ဆက်စောင့်နေပါတယ်...။ ခဏနေတော့ အဲ့ဒီ ကျန်တဲ့ တစ်ယောက်ကလဲ..... မျက်နှာ မကောင်းစွာ(နဲနဲတော့ စပ်ဖြဲဖြဲ)
နဲ့ ပြန်လာပါတယ်...သူလဲ လှုလို့ မရပါဘူးတဲ့...သံဓာတ်နည်းနေပါတယ်တဲ့...။ ကိုယ်တို့ အဖွဲ့ ရဲ့ အောင်မြင်မှုရာနှုန်း ကတော့ ပထမ
7 ယောက် ..နောက် တော့ 3 ယောက် ..နောက်တော့... 0% အောင်မြင်တာပေါ့နော်...။ အစ်မ ကပြောတယ်...နင်တို့ လှုလို့ လဲ
မရပဲနဲ့ တဲ့...ငါကတော့ ဓာတ်ပုံ ရိုက်ပေးဖို့ စောင့်နေတာတဲ့. ငါကျွေးမယ့် KFC ကိုညာစားကြတယ်တဲ့...။ အဲ့ဒီလိုနဲ့ ကိုယ်တို့ လဲ
အောင်မြင်စွာ ဆုတ်ခွာ လာခဲ့ကြတော့တာပေါ့နော်...။ အမ ကပြောတယ်..... စိတ်ရှိဖို့ပဲ လိုတာပါတဲ့...ငါတို့ စိတ်ရှိလို့ပဲ လှုတဲ့ ဌာန
ကိုတောင် ရောက်လာပြီးပြီပဲ တဲ့...အဓိက လုပ်ဘို့ ထက် ..လုပ်ချင်တဲ့ စိတ်ရှိ ဘို့ ပဲ လိုတာတဲ့.... ဟုတ်တယ်နော်...။

နန်းမေဇင်အေး