ဒီရက်ပိုင်းအတွင်း ကိုယ်မပျော်ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့် ရဲ့ကိုကြီး ဆေးရုံနောက်တစ်ခေါက် ပြန်တတ်နေရပြန်တယ်။ ဒီတစ်ခေါက်ပြန်တတ်တာ ကိုယ့်အတွက် ပိုပြီး စိတ်ပင်ပန်း ရတယ်၊ စိတ်ပူရတယ် ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်မှာ မိုးရာသီ ဖြစ်နေလို့ပါပဲ ။
ကိုယ်တို့ ရွာလေးဟာ မိုးတွင်းဆိုရင် လမ်းပန်းဆက်သွယ်ရေး အရမ်းခတ်ခဲပါတယ် ။ စစ်တောင်းမြစ်ကို ဖောင်နဲ့ ဖြတ်ရတယ်။ဖောင်ဆိုတာက စက်လှေနှစ်စင်း ရဲ့ အပေါ်မှာ သစ်သား တွေနဲ့ လုပ်ထားတဲ့ အခင်းကြီးကြီးတစ်ခုကိုတင်ထားတာပါ..လူတွေ၊ ပစ္စည်းတွေ၊ စက်ဘီး၊ ဆိုင်ကယ်တွေက အဲ့ဒီ သစ်သားပြားကြီးပေါ်ကနေ လိုက်ရပါတယ် အကာတွေ၊ လက်ရန်းတွေ မရှိပါဘူး ။ အနက်ရောင်နယ်မြေ ဖြစ်တဲ့အတွက် တံတားဆောက်လို့လည်း မရပါဘူး။
နောက်ပြီး အဲ့ဒီ ဖောင်ကလဲ မနက် (6)နာရီမှ စဖွင့်သလို ညနေ(6)နာရီဆိုဖောင်ပိတ်သွားပါပြီ၊ အဲ့ဒါကြောင့် အဲ့ဒီ ဖောင်ဖွင့်ချိန် ၊ ပိတ်ချိန် မှီအောင် သွားရတာလဲ အလုပ်တစ်ခုပါပဲ ။ မမှီရင် ရွာနီးချုပ်စပ်က အိမ်တစ်အိမ်အိမ်မှာ အကူအညီတောင်းပြီး တည်းရ ၊ အိပ်ရပါတယ်..။
ဖောင်ပေါ်ကနေ ကမ်းပါး ပေါ်ကို တတ်တဲ့ အချိန်မှာလဲ ခြေမြဲမြဲ၊ လက်မြဲမြဲ နဲ့တတ်ရပါတယ် ။ ကမ်းပါးက မတ်ပြီး အရမ်းလျှော်တဲ့အတွက် ဖိနပ်နဲ့ တတ်လို့ လည်းမရဘူးလေ ။ဒါကြောင့် တစ်ချို့ အမျိုးသမီးတွေဆို လေးဖတ်ထောက်ပြီး တတ်ရပါတယ်။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေပါရင်တော့ နီးစပ်ရာ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီးတော့ တွန်းတင်ပေါ့ ။ ကူလဲကူညီ ကြပါတယ် အကူအညီမတောင်းရင်တောင်မှ ဒီလိုပဲ နောက်ကနေ ကူတွန်း၊ ရှေ့ကနေ ကူဆွဲတင် အဲ့လို ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေတော့ ရှိပါတယ်..။
ကမ်းပေါ်ကို ရောက်ပြီ ဆိုရင်လဲရွာကိုရောက်ဖို့ရွံ့တော၊ ဗွက်တော ထဲကနေ 7မိုင်လောက်ခရီးကို လမ်းလျှောက်ရပါသေးတယ် ။ နွေရာသီ ဆိုရင်တော့ စက်ဘီး၊ ဆိုင်ကယ် စီးလို့ရပါတယ် ။ မိုးတွင်းဆိုရင် အဲ့ဒါတွေ စီးဖို့ အရမ်း အန္တာရာယ်ကြီးတယ် ။ တော်ရုံလမ်းပဲ လျှောက်ကြရတယ်..။
အခုတော့ အဲ့ဒီလို လမ်းခရီးကို ကိုယ့် အဖေ နဲ့ အမေ တစ်လှည့်စီ ဖြတ်ကျော်နေရတယ် ။ ရန်ကုန်မှာ ဆေးရုံ တတ်နေရတဲ့ သားအတွက် အဖေ တစ်လှည့် အမေတစ်လှည့် လာပြီး စောင့်ရှောက်နေကြ ၊ ပြုစုနေကြ ရတယ်လေ ။
ကိုယ့် အစ်မကတော့ အချိန်ပြည့် အစ်ကို နဲ့ ဆေးရုံပေါ်မှာ တူတူနေရတာပေါ့ ။ မိုးတွင်းမို့ ခရီးမသွားစေချင်လို့ အစ်မ တစ်ယောက်ထဲနဲ့ အဆင်ပြေတယ် ပြောပေမယ့် မိဘမေတ္တာပေါ့....ဘယ်လောက်ပဲ အဆင်ပြေတယ်ပြောပြော လာပြုစုချင် နေကြတာပါပဲ ။
တစ်မိသား စုလုံး ရန်ကုန်မှာ လာနေဖို့ကလဲ ဘယ်လိုမှ အဆင်မပြေဘူးလေ ။ရွာမှာကမိုးရာသီဆို တကယ့်ကို အလုပ်ချိန်လို့ပြောရမယ် ။တစ်ရွာလုံးက ကွမ်းသီးစိုက်ပြီး စီးပွားရေးလုပ်ကိုင်ကြရတာလေ။ကွမ်းသီး ဆိုတာကလဲ မိုးရာသီလေး တစ်ချိန်ပဲ သီး ပြီးအလုပ်လုပ်ရတာကိုး ။အဲ့ဒီတော့ ဒီအချိန် တစ်ချိန် လေးပဲ အားကိုးပြီး လုပ်ရတော့ အိမ်ရှိလူကုန်လဲ ရန်ကုန်မလာနိုင်ဘူးလေ ။ အဲ့ဒီတော့ အဖေက တစ်လှည့်လာ တစ်ပါတ်လောက် နေပြီးရင် ပြန်၊ အမေ ကတလှည့်ပြန်လာ၊ အဲ့လိုလေး တွေလုပ်နေကြရရှာတယ် ။
ကိုယ်စဉ်းစားမိတိုင်း စိတ်မကောင်းဘူး ။ ဒီလမ်း ဒီခရီး ဘယ်လောက် ကြမ်းတမ်းလဲ ကိုယ်အသိဆုံးပေါ့ ။ ကိုယ်တို့ ဘတ်ကလူတွေ မိုးတွင်းဆို ခရီးမထွက်တော့တာ များတယ် ။ မဖြစ်မနေ သွားရမယ့် လူတွေလောက်ပဲ သွားကြတယ်လေ ။ လူငယ်၊ လူရွယ် ယောင်္ကျားသား တွေဆို အကြောင်းမဟုတ်ပေမယ့် ကိုယ့် အဖေ နဲ့ အမေ အသက်ကြီး ပြီ ၊ အရမ်းနဲ့ ကို ပင်ပန်းမှာပါပဲ ။ ဒါပေမယ့် သားဇော နဲ့ ပင်ပန်းရကောင်းမှန်း သိကြမှာ မဟုတ်ဘူး နဲ့ တူပါရဲ့ ။ အဝေးမှာ နေတဲ့ ကိုယ့်မှာသာ စဉ်းစားရင်း အစ်ကို အတွက် စိတ်ပူသလို မိဘများအတွက် ၀မ်းနည်းရင်း..................။
လူတိုင်း၊ မိသားစု တိုင်းမှာ ပြသာနာ ကိုယ်စီ ၊ သောက ကိုယ်စီ နဲ့ ရှိကြမယ် ၊ ရှိခဲ့ဖူးကြမယ် ထင်ပါတယ်....။ ကိုယ်ကတော့ အရင် ကမကြုံတွေ့ ခဲ့ရဖူးဘူး ။ အခုလို ကြုံ ရတော့ အရမ်း ခံစားရတယ် ။ အဲ့ဒီ သောက လေးတွေ ခုလိုချရေး လိုက်ရင် ပြေလိုပြေငြား ၊ တင်းကြပ်နေတဲ့စိတ်များပေါ့သွားမလားလို့....စိတ်ရဲ့ ထွက်ပေါက်ပေါ့ လေ.....။
25 comments:
နောင့်ရေ .. အဲ့လိုလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေအများကြီးရှိပါတယ် နောင်တို့ရွာလေးကအဲ့ထဲမှာပါတယ်နော် .. အမမရောက်ဖူးပေမယ့် သွားရလာရဘယ်လောက်ပင်ပန်းမယ်ဆိုတာ ဖတ်ကြည့်ရုံနဲ့သိသာပါတယ် မိဘမေတ္တာပေါ့နောင့်ရယ် သူတို့လည်းသူတို့သားအတွက်ပူပင်ရှာတာပေါ့ ပြုစုချင်မှာပေါ့ နောင့်အကိုအမြန်ပြန်လည်ကျန်းမာပြီး နောင့်တို့ရွာလေးလမ်းပန်းဆက်သွယ်မှုကောင်းမွန်လာပါစေလို့ဆုတောင်းပေးပါတယ်
ရင်ထဲရှိတာတွေ ထုတ်လိုက်ပါ
ဒါမှပေါ့သွားမှာပေါ့။ နားလည်ပေးပါတယ်
ညီမလေး အကို မြန်မြန် ကျမ်းမာပါစေ ..
မြန်မြန်နေကောင်းပါစေ။ လင့်မှတ်သွားပြီဗျ နောက်မှ အေးဆေးဆက်ဖတ်မယ်။ အဆင်ပြေပါစေဗျာ။
မမေဇင်အကိုမြန်မြန်ကျန်းမာပါစေဗျာ...တကယ်လေးလေးနက်နက်ဆုတောင်း
ပေးပါတယ်...။
လင့်ယူသွားမယ်နော် စီဘောက်မတွေ့လို့ တပ်ချင်ရင်တော့ ကူညီပါ့မယ်...။
အေးဗျာ ဘယ်လိုပြောရမလဲ
လမ်းပန်းဆက်သွယ်ရေးမကောင်းတာတော့ တော်တော်ဆိုးတယ်
ကျနော်ကိုယ်တိုင်လမ်းပန်းဆက်သွယ်ရေးလုံးဝမရှိတဲ့သူငယ်ချင်းတွေရွာကို
သွားလည်ဖူးတော့ကိုယ်ချင်းစာတယ်
မေလေးတို့ရွာလေးအမြန်တိုးတက်ပါစေလို့ပဲ :)
မေဇင်လေး အစ်ကိုမြန်မြန်နေကောင်းပါစေ လို့ ဆုတောင်းပေးပါတယ်
နောင့်အစ်ကို နေကောင်းသွားမှာပါ။ စိတ်အေးအေးထား။ :)
အခုလို မောင်နှမတွေက ဝိုင်းပြီး ဆုတောင်းပေးတော့လဲ တမျိုးအားရှိသွားတာပေါ့...
အကို အမြန်ဆုံး နေကောင်းပါစေ...
လူတိုင်းမှာ တမျိုးမဟုတ်တမျိုး အပူတွေရှိကြပါတယ် မေဇင်ရေ။
အကောင်းဆုံးကိုသာ မျှော်တွေး။ ဟုတ်တယ်ဟုတ်။
လာလည်ပြီးလင့်ခ်ထားလို့ ကျေးဇူးနော်။
နောင့်ရေ.... စိတ်အေးအေးထား မေတ္တာသာပို့ပေးပါ.. အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ရတနာသုံးပါးတော့ မမေ့နဲ့...
နောင့်အကို အမြန်နေကောင်းပြီး ပျော်ပျော်ကရွှင်ရွှင်နဲ့ မိသားစုအမြန်ဆုံစည်းနိုင်ပါစေ...
မမရေ မမနွေးပြောသလိုပါပဲ ရတနာသုံးပါးမမေ့နဲ့နော့် အားလုံး အဆင်ပြေသွားပါလိမ့်မယ် နော်
ညီမလဲ သိပ်မပြောတတ်ဘူး မမရယ် သိလား
တာ့တာ ဒါပဲနော် ဘိုင်
nay kg hmar par... pee yin kg tal. nay yar lay mar parents tway ko lote kyway naing par say!
Mone Thu
don't worry so much!!! think about what u can do the best. before u don't have money to help ur family. but now u can help. so think positive way naw.
ညီမလေးအစ်ကို အမြန်ဆုံးပြန်လည်ကျန်းမာနိုင်ပါစေ လို့ဆုတောင်းပေးပါတယ် ညီမလေးနောင့်ရေ.
စီဘုံးထည့်နည်းလေး အဆင်မပြေသေးဘူးလား ညီမလေးရေ.
ညီမလေးရဲ့ဘလော့ခ်လင့်ခ်ကလေးယူသွားပါတယ်နော်.
အဆင်ပြေပါစေ။
မေဇင်ရေ...
လာလည်သွားပါတယ်... ကြိုးစားပါနော်။ အားမငယ်ပါနဲ့။
ညီမ အစ်ကိုနေကောင်းမှာသေချာပါတယ်။နေကောင်းလာရင် လျောက်လည်ကြပေါ့....
ဒါနဲ့ C-box မတ္ဂေ့ဘူးဖြစ်နေပါတယ်...
ပျော်ပါစေခင်ဗျာ..
ဘယ်လိုနေရာမျိုးလေးလဲ သိချင်လိုက်တာ..
ကွန်းသီးစိုက်တာလည်း လာလေ့လာချင်တယ်
မိုးရာသီ ခရီးမထွက်ရရင်တော့
တော်တော် ပျင်းဖို့ကောင်းမှာပဲ....
အကို နေမြန်မြန်ကောင်းပါစေ
ညီမလေး အကိုမြန်မြန် နေကောင်းပါစေ....လို့
ဆုတောင်းပေးပါတယ် ။
ဘာပဲဖြစ်ဖြစ် စိတ်လေးငြိမ်အောင် ပုတီးဆိတ် ...တရားလေးထိုင်ပါ ..
ရတနာသုံးပါးကို အမြဲစိတ်ထဲရှိပါ.....အပူအပင်တွေ ငြိမ်းချမ်းသွားမှာပါ...
လင့်ယူသွားပါရစေ.....အာပေးလျှက်ပါ ။
ချစ်ခင်စွာဖြင့်
ဂျစ်တူး
မေဇင်လေးရေ
စိတ်ညစ်တာညစ်တာပေါ့နော်။ စိတ်ဓါတ်တော့မကျနဲ့နော် ညီမ ။အစ်ကိုအတွက် ဆုတောင်းပေးသွားပါတယ်။အမြန်ဆုံးနေကောင်းပါစေနော်။
ဒီလိုပါပဲဗျာ... မိဘဆိုတော့လဲ ကိုယ့်သားသမီးကိုးဗျ.. ဒီလောက်တော့ ရှိမှာပေါ့ဗျာ...။ အေးဗျာ ရွာရဲ့ လမ်းပန်းဆက်သွယ်ရေးတွေကလဲ ဟိုး လွန်ခဲ့တဲ့ ၁၀နျစ်ကလဲ ဒါပဲ ခုလဲ ဒါပဲဆိုတော့လဲ.........။
ဒီပို့စ်လေးကိုဖတ်မှပဲ စစ်တောင်းမြစ်ကြီးကိုတောင် လွမ်းသွားတယ်။ ဟုတ်တယ်နော်။ အဲ့ဒီဒုက္ခတွေကို ပါးလုံးတို့ ကောင်းကောင်းကြီးခံစားခဲ့ရ ဖူးတယ်။ မမအကိုမြန်မြန်ကျန်းမာပါစေ။ နေကောင်းပါစေ။ ဘုရားသခင်ကောင်းချီးပေးပါစေ။ စီပုန်းတွေ့ဘူးနော်။ လာလည်တာလည်း ကျေးဇူးတင်ပါတယ်။ နိုင်သလောက်ကူညီမယ်ဆိုရင် ပါးလုံးစလုပ်တာနဲ့ကူညီရမယ်နော် အဟိ အခုထဲက ကပ်ထားတာ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ညီမမေဇင်ရေ
ခုစာလေးရော အရင် အခန်းပြောင်းတဲ့ပို့စ် ပါလာဖတ်သွားပါတယ်
ညီမရဲ့အကို မြန်မြန်နေကောင်းကျန်းမာပါစေကွယ်
ညီမလည်း ကျန်မာအောင် နေအုံးနော်။ စိတ်ပူတာလည်းပူတာပေါ့
ခင်မင်စွာဖြင့်
သီဟသစ်
ကုသိုလ်ကံကောင်း၍ ကံကောင်းသည့်အရပ်ကို ရောက်လာသည်ဟူ၍ မှတ်ယူပြီး ကုသိုလ်ပြုတိုင်း မိသားစုကို ရှယ်ရာလုပ်ပေးခြင်းဖြင့် မိဘကျေးဇူးကို ဆပ်ရာရောက်အောင် ကြိုးစားပါ။
သာယာပျော်ရွှင်ဖွယ်ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။
Post a Comment