ဒီနေ့ ၀ါဆိုသင်္ကန်းကို Clementi ကျောင်းမှာသွားကပ် ဖြစ်တယ် ။ အဲ့ဒီ မှာ ဘုန်းဘုန်း ကတရားပေးပါတယ် ။ မှတ်မိ သလောက်လေး ပြန်ပြောပြမယ်နော်.....း) ။
ဘုန်းဘုန်းက ပြောတယ် ဒီအလှုက ကုသိုလ်ရတာ ဒီသင်္ကန်းကြောင့် မဟုတ်ဘူး...၊ ဒီသင်္ကန်းက အသုံးပြု ပြီးရင် တစ်နေ့ ပျက်စီးသွားမယ် မပျက်စီးမှာက ကုသိုလ် စိတ်ပဲတဲ့ ၊ အဲ့ဒီ ကုသိုလ်စိတ်လေးကိုလဲ မပျက်စီးအောင် စိတ်ထဲ ကိန်းအောင်းနေရပါမယ် ၊ လူတွေက လှုပြီးလို့ ဒီကုသိုလ်စိတ်လေးကို မေ့ပစ်လိုက်မယ်ဆိုရင် ညောင်ပင်လောက် လှုလဲ ညောင်စေ့လောက်ပဲ ကျန်ပါမယ် ၊ စိတ်ထားတတ်ပြီး ဒီကုသိုလ်ကို စိတ်ထဲအမှတ်ရပြီး ကုသိုလ်စိတ်လေး ၀င်နေမယ်ဆိုရင် ညောင်စေ့လောက် လှုလဲ ညောင်ပင်ကြီးလောက် ကုသိုလ်ရပါတယ် တဲ့..။
ဒီတော့ ဘုန်းဘုန်းကပြောတယ် ဖြစ်နိုင်ရင် ကိုယ်ဘယ်နေ့က ဘယ်လို ကောင်းမှုလုပ်တယ်ဆိုတာကို မှတ်စုစာအုပ်လေး ဒါမှမဟုတ် အမှတ်ရ နိုင်မယ့် တစ်နေရာရာမှာ ရေးထားပြီးတော့ မမေ့အောင် ဂရုပြုထားမယ်ဆိုရင် ပိုကောင်းတယ်လို့ဆိုပါတယ် ။ ကောင်းမှုဆိုတဲ့ နေရာမှာ လမ်းဘေးက အဘိုးအဘွား တွေ ရောင်းနေတဲ့ တစ်ရှုး ကိုကိုယ် မလိုအပ်ပေမယ့် တမင်တကာ ၀ယ်ပေးလိုက်တာကလဲ ကောင်းမှုတစ်မျိုးပဲ လို့မြင်ပါတယ် ၊ နောက်ပြီး ကိုယ့်မိဘကို ကိုယ်တတ်နိုင်သလောက် လေးထောက်ပံ့တာ၊ စသည်ဖြင့်ပေါ့နော် သိပ်တော့လဲ မပြောတတ်ဘူး ။
များသောအားဖြင့် လူတွေက မှတ်စု စာအုပ်ထဲမှာ ပူဆွေးစရာ၊ ဒေါသထွက်စရာ၊ လွမ်းမောစရာ အဲ့လို အကုသိုလ်နဲ့ ဆိုင်တဲ့ မှတ်စရာများကိုပဲ မှတ်တတ်တာများပါတယ် ။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်လေးတွေကိုလဲ အဲ့လို မှတ်မှတ်ရရလေး မှတ်ထားပြီး ပြန်ဆင်ခြင်အောင်းမေ့ရင် ကုသိုလ်ပိုရပါတယ်တဲ့ ။
နောက်ပြီးတော့ ညအိပ်ရာဝင် တဲ့အချိန်မှာ ဒီနေ့လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် လေးတွေကို ပြန်စဉ်းစားသင့်တဲ့ အကြောင်းပေါ့ ၊ ဒီနေ့ အကုသိုလ်ဖြစ်အောင် ဘယ်လိုတွေနေမိခဲ့သလဲ ၊ ကုသိုလ်ဖြစ်နိုင်မယ့် အရာ တွေကိုရော ဘာတွေလုပ်ခဲ့မိလဲ ပြန်စဉ်းစား ရမယ်လို့ ဆိုပါတယ် ။ (ကိုယ်ကတော့ သချာတယ် အကုသိုလ်တွေ ကြီး ပဲနေမှာ) ။း)
ကိုယ်လဲ ပြန်ပြီးတော့ တွေးကြည့်မိတယ် ။ ကိုယ် ကုသိုလ်နဲ့အကုသိုလ် ဘာတွေလုပ်ခဲ့လဲဆိုတာကို တစ်နေ့တာကုန်ဆုံးလို့ ညပိုင်းရောက်ရင် တမင်တကာ ကြီးတော့ မစဉ်းစားမိခဲ့ဘူးလို့ ထင်တယ် ။ မေ့နေတာလဲ ဖြစ်ကောင်းဖြစ်လိမ့်မယ် ။ သတိမထားမိတာလဲ ဖြစ်ကောင်းဖြစ်လိမ့်မယ် ။ ဒါပေမယ့် ကိုယ် E mail ဖွင့်စစ်ဖို့ ၊ ဘလော့ခ် တွေလည်ဖို့တော့ လုံးဝ မမေ့ခဲ့ဘူး ဆိုတာတော့ သေချာတယ်း) ။ ဘာပဲ ဖြစ်ဖြစ် ဒီည ကနေစပြီး နောက်ပိုင်း ကိုတော့ သတိလေး ထားပြီး ဆင်ခြင်နိုင်အောင် ကြိုးစားလိုက်ဦးမယ် ။
28 comments:
ဒီနေ့ကောင်းမှူကလေး သတိရပေါ့။ ကုသိုလ်ရမယ်။
ကုသိုလ်မျှဝေပေးတာ ကျေးဇူးကမ္ဘာပါနော်။
yu ya
Hi Mone thu!!
Good idea!! i like that!! Think what u can, and do ur best!!
အစ်မရေ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု အလှူကို သာဓုခေါ်ဆိုပါတယ်...
ကုသိုလ်စိတ်က အရေးကြီးဆုံးပါပဲအစ်မ....
စိတ်ဧ။်ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေနော်..
ခင်တဲ့
မက်မက်
အသိတစ်ခု ရသွားပါတယ်
မေဇင်လေး
ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု
အလှူကို သာဓုခေါ်ပါတယ်
ခင်တဲ့
မြူးလေး
မေဇင်ရေ
သာဓု သာဓု သာဓုပါကွယ်
မှတ်တမ်းလေးလုပ်ထားအုံးမှ
ခင်မင်စွာဖြင့်
သီဟသစ်
အလှူမှတ်တမ်းလား ကောင်းတယ်။ ကျွန်တော့ အမျိုးသမီးကတော့ အမြဲမှတ်တယ်။ ပြီးတော့ ကျွန်တော်တို့ စိတ်နဲနဲညစ်နေရင် အဲဒီစာအုပ်ကလေးပြန်ဖွင့်ပြီး တို့တွေ ဘယ်လောက်လှူခဲ့ကြတယ်၊ ကုသိုလ်ပြုခဲ့ကြတယ်ဆိုတာ ပြန်ဖတ်ပြီး ကြည်နူးကြတယ်ဗျ။
အသိတစ်ခုတိုးသွားပါတယ်
ပြုခဲ့ဖူးတဲ့ကောင်းမှုတွေကိုအမှတ်ရနေရမယ်ဆိုတာ
အသိဖြန့်ဝေမှုအတွက်ကျေးဇူးညီမလေး :)
အခုလို ဝေမျှပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ရှင်..
သာဓု သာဓု သာဓု..
ခွင့်ပြုမယ်ဆို link ထားမယ်နော်...
ငါကတော့ အတွင်းသိမို့ မယုံဘူး။
ဘာကို မယုံ တာလဲ အစ်မရယ်...း( ။ မယုံအောင် လဲ ဘာမှ မလုပ်ခဲ့မိပါဘူး..။:P
ဒီနေ့လဲ ထပ်သွားဦးမှာ.....။ ဘုန်းဘုန်းက ရခိုင်မုန့်တီ ကျွေးမယ်တဲ့။ မနေ့က သေချာမှာလိုက်တယ်.။း)မယုံရင် လိုက်ခဲ့...;)
သာဓု သာဓု သာဓု
ဘုန်းဘုန်းပြောသလိုပဲမှတ်ထားဦးမှး)
ကုသိုလ် မျှဝေပေးတာ ကျေးဇူးနော် သာဓု သာဓု
ဘိုင်
လိမ္မာလိုက်တာ.. သာဓု သာဓု သာဓု
လာလည်သွားပါတယ်ဗျ
သာဓု သာဓု သာဓု
သာဓု သာဓု သာဓု ပါ
ဒီမှာတော့ ဘယ်မှမရောက် ဘာမှမလုပ်း(
အကျင့်ပျက်နေတယ်း(
အမလဲ ဒီနေ့တော့ ဘုရားရှိခိုးဖြစ်အောင် ရှိခိုးလိုက်ဦးမယ်
sar du sar du sar du
thanks for your information. i also wanna write about yesterday event at toapayoh but i don't have burmese font or connection.
so this is the precious knowledge i get for today.
Arigato; how shall i say in "Shan"?
အလှူတစ်ခု အောင်မြင်သွားတာ ဝမ်းသာပါကြောင်း။
စကားမစပ် မေဇင်ဆိုတာ ချိုဇင်တို့နဲ့ အတူနေတဲ့ မေဇင်များလား။ အဲဂလိုဆိုရင်တော့ သိသလိုဘဲ။ ငှင်းငှင်း။
အီးဟီးဟီး....လူမှားနေပြီ ဗျို့...။ မေဇင် ဆိုတာ နန်းမေဇင်အေး ပါ ။ ဦးဒီဘီ ကြီး... ခုလဲ သိပါတယ်နော်..။ မဖြစ်စလောက်အလှုလေး မှာ ၀င်ပြီး သာဓု ခေါ်သွားပေးတဲ့ ညီအကို မောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ်...တစ်နေ့တော့ပေါ့..အိမ်မှာ တကယ့် အလှုလုပ်ပြီး..ဘလော့ဂါ မောင်နှမ အားလုံးကို ဖိတ်ပြီး..ဆုံချင်ပါသေးတယ်..။ :)
သာဓု သုံးခါခေါ်ပါတယ်....ညီမလေး
မေ့နေတဲ့ အသိလေး တခုအတွက် ကျေးဇူးပါ ....
ချစ်ခင်စွာဖြင့်
ဂျစ်
တရားလာနာတယ် ညီမလေးရေ...သာဓုခေါ်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်...
ချစ်ခင်စွာဖြင့်
မယ်ကိုး
နေ့စဉ် သတိမထားဖြစ်တာလေးတွေကို သတိပေးတဲ့ ဘုန်းဘုန်းရဲ့စကားကို သေသေချာချာ မှတ်သား မျှဝေပေးတဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်...
အင်....
တစ်ခြားတော့မသိဘူး
ပြန်လာတာနဲ့ မေးလ်ဖွင့်မယ်၊
ဘလော့ဂ် ဖွင့်မယ် ဆိုတာကတော့
မှန်တယ်နော်..ဟီးဟီ.။
ခင်မင်စွာဖြင့်
........စည်သူ။
မေဇင့်ဒီစာအတွက်လဲ ကုသိုလ်တွေ တသီကြ်ီး ထပ်ရသွားပြန်ပြီပေါ့...
းဝ)
Post a Comment