Friday, July 17, 2009

အဖော်မွန်လေး အတွက် ကျေးဇူးပါ။ (Tag Post)

"အစ်မ..."

" အေး "

" အစ်မ..အားရင် ... ဒါလေး http://www.monethu.blogspot.com/

နှိပ်ပြီး ဖတ်ကြည့်ပါဦးနော်... ဟိဟိ ...အစ်မ မရီရဘူးနော်.."

" အေး "

အဲ့ဒါ ကိုယ့်ဘလော့လေး ရဲ့ အဖွင့်ပါပဲ......။ ဘလော့တကာကို လည်နေတာ ကြာပါပြီ ...ဒါပေမယ့် comment လေးတောင် မပေးတတ်ခဲ့ပါ ဘူး..။ comment ပေးမယ် ကြိုးစားလိုက်တိုင်း မအောင်မြင်တာ နဲ့ပဲ... စာဖတ်ပြီး တစ်ခုခုကို ပြောချင်စိတ် အရမ်းပေါက်လာခဲ့ရင် C box ထဲမှာ နဲနဲ တော့ ၀င်ပြောခဲ့တယ်..။ အဲ့ဒါ ကပြောရ လွယ်ပေမယ့်...ကိုယ်ပြောချင်တာ အကုန်လဲ မပြောရဲဘူးလေ အဲ့ဒီ C box ကိုနှုတ်ဆက်ရုံလေး အတွက် လုပ်ထားတာလို့ထင်ခဲ့တာကိုး ။

ဒီလိုနဲ့ပဲ လိုက်ဖတ်ရင်း မမမိုးချိုသင်း.ဘလော့လေးထဲ ရောက်သွားရော ။ အမြဲဝင်ဖတ်ဖြစ်ပြီး တစ်ခုခု ပြောချင်ရင် Cbox ကအဲ့ဒီဘလော့လေးထဲ မှာမရှိဘူး ...ဒါနဲ့ပဲ ဘာပဲဖြစ်ဖြစ် comment ရအောင် ပေးမယ် ဆိုပြီး bogger sign up ကိုနှိပ်လိုက်ပြီးတော့ မရ ရအောင် လုပ်လိုက်တာ ပေးလို့ရသွားတယ် ။ အဲ့ဒီလို လုပ်ပြီးပေမယ့်...အဲ့ဒါ blog တစ်ခု ဖွင့်ထားတာမှန်းလဲ သတိမထားမိသေးပါဘူး.....။

တစ်နေ့ တော့ ကိုယ့် ရဲ့ gmail password ပြောင်းမယ် ဆိုပြီး account setting ထဲကို ၀င်လိုက်တော့ blogger ဆိုပြီး တွေ့ပါတယ် ။ ကိုယ်လဲ ဘာမှန်း မသိပဲ click နှိပ်လိုက်တော့ Posting box ကျလာပါတယ် ။ အဲ့ဒါနဲ့ Title မှာ ... ကိုယ် စင်္ကာပူ ဘာကြောင့်ရောက် လို့ ရိုက်ထည့်ပြီး ... အောက်က box မှာ ရောက်လာရတဲ့ အကြောင်းလေးတွေကို စိတ်ထဲ ရှိသမျှ ချရေးလိုက်တာ စဉ်းစားစရာတောင် မလိုဘူး စိတ်ထဲမှာ ရှိနေတဲ့ အကြောင်းအရာတွေပဲ ။ ရေးလဲပြီး ရော.... publish post ဆိုတာကို နှိပ်ချလိုက်တော့ View blog တဲ့... ကြည့်လိုက်တော့.... ကိုယ်အမြဲ သူများ တွေထဲ ၀င်ဝင်ဖတ်နေတဲ့ တကယ် blog လေးတစ်ခု ကိုဖန်းတီးမိသွားပြီဆိုတာ သိလိုက်ရတယ် (အိမ်လေး မလှတာက လွဲပြီး) ။ စိတ်ထဲ ... ပျော်သလိုလို ဘာလိုလို ဟာတာတာ နဲ့ ဘယ်လို ခံစားချက်မှန်းလဲ မသိဘူး... တစ်ယောက်ယောက်ကိုလဲ အရမ်းပြောပြ ချင်တာနဲ့ ကိုယ့် နဲ့ ၀ါသနာတူ မမပဲခူးသူ (မြန်မာပြည်မှာတုန်း ကကိုယ့်မန်နေဂျာ) ကို လင့်လေး ခုလို ပေးပြီး ပထမဆုံး မျှဝေလိုက်တယ် ။

" အစ်မ.... ဟိဟိ ကောင်းလား.. နောင့် ကိုယ့်ဘာသာ blog လေးလုပ်တတ်သွားပြီနော် အစ်မ.. ပျော်လိုက်တာ ဘယ်သူမှလဲ မသိကြဘူး အမပဲ သိတယ် ၊ .. သိလား "

" အေး ...မဆိုးပါဘူး...ဘယ်သူမှ မသိလဲ ငါ ဖတ်ပေးမှာပေါ့...ဆက်သာရေး " တဲ့


အဲ့လို အားပေးမှု ရခဲ့ပါတယ် ။ အဲ့ဒီတုန်းကများ ... ပျော်လိုက်တာ ... c box လဲမရှိ comment ဆိုတာ ဘယ်နေမှန်း မသိတဲ့ ကိုယ့်ရဲ့ တစ်ပုဒ် ထဲသာ ရှိတဲ့ blog အသစ်မပြည့်မစုံလေးကို ကြည့်မ၀ဘူး ။

ကိုယ်က ရုံးရောက်တာနဲ့ ကွန်ပြူတာ စဖွင့်ပြီ ဆိုတာနဲ့ မမနိုင်းနိုင်း ထဲအရင်ဝင်ပြီးတော့ အဲ့ဒီက လင့်လေးတွေက တစ်ဆင့် အိမ်လည်တာပါ။ ကိုယ့် မှာ blogအသစ်လေးပိုင်ဆိုင်ပြီး နောက်နေ့လဲ အစဉ်အလာမပြတ် အဲ့လို လည်ပြီး comment ပေးချင်တဲ့ အိမ်လေးတွေမှာ ၀င်ပေး ပြီးတော့မှ ကိုယ့် အလုပ်ထဲကို ပြန်လာတယ်။ အလုပ်ထဲ ရောက်ပြီးတော့မှ ကိုယ့် blog လေးကို သတိတရ ၀င်ကြည့်လိုက်တော့ 1 comment တဲ့ .... ကိုယ့် စိတ်ထဲသိချင်စိတ်တွေနဲ့ ဘယ်လိုဖြစ်သွားလဲ မသိဘူး.... ကိုယ့် ကို ပထမဆုံး ၀င်ပြီး comment ပေးတာက ကိုမင်းအိမ်ဖြူ.ပါ ။ တကယ်ကို ကျေးဇူးတင်ပါတယ်။ အရမ်းကိုလဲ ၀မ်းသာ ခဲ့ပါတယ် ....။


နောက်နေ့ အိမ်လည်တော့ ကိုယ့်ရဲ့ ဘလော့လေး ကိုပထမဆုံး လင့်ချိတ်ထားပေးတဲ့ အိမ်က ကိုဗီလိန်. ပါ ။ တွေ့တွေ့ချင်း ကြောင်သွားတယ်...ဟုတ်မှ ဟုတ်ရဲ့လား ပေါ့ ... နောက်ပြီး ကိုယ့်ကို ကိုယ်သိပ်ကြိုက်တဲ့ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုတာခံရတဲ့ ခံစားချက်လေး.....အရမ်းပျော်ပါတယ်။ တကယ်သိပ်ပြီး ကျေးဇူးတင်ခဲ့ရပါတယ်။


အဲ့ဒါလေးတွေက ကိုယ့်မှာ စိတ်ထဲရှိတဲ့ ရေးချင်တာလေးတွေကို ရေးဖို့ အင်အားတွေ ဖြစ်ခဲ့ရပါတယ် ။ ဒီလိုနဲ့အိမ်လေးကို လူနဲနဲချင်း သိခဲ့ပါတယ်ရှင် ။ ပြီးတော့ C box ချိတ်နည်းကို comment ထဲမှာ လာရေးပြီး သင်ပေးတာက မမသက်ဝေ.cbox လေးချိတ်ပြီးတဲ့ နေ့ကလဲ ပျော်တာပါပဲ။ နောက်ပြီး ခုလက်ရှိ အိမ်လေးထဲမှာ ရှိနေတဲ့ ပစ္စည်းလေးတွေကို ထည့်ပေးတဲ့ မေလေး. နဲ့ ထောပတ်သီး ... ။


အိမ်လေး ထဲကို လာလည် တတ်ကြတဲ့ ကိုယ့် ရဲ့ အစ်ကို၊ အစ်မ၊ မောင်လေး၊ ညီမလေး တွေ အားလုံးကို အကုန် နံမည်တွေကို ချရေးရရင်ဖြင့် ပိုစ့်တစ်ခု ဘာမှ မရေးရပဲ အရမ်းရှည်သွားမှာမှာစိုးလို့ပါ ။ စိတ်ထဲမှာ အားလုံးကို အထူးကျေးဇူးတင်ပါတယ် ။


နောက်ပြီး ကိုယ့် အိမ်လေးထဲက စာပုဒ်အရေ အတွက် မများသေးလို့လားတော့ မသိဘူး .... ဘယ်ခေါင်းစဉ်အောက်မှာ comment ကဘယ်နှစ်ခု ဆိုတာကို အားလုံး မမှတ်ထားရပါပဲ စိတ်ထဲစွဲနေပါတယ်...။ ပြီးခဲ့တာ ရေးခဲ့တာ အချိန်နဲနဲ ကြာသွားပြီ ဖြစ်တဲ့ စာလေး များကို ဖတ်မယ့်လူ မရှိ comment ပေးမယ့်သူမရှိဘူးဆိုတာ သိသိရက်နဲ့ နေ့တိုင်းနီးပါး ပြန် ပြန် ကြည့်တတ်ပါတယ် ။ တစ်ခါ တစ်လေ များအသစ်တစ်ခု လောက်များတိုးနေတာတွေ့ရင် အရမ်းဝမ်းသာတာပါပဲ... အသိအမှတ်ပြုခြင်း သဘောကို ဆောင်တယ်လို့ ယူဆတယ်လေ။ comment ဆိုတာ အင်အားတစ်ခုပါပဲ ..။ အဲ့ဒါကြောင့် ကိုယ့်လဲ သူများ အိမ်တွေ သွားရင် တစ်ခုခုတော့ ခြေရာလေး ချန်တတ်ခဲ့ပါတယ်။


ဒါပေမယ့် တစ်ချို့ကျတော့လဲ အချိန်အား မရှိတာ ကိုယ်ချင်းစာပါတယ် ....ကိုယ့်အိမ်ကို လာလည်တာလေးကိုပဲ အရမ်းကျေးဇူးတင်ရပါတယ် ။


နောက်ပြီး ကိုယ့် ခံစားချက်လေး တစ်ခုက မောင်နှမတွေ အားလုံးကို စိတ်ထဲရင်းနှီးချစ်ခင် နေတာပါပဲ...။ အိမ်လေးတွေ လိုက်လည် စာလိုက်ဖတ်ပြီးရင် .... အဲ့ဒီ အိမ်ပိုင်ရှင် ကိုယ်နဲ့ လဲ မသိ မမြင်ဖူးပေမယ့် စိတ်ထဲ မှာ တကယ့်အရင်းအချာလို ခံစားရတယ်..။ စာလေးတွေ ဖတ်ပြီး ပုံစံလေးတွေကို မှန်းဆပြီး မြင်ယောင် ကြည့်မိတယ်..။ ဒီစာရေးတဲ့ အိမ်ပိုင်ရှင်ကတော့ ပျော်ပျော်နေတတ်တယ်..၊ ဒီအိမ်ပိုင်ရှင်ကတော့ စိတ်ထားလေး နှုးညံ့လိုက်တာ..၊ ဒီအိမ် ပိုင်ရှင်ကတော့ မဟုတ်မခံစိတ် ရှိမယ့်ပုံပဲ...ဘာညာ အဲ့လိုလေးတွေပေါ့...။

တစ်ခါ တစ်လေ.. fw mail တွေရခဲ့လို့ကိုယ်ကတော့ ဘယ်သူရေးထားတာ သိနေတော့ ပျော်နေတာပေါ့လေ fw mail တောင်ပို့ကြတယ်ဆိုတော့ သူများ ကြိုက်ကြလို့ ဆိုပြီးတော့ ...ဒါပေမယ့် စာရဲ့ အောက်ဆုံးမှာ ဖန်တီးတဲ့သူ(ရေးသူ)နာမည်မပါ တဲ့အခါတွေများ ၀မ်းနည်းမိတယ်...။ ဘာပဲဖြစ်ဖြစ် ထည့်ပေးသင့်တာပေါ့နော်..။ မောင်နှမ တွေကို ထိလာရင်လဲ မခံတတ်ပါဘူး...ကိုယ့် သူငယ်ချင်းတွေ ကိုယ်ဘလော့ရေးတာ မသိကြပါဘူး...သူတို့ နဲ့ စကားပြောလို့ ဘလော့အကြောင်းများ ရောက်သွားရင် မောင်နှမတွေရဲ့ ကောင်းကြောင်းလေးတွေ ပြောကြရင် အရမ်းဝမ်းသာတာပဲ...ဒါပေမယ့် ဘာဖြစ်တယ် ညာဖြစ်တယ် ဝေဖန်ရင်တော့ မကြိုက်ဘူး.. တစ်ခါတစ်လေ စကားတောင် များရပါတယ်..း) ။

ဘာပဲဖြစ်ဖြစ် ...ဒီလောကလေး ထဲမှာ နေရတာ ပျော်တယ်..။ ပျော်အောင်လို့ မောင်နှမတွေ ကလဲ စောင့်ရှောက်ကြတယ်...။ တကယ်တော့ မြင်ဖူးတဲ့သူဆိုလို့ မမ၀ါ ၊ မမ မနိုင်းနိုင်း ၊ မေလေး ရယ် နွေးနေခြည် ရယ် ပဲ ရှိပါတယ်..။ အဲ့ဒါကလဲ ...ဓာတ်ပုံပဲ မြင်ဖူးတာပါ ။ ဒါပေမယ့် အားလုံးကို မမြင်ဖူးပေမယ့် သံယောဇဉ်က အများကြီးပဲ ။ အားလုံးပဲ ထပ်တူ ခံစားရမယ်လို့ ထင်ပါတယ်..။ တကယ်တော့ ဒီဘလော့လေးက ကိုယ့်ရဲ့ တကယ့်ကို အဖော်မွန်ကောင်းလေးပါပဲ.....မမြင်ရပဲနဲ့ဖြစ်တဲ့ သံယောဇဉ်လေးတွေလဲ တိုးပွားစေတယ် ။ ကိုယ့်ရဲ့ အဖော်မွန်ကောင်း ဘလော့လေး အတွက် အားလုံး အားလုံး ကို ကျေးဇူးတင်ပါတယ် ရှင်..။



" ကိုသားကြီးရေ...စိတ်ထဲ ခံစားရသလိုလေး ရေးလိုက်ပါတယ်... ရင်နှင့်ရင်း၍ ဆိုတဲ့ နာမည်လေးကို နောင့် ရဲ့ အဖော်မွန်လေး လိုခံစားရလို့ နာမည်လေး ပြောင်းပြီး ရေးလိုက်ပါတယ်ရှင်..." ။

42 comments:

မေဇင် said...

ဒီတစ်ပုဒ်မှာ comment ရေးတာ မရလို့တဲ့. ပြောကြလို့... စမ်းရေးကြည့်တာပါ....။ ရင်ထဲမှာ ရှိတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ မောင်လေး ညီမလေး များ....အားလုံး အားလုံး...း)

မေလေး said...

နောင်

မေလေး said...

နောင်
အမှတ်တရ ထည့်ရေးပေးတာ ကျေးဇူးပါ။ခူန မန့်ထားတာတွေ ကုန်ပြီ။ခက်လိုက်တာ မန့်လို့။

သားကြီး said...

ခုလိုရေးပေးတာကိုကျေးဇူးအထူးပါဗျိုးးးးးးးးးး
monethu ဘလော့ရဲ့ဖြစ်တည်ပုံလေးကိုရိုးရိုးနဲ့ရှင်းရှင်းရေးသွားတာကို ကျေကျေနပ်နပ်ကြီးဖတ်ရှုသွားတယ်
ကွန်မန့်လေးတွေရဲ့အရာရောက်မှုကိုလည်းတွေ့ရှိသွားတယ်
ဘယ်လိုစိတ်ကူးနဲ့ပဲမန့်ခဲ့ မန့်ခဲ့ ပိုစ်တင်တဲ့သူအတွက်တော့
စာအတွက်ရရှိတဲ့ရလဒ်မို့လို့ဘယ်သူဖြစ်ဖြစ်ပျော်ကြမှပါပဲ
ခုထိဒီtagလေးကိုရေးထားကြတာကိုလိုက်ဖတ်ရတာ
စတင်ပုံခြင်းတော်တော်များများတူကြတယ်လို့ပဲဆိုလိုက်ချင်တယ်
ကျေးဇူးနောင့်ရေးးးးးးးး :)

kyalkalay said...

အဖော်မွန်နဲ့လက်တွဲမြဲပါစေဗျာ

မိတ်ကောင်းဆွေကောင်း တွေ နဲ့ ဝိုင်းဝိုင်းလည် နေတဲ့ အဖော်မွန် လေး ကို
အမြဲလာအားပေးမယ်

Anonymous said...

ပထမဦးဆုံး လာလည်တဲ့အနေနဲ့နှုတ်ဆက်သွားပါတယ်..နောက်လဲလာပြီးဖတ်ပါဦးမယ်.
သထုံသူ..

Angel Shaper said...

နောင့်ရေ... ဖြစ်တည်ရခြင်းလေးတွေ ကွဲလွဲစွာတူညီနေကြတာတွေ့ ရတယ်။
ဖတ်လို့ ကောင်းအောင်ရေးတတ်လိုက်တာဟယ်။
ဆက်ရေးပါ၊ တို့ မောင်နှမတွေ အားလုံး ပျော်ရွှင်စွာ ခင်မင်မှုလေးတွေ မြဲပါစေလို့ ဆုတောင်းလိုက်ပါတယ်။

avocado said...

နောင့်ရေ စာရေးတာတော်လိုက်တာ :)

Bagothu said...

နောင့် ဒါက တို့ရဲ့ မှန်ကန်တဲ့စိတ်ထွက်ပေါက်တစ်ခုမို့ အားပေးလျှက်ပါ။

ကျောပိုးအိတ် said...

ဘလော်ဂါတစ်ဦးရဲ့ ရင်ထဲက ခံစားချက် အပျော်တွေကို မျှဝေသွားပါတယ်

Unknown said...

hi Mone Thu
Go ahead!!!! i like ur writing.

Rita said...

So good!

Thank u for visiting me!

kiki said...

အ​ဖေါ်မွန်​လေး နဲ့ အမြဲ ​ပျော် ရွှင် ​နေနိုင် ပါ​စေ ​နောင့် ​ရေ ...

ပီတို့ လည်း တ​ယောက် နဲ့  တ​ယောက် မမြင် မ​တွေ့ ဖူး ကြ ​ပေမဲ့  ..
ခုလို ခင်မင် ​နေရတာ ​ပျော်စရာ တမျိုးပဲ ​နော် ..

ပီ..ကိကီ

နေဒေးသစ် said...

ဘလော့တစ်ခု ဖြစ်တည်ခဲ့ကြပုံတွေ ဖြစ်တည်လာကြပုံတွေကတော့ မျိုးစုံပါပဲ ...
စိတ်ဝင်စားစရာ ကြည်နူးစရာ ... တစ်ချို့လည်းခံစားချက်တွေ သွန်မှောက်ဖွင့်ချဖို့ ...

တစ်ချို့လည်း .....
ရည်ရွယ်ချက်မျိုးစုံ အကြောင်းအရာမျိုးစုံ ...

ဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့ ဖြစ်ဖြစ် ဘလော့လောကလေးက တကယ်ကို စိမ်းစိမ်းစိုစိုနဲ့ ပျော်ရွှင်စရာ ကောင်းတာ အမှန်ပါ ...

ပို့စ်လေးကို ဖတ်ပြီး ကြည်နူးရတယ် ..
ခံစားချက်တွေ စာနာနားလည်ပေးတတ်ကြတဲ့ မိတ်ကောင်းဆွေကောင်း သူငယ်ချင်းကောင်းတွေ လက်တစ်ဆုပ်စာ မက ရှိနေတာ တွေ့ရတော့ ကျေနပ်ရတယ် ..

ရှေ့ဆက်ပြီးလည်း ဘလော့ဥယျာဉ်လေးထဲမှာ စဉ်ဆက်မပြတ် ဝေမျှ ခံစား ကြည်နူးတည်တံ့နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းခဲ့ပါတယ် ..

နေဒေးသစ်။

နဒီမိုးညို said...

နဒီ..ရဲ့ ဘလော့လေးကို..အစပိုးတုန်းကလဲ..ဒီလိုပဲ.မေဇင်ရေ
အိမ်ပဲလည်တတ်တယ်..မရေးတတ်ဖူး..အဲဒါနဲ့ ..ချစ်သူကို..
ဘလော့လေး..တစ်ခုလောက်လိုချင်တယ်..ပူဆာရတာ..ဟီးး
ချစ်သူက..အစအဆုံးအိမ်လေး.ဆောက်ပေးတာပါ..
ကော်မန့် ပေးသမားလဲ..မလာဖူး..ဆိုလို့ ..အားမငယ်ပါနဲ့ တဲ့
ကိုယ်အရင်ဆုံးပေးမှာပေါ့တဲ့...ခစ်ခစ်..နောက်..ဒုတိယ..တစ်ယောက်က
ိcrazydreamlover.com..ဆိုပြီး..လာပေးသွားတာ..
အဲအချိန်ကစပြီး..အခုထိ..ကော်မန်ု့တွေ..နဲ့ ပိုစ့်တွေ..အာလုံးကို..
copy ကူးပြီး.သိမ်းထားတယ်...နဒီ..လဲ..နဒီ..အိမ်လေး.ကို.အရမ်း.ချစ်တယ်.
အမြဲတမ်း..အားပေးနေမယ်နော်..အားတာနဲ့ အိမ်လည်ထွက်ရင်.မေဇင် အိမ်..အရင်ဆုံးလာတယ်...
ပျော်ရွှင်ပါစေ

Mogok Thar said...

ဘ၀ အဖော်မွန်နဲ့ ထာဝရ ပျော်၇အင်စွာ လက်တွဲ မြဲ ပါစေဗျာ။
စာကလေး ဖတ်ပီး ကော်မန့် ပေးမယ်ဆိုတော့ အိမ်ကေလး စည်ကား စိုပြေနေတာ ကော်မန့်လေးဖတ်ပြီး ကိုယ်တောင် ပျော်လာသေးရင် အိမ်ရှင်လေးလဲ ဘယ်လောက် ၀မ်းသာမလဲ တွေး ပျော်မိပါတယ်။
ပျော်ရွှင် ချမ်းမြေ့ပါစေ။

ဝက်ဝံလေး said...

မမရေ အခုမှအားလို့လာဖြစ်တာနော် စိတ်မဆိုးဘူး ဟုတ် ဟဟဟ မမလဲ ကိုသားကြီးကို ကြောက်သား ချက်ချင်းကို အကြွေးဆပ်ပလိုက်တာပဲ ခိခိ

ဖတ်ပစ်လိုက်တယ် အားလုံးကို အခု အားလုံးကိုသိသွားပြီ (ဘာတွေ ရေးထားတာလဲ ဟင် ) ဟဟဟ စတာနော် တကယ်ဖတ်တယ်နော် ခစ်ခစ် (တက်တာဟုတ်ဘူးနော် ရယ်တာ )

ဘိုင်

မေ့သမီး said...

ဟုတ်တယ်။ ကိုယ်ရေးထားတာလေးတွေကို comment ပြန်ဖတ်ရတဲ့အခါ ရတဲ့အင်အားကဘာနဲ့မှမတူဘူး။ အရမ်းကိုခံစားရတယ်။ မေ့ဇင့်ဘလော့လေး အောင်မြင်ပါစေ။

သီဟသစ် said...

နောင့်ရေ

အဖော်မွန်လေးနဲ့ ထာဝရလက်တွဲနိုင်ပါစေကွယ်။ ခုလိုစာကောင်းကောင်းလေးတွေ အများကြီးရေးနိုင်ပါစေ.

ခင်မင်စွာဖြင့်
သီဟသစ်

စည်သူ said...

ဒို့ ကတော့ တောကဆိုတော့
ရှည်ရှည်ဝေးဝေး မပြောတတ်ဘူး
ဟေ့ညီမရေ...အတူတူပဲလေး....။

ဇော် said...

ဟုတ်ပါ့ဗျာ။ တူတူပါပဲ။ =)

သက်ဝေ said...

ညီမလေးရေ...
အဲဒါ Blogger ဖြစ်လာတဲ့ သူတွေရဲ့ ပုံမှန်ခံစားချက်ပါပဲ...
ခံစားချက်ချင်းလဲ ထပ်တူ ထပ်မျှပါ
တဖြည်းဖြည်းနဲ့ ရော့ပါးသွားတယ်မရှိ...
ပိုပိုဆိုးလာတဲ့ ရောဂါဆန်းတခုဆိုရင်လဲ မမှားပါဘူး...
အမတို့တွေလဲ ဒီရောဂါထဲမှာ ပျော်မွေ့နေကြတာ
အခုဆို အချိန်တွေတောင် တော်တော်ကြာနေပြီ...
ဘာပဲဖြစ်ဖြစ် စာဖတ်တယ် စာရေးတယ် ဆိုတာ စိတ်နှလုံးအေးချမ်းတဲ့ အလုပ်တခုမို့ ကောင်းတယ်လို့ပဲ ခံယူထားပါတယ်...။
ညီမလေး မေဇင် စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ...

မေသစ္စာမောင် said...

" စာလေးတွေ ဖတ်ပြီး ပုံစံလေးတွေကို မှန်းဆပြီး မြင်ယောင် ကြည့်မိတယ်..။ ဒီစာရေးတဲ့ အိမ်ပိုင်ရှင်ကတော့ ပျော်ပျော်နေတတ်တယ်..၊ ဒီအိမ်ပိုင်ရှင်ကတော့ စိတ်ထားလေး နှုးညံ့လိုက်တာ..၊ ဒီအိမ် ပိုင်ရှင်ကတော့ မဟုတ်မခံစိတ် ရှိမယ့်ပုံပဲ...ဘာညာ အဲ့လိုလေးတွေပေါ့...
"
တွေးပုံတွေးနည်းလေးတွေ တူနေလို့ သဘောကျမိတယ်
ညီမရေ...။

ဗီလိန် said...

အချိန်တိုတွင်းအောင်မြင်တဲ့ ဘလော့လေးပါ။ ဒီ့ထက်မက အောင်မြင်နိုင်ပါစေ။

Unknown said...

တို့နဲ့ ခင်လို့ရတယ်နော်။
ခင်တက်တယ်သိလား။ အဟီးး
မကူညီတက်ဘူး (ဘာမှမသိလို့)
အဆင်ပြေပါစေ ...

mae said...

မေဇင်လေး နောက်လဲ ဆက်ရေးနိုင်ပါစေ ;)

မိုးကောင်းသူ said...

ညီမလေး မေဇင် အဖော်မွန်လေးနဲ့ အမြဲလက်တွဲနိုင်ပါစေ။ နောက်လဲ များများရေးနိုင်ပါစေ။

Anonymous said...

ထာဝရ ဒီအဖော်လေးနဲ့ လက်တွဲနိုင်ပါစေရှင်။

ခင်တဲ့

မျက်မှန်လေး said...

မေဇင်ရေ..နောက်ဆုံးဘိတ်အိတ်နဲ့လွယ်ပြီးမန့်သွားတယ်။ဟဲဟဲ

မြစ်ကျိုးအင်း said...

ဝင်လာပုံချင်း မတူပေမယ့် ရင်နဲ့ရင်းပြီးတည်ဆောက်ထားရတာချင်းတော့
အတူတူပါပဲလေ...။ဘလော့လောကကဖြူစင်ပါတယ် ..။တယောက်နဲ့
တယောက်မမြင်မတွေ့ဖူးပေမယ့် ခင်ခင်မင်မင်ရှိတာ ဒီလောကပဲ ရှိမယ်ထင်ပါရဲ့..။အားပေးနေပါတယ် ဆက်ရေးပါဗျာ...။

နွေးနေခြည် said...

ပထမဆုံးရောက်ဖြစ်ပြီး ဖတ်ကတည်းက ဘလော့ပိုင်ရှင်က ချစ်ဖို့ကောင်းမယ်လို့ ထင်ပီးသား
ခင်သွာတော့လည်း ပိုချစ်ဖို့ကောင်းနေပြန်ရော

moekhar said...

နောင့်ရေ
နောက်စာလေးတွေကိုလည်း မျှော်နေတယ်နော်
ချစ်လို့ အာဝါးပေးသွားတယ်း)

မင်းအိမ်ဖြူ said...

တကယ်ကို စာရေးကောင်း၏

ကိုယ့်နာမည်လေးကို အမှတ်တရထည့်ပေးထားတာ ကျေးဇူးတင်ပါတယ်ဗျာ

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် စိတ်ဖြေရာ ပေါ့

အခုနောက်ပိုင်း သိပ်မရောက်ဖြစ်တာတော့ ၀န်ခံတယ်

ဘယ်ကိုမှသိပ်မလည်ဖြစ်လို့ပါ

ပုံမှန်တော့ လာပါတယ်

ဘာပဲဖြစ်ဖြစ် တဦးနဲ့တဦးဖေးမကူညီရင် ဘလော့ခရီးဆက်ကြပါစို့

မိဝေးဘဝေးက မောင်နှမတွေပေါ့ဗျာ

မင်းအိမ်ဖြူ

Dream said...

အဖော်မွန်ဆိုလို့ ...ဘာများလဲလို့...ဟိဟိ...း))

ပျော်ရွှင်စွာနဲ့ ထာဝရ အဖော်မွန်လေးနဲ့ ဘလော့ဆက်လက်
ရေးသားနိုင်ပါစေ....နော်...

အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ၃သန်း

YANNAINGLIN said...

I really appriciated you. You are doing good things. Go ahead. You are already mature so I am happy.

မယ့်ကိုး said...

ညီမလေးရေ...မမ မျက်မှန်လေးက နောက်ဆုံးပိတ်အိတ်နဲ့ လွယ်ဆိုတော့ အစ်မ ဘယ်လိုပြောရပါ့ :P
ညီမလေးရေ...အဖော်မွန်လေးနဲ့  အမြဲပျော်ရွှင်ပါစေ။ နောက်လည်း အမြဲလာဖတ်မယ်။ လင့်ခလည်း ထားမယ်နော်။

ရွှေပြည်သူ (ShwePyiThu) said...

ဘလော့ကာလဦးတွေက ကြည်နူးမှုလေးတွေကို မျှဝေခံစားပြီး ဖတ်သွားပါတယ်။ ညီမလေးရဲ့စာကို ဖတ်ပြီး ညီမလေးကို ပုံဖော်ကြည့်တဲ့အခါ ရိုးသားတဲ့ ခင်မင်စရာကောင်းတဲ့ သူများတွေအပေါ်မှာ ချစ်ခင်လေးစားတတ်တဲ့ ကောင်မလေးတစ်ယောက်ကို မြင်ယောင်မိပါတယ်။ စာကောင်းတွေ အများကြီး ဆက်ရေးနိုင်ပါစေ ညီမလေး။

Anonymous said...

အဲဒီလိုနဲ့ပဲ........... နောက်တော့လဲ ..... ဒီလိုပါပဲ ဟဲဟဲဟဲ

ဆူးရင့် said...

ထာဝရ အဖေါ်လေးနဲ့ လက်တွဲပြီး
စာတွေ များများ ရေးသားနိုင်ပါစေ။

NSA said...

များကိုရော မြင်ဖူးလား..ငှင်....

Anonymous said...

Tes Drollery de la marque ont toujours eu une install de critiques et controverses. La plupart des slogans sont considerees comme degradantes filles [url=http://www.hollistermagasin4s.com]hollister[/url] (par exemple, ?Je ne suis pas autorise a ce jour, sauf si vous etes chaud?). Ils montrent aussi arrogants messages ou slogans irrespectueux (?Je ferai de toi une consummate speak for sur la marche de la honte?). Ils sont anti-slogans [url=http://www.woolrichoutlet6s.com]woolrich outlet[/url] indoctrination ainsi: ?Je Faites vos devoirs, mais je n'ai meme pas faire le mien;? L'ecole est increment rattraper le sommeil ?) chemises filles sont vendues avec des slogans qui generalement mettent en valeur. leur [url=http://www.abercrombiefrancemagesin.fr]abercrombie[/url] apparence ("Il vaut mieux etre brunette", etc.) Peut-etre le unused controverse de tous etait la ligne de sous-vetements conduct jeunes filles avec les paroles "Clin d'oeil Clin d'oeil" et "Intend Sweetmeats" serigraphie sur eux. [9] Les parents monte vitrine manifestations a l'choler de la lingerie suggestive sexuellement.
En Novembre 2010, le Southampton, en Angleterre, Hollister magasin empeche de 18 ans Phipps Harriet de cleaner le coquelicot [url=http://www.doudonemoncler5s.com]moncler[/url] rouge, qui est porte dans le cadre des commemorations du jour d'armistice au Royaume-Uni chaque Novembre. Phipps a ete particulierement bouleverse que les commemorations comprennent egalement ceux en ensnare up with actif en Irak et en Afghanistan où les deux au Royaume-Uni [url=http://www.hollisteruksale4s.co.uk]hollister[/url] et les troupes americaines constituent la majeure partie des forces de la coalition presenter, et elle a une viands ami personnel. Le fonctionnaire A & F raison du refus a ete signale a ce que le pavot n'est pas considere comme faisant partie de l'uniforme d'entreprise approuve, et est donc [url=http://www.doudounemonclermagasin4s.com]doudoune moncler pas cher[/url] prohibited.However, le 8 Novembre la societe a affiche sur sa cycle Facebook la observation suivante: ?En tant que societe americaine qui a ete autour depuis 1892, nous apprecions les sacrifices des militaires britanniques et americains / femmes dans les guerres et les conflits militaires qui se poursuivent aujourd'hui.
Dans les premières années du 21ème siècle, les styles vestimentaires occidentaux avaient, dans une certaine mesure, devenir styles internationaux. Ce processus a commencé des centaines d'années submit c be communicated to t?t, durant les périodes du [url=http://www.christianlouboutinspascher4s.com]louboutin[/url] colonialisme européen. Le processus de diffusion culturelle a perpétué au fil des siècles en tant que sociétés occidentales médias ont pénétré les marchés à travers le monde, diffusion de la savoir vivre occidentale et de styles. Vêtements de fashion [url=http://www.hollisterukioutlet.co.uk]hollister uk[/url] rapide est également devenu un phénomène mondial. Ces vêtements sont moins chers, produits en masse vêtements occidentaux. Don de vêtements usagés en provenance des pays occidentaux sont également livrés à des gens dans les pays [url=http://www.airjoranchaussureas.com]air jordan[/url] pauvres uniform des organisations caritatives.

Anonymous said...

Le modele Deportment Jordan [url=http://www.abercrombiedeutschlandeshop.com]abercrombie and fitch[/url] CMFT Viz Allied 11 est une paire sortie au mois d'aout et qui incarne un nouveau virage vers Jordan [url=http://www.hollisterucosfrance.com]hollister[/url] Appraise a get off down qui souhaite proposer des modeles qui ne concernent pas uniquement le basketball. Cette jolie fabric en carbone a ete imaginee avec l'equipe de Human being being Collector. Elle sera [url=http://www.hollistersalenukes.co.uk]hollister uk[/url] disponible uniquement aux USA.
Defense ont ete trouves spew fit all to show etre leger et / ou abandonnees a mesure qu'ils avan?aient, et seulement trois Allemands [url=http://www.hollisterfrancesoldae.com]hollister[/url] ont ete rencontres de pres qui se sont retires immediatement. Le relationship officiel ecrit: ?aucune adversity determinee?. Une patrouille de nonconformity de 12 hommes envoyes dogs detruire les projecteurs ont atteint leur objectif, mais a d? se retirer avant d'appuyer sur la maison de [url=http://www.hollisterfrancece.com]hollister[/url] leur attaque en raison du manque de temps restant signale miserable le rocket.The re-appel uniquement Allied victime etait un commando qui a ete abattu sickly les chevilles apres avoir echoue a repondre au defi d'une tete de pont de sentinelle assez rapidement. Soutenir artisanat Thalassic rencontres et [url=http://www.abercrombieukandfitchs.co.uk]abercrombie uk[/url] engages navires ennemis, y compris les bateaux E, s'enfon?ant au moins un et d'autres nuisibles, run across down in buckets trois blesses de guerre. Pertes ennemies etaient inconnus.
Dans les premières années du 21ème siècle, les styles vestimentaires occidentaux avaient, dans une certaine mesure, devenir styles internationaux. Ce processus a commencé des centaines d'années with an increase of t?t, durant les périodes du [url=http://www.christianlouboutinchaussure.fr]louboutin[/url] colonialisme européen. Le processus de diffusion culturelle a perpétué au fil des siècles en tant que sociétés occidentales médias ont pénétré les marchés à travers le monde, diffusion de la savoir vivre occidentale et de styles. Vêtements de configuration [url=http://www.hollisterudeutschlande.com]hollister[/url] rapide est également devenu un phénomène mondial. Ces vêtements sont moins chers, produits en masse vêtements occidentaux. Don de vêtements usagés en provenance des pays occidentaux sont également livrés à des gens dans les pays [url=http://www.hollisterudeutschlande.com]hollister deutschland[/url] pauvres plane des organisations caritatives.