"အင်းးးးးးးးး ဟုတ် မေကြီး"
အပျင်းကြော တစ်ချက်ဆန့် ရင်း မေကြီး ကို ပြန်ဖြေလိုက်ပြီ့း  ပြတင်း တံခါးကို ဖွင့်လိုက်တယ် ဆိုရင်ပဲ အိမ်ရှေ့က ဖွေးဖွေးလှုပ်ပွင့်နေတဲ့ စံပါယ်ရုံ က ပျံ့ လွှင့် လာတဲ့ စံပါယ်နံ့မွှေးမွှေး လေးက စိတ်ကို လန်းဆန်းသွားစေပါသည်...။
အိမ်ပေါ်ကနေ တဒုံးဒုံး ပြေးဆင်းပြီး.... မျက်နှာကို သစ်တယ်ဆိုယုံလေး သစ်၊ သွားကို တိုက်တယ် ဆိုရုံလေး တိုက်ပြီး မေကြီး အသင့်ချထားပေးသော ဗန်းလေး ကို ကောက်ကိုင်ကာ စံပါယ်ရုံ ဆီသို့...........။
ပြီးတော့ ခူးလာသော စံပါယ်ပန်း လေးများကို ရေဆေး ၊ ပန်းကန် ပြားပြားလေးထဲ စေတီပုံလေး ထည့် ၊ မေကြီး ပြင်ပေးထားသော ဆွမ်းဗန်းလေး နှင့် ပန်းဗန်း လေးကို ကိုင်က ဘုရားကန်တော့ ၊ ပြီးတော့ ကိုယ့်မွေးနေ့ အတွက် ညဘတ် အိမ်မှာ ဓမ္မစကြာ ရွတ်ပေးမယ့် လူတွေကို ကျွေးမွေးဧည့်ခံ ရန်အတွက် အလုပ်ရှုပ်နေကြသော အိမ်နီးချင်းများ နှင့် အိမ်သားများကို လိုက်ကူ(ရှုပ်) ..........။
အဲ့ဒါ ကိုယ် အိမ်မှာ နေစဉ်က နှစ်စဉ် အမြဲ ပြုလုပ်ခဲ့သော ရိုးရှင်းသော ကိုယ့်မွေးနေ့လေးပါပဲ...။
ဒီလိုနဲ့ အိမ်ကနေ ဝေးကွာခဲ့တော့လဲ ..... ကိုယ့်အိမ်သားတွေက တစ်နှစ်မပြတ် စံပါယ်ပန်းခူးပြီး ဘုရားတင်၊ ဓမ္မစကြာ ရွတ်ပေးနေကြတုန်းပါပဲ....။ ကိုယ်..... မြန်မာပြည်မှာ နေပြီး အိမ်နဲ့ဝေးနေဲ့အချိန် ကတော့ ကိုယ်တိုင်ခူးခွင့် မရခဲ့တဲ့ စံပါယ်တွေကို မနက်စောစောထပြီး .... ဈေးမှာ သွားဝယ် ၊ ဘုရားတင် လုပ်ခဲ့ရတယ်.။
ဒီမနက် စောစောထတယ်.... အရင်က ဆွမ်းတော် မကပ်အားဘူး.... ဘုရားရှိခိုးပြီး ရုံးကို ပြေးရတာ... ဒီနေ့တော့ ဆွမ်းတော်ကပ်တယ်....၊ မေကြီး နဲ့ ဖေကြီးကို စိတ်မှာ အထူးအာရုံပြုပြီး ရှိခိုးတယ်.။ စံပါယ်လေးကတော့ ဘယ်နား ရှာရမလဲ မသိဘူးကွယ်...။ ညနေ ရုံးဆင်းရင် ဘုန်းကြီးကျောင်းသွားမယ်... ။ ကုသိုလ်လေးတွေ ရသမျှ လုပ်လိုက်ပါဦးမယ်....။
ဖေကြီး နဲ့ မေကြီးကို အရမ်းကျေးဇူးတင်ပါတယ်...။ လွန်ခဲ့တဲ့ 23 နှစ် နေ့လည် 13း0 မှာ ကိုယ့်ကို လူ့လောက ထဲ ခတ်ခတ်ခဲခဲ ရအောင် မွေးထုတ်ပေးခဲ့တဲ့ အတွက်ပါ.....။ တကယ်ကို ခတ်ခဲခဲ့ပါတယ်.... ကိုယ့် ခေါင်းက သူများထက်ကြီးတယ်လေ..... အဲ့ဒီခေါင်းကြောင့် မေကြီး သေခါနီးပဲတဲ့ ... အချိန်တော်တော်ကြာကြာ ဗိုက်နာရတယ်တဲ့... ဆေးရုံမှာ မမွေးပါဘူး... ၊ ကိုယ့် အိမ်မှာပဲ အိမ်နီးနားချင်း လက်သည်အဖွားကြီး တွေ နဲ့မွေးတာပါ..ဆရာဝန် .. မရှိတဲ့ ဆေးရုံနဲ့ ကိုယ့် ရွာလေးက 2 မိုင်ကျော်ဝေးပါတယ်..။
မှတ်မှတ်ရရ ကိုယ့်ကို မွေးခဲ့ပေးတဲ့ အဖွားကြီး 3 ယောက်နာမည်က ၊ ဒေါ်အေးဆေး ၊ ဒေါ်အေးမှတ်၊ ဒေါ်အေးချယ် တဲ့.... အားလုံး ရဲ့ နာမည်တွေမှာ 'အေး' ပါတဲ့အတွက်.....၊ မိုးတွေ ရွာနေတုန်း၊ ကြာသာပတေး နေ့မှာ မွေး လို့ မေကြီး က 'မိုးအေး' လို့ နာမည်တပ်ပါသတဲ့ ၊ ဒါပေမယ့် ဖေကြီး ပေးတဲ့ နေ့နံသင့် ကိုယ့်နာမည်........ နန်းမေဇင်အေး က အတည်ဖြစ်သွားပါတယ်ရှင်...။
ဒီနေ့တော့.....၊ ကိုယ့်ကို မွေးခဲ့တဲ့ ဖေကြီးနဲ့ မေကြီး ကို အထူးလွမ်းတယ်၊ စပါယ်ရုံကြီး ရှိတဲ့ အိမ်ကို အထူးလွမ်းတယ် ၊ ဓမ္မစကြာ ရွတ်မယ့်လူတွေကို ကျွေးမွေးဖို့ လုပ်ကူနေကြမယ့် အိမ်နီးချင်းတွေကို အထူးလွမ်းတယ်.. ။
72 comments:
111111111111
ha ha
happy birthday
အရမ်းပျော်ပါ၏
ကျနော်လာလည်သည်ဖြစ်စေမလာလည်သည်ဖြစ်စေ
ကျနော့.အိမ်ကိုအမြဲလာပေးသောအမ
လိုအင်ဆန္ဒပြည်.ဝပါစေ
ကြယ်ကြွေချိန် တောင်းပေးတဲ့ဆုနော် အမ
ကဲ ကျနော်တော့နောက်လူမလာမခြင်းမပြန်ဘူး
http://www.zingerbug.com/Comments/HappyBirthday/birthday_candles.gif
http://g.orkutnow.com/orkutnow/en/scraps1/happy.birthday/special_birthday.gif
http://www.youtube.com/watch?v=dePMU8R131s
ချစ်ရတဲ့နောင့်ရေ
တို့တွေ အမှတ်မထင်ဆုံတွေ့ ခင်မင်ခဲ့ရတယ်။ တကယ်ကို ညီမအရင်းတွေလို နင်ကိုချစ်တာပါ။ ပျော်စရာမွေးနေ့လေးပါနောင်ရေ။
နောင့် နက်ဖြန်မှာရောက်မဲ့ နောင့်မွေးနေ့မှသည် နောင့်ခင်သော မင်သော ရောက်ချင်သော ၀တ်ချင်သော ရှမ်း ၀တ်စုံလေး မြန်မြန် ပြန် ၀တ်နိုင်ပါစေ။
http://2.bp.blogspot.com/_9wCCVa8-Ojk/SUWYuZudwmI/AAAAAAAAEDE/sPAUlZqNKzU/s400/White+Jasmin.jpg
http://www.phoewa.com/travels/images/culture/small/jasmine.jpg
စံပါယ် for my sis
မေကြီးရဲ့ အသံအတွက်တော့ ph သာဆက်တော့
စံပါယ် ကိုတော့မောင်ကြယ်လေးပေး တယ်နော်
ဟဲ ဟဲ ငါကွ
မွေးနေ့ရှင် အ လို ခြင်ဆုံး အ ရာ တခုလက်ဆောင်ပေးလိုက်နိုင်ပီ
နောင့်ရေ နာ့တော့ ရှင်ချင်တာဘဲ နာ့စက်ကျတွားလို့ မန့်ထားတာ အရှည်ကြီး ကုန်ပါပီဟယ်
နောင်ရေ နာ့တတိယအကြိမ် ထပ်ဝင်လာတယ်။ နင့်ကို မန့်ချင်လွန်းလို့ စိတ်ကိုတော်တော် ဆွဲဆန့်ထားရတယ်
နောင်ရေ နင်အတွက် ပျော်စရာ နွေးထွေးတဲ့ မွေးနေ့ပွဲလေးတစ်ခု ၂၂ ရက်နေ့ ကျရင် တို့တွေ ကျင်းပကြစို့နော်။
ရေခြားမြေခြားမှာ မေတ္တာတော့ မခြားပါဘူးဟယ်။
နင်မိဘတွေလဲ နင်ကို သတိရနေကြမှာပါ။
စက်ရုပ်လူသားလို တို့တွေ နေ့စဉ်ဖြတ်သန်းနေရတဲ့သူချင်းမို့ နင်စိတ်ကို ကိုယ်ချင်းစာပါတယ်ဟယ်။
ဘာဘဲဖြစ်ဖြစ် အားမငယ်ရဘူးနော်။
ဘဝကို ရှေ့လျှောက် တိုက်ပွဲဝင်ဖို့ အားမွေးရင်း မွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းစို့နော်။
ဟက်ပီးဘတ်ဒေး နှောင့်ရေ...
ဟက်ပီ ဘတ်ဒေး နှောင့်ရေ....
ဟက်ပီ ဘတ်ဒေး ဟက်ပီး ဘတ်ဒေးးးးးးးးးးး
ဟက်ပီးးးဘတ်ဒေးးး နှောင့်ရေ...
ဟက်ပီးးးးးးးးးးးးးးးးးးး ဘတ်ဒေးးးးးးးးးးးးးးးးးးးးးးး နှောင့်နှောင့်။
နင်အမေ့ပေးတဲ့ စံပယ်ပန်းကုံးလေးတော့ ငါမပေးနိုင်ဘူးပေါ့ဟယ်။
ဒါပေမဲ့ နင်တသက်လုံး မညှိုးမနွမ်းပန်ဖို့ မေတ္တာပန်းကုံးလေး သီကုံးပြီး ပို့လိုက်မယ်နော်။
ပျော်ရွှင်ပါစေ သူငယ်ချင်းလေး။
့ညီမလေးရေ...ဘယ်လိုဆုတောင်းပေးရမလဲ။
ပျော်စရာ မွေးနေ့မှစလို့ ရာသက်ပန်တိုင် လိုအင်ဟူသမျှ ပြည့်ပါစေကွယ်။
ညီမလေးကို ချစ်တဲ့...
နောင်ရေ နောက်တစ်ခေါက်ထပ်ဝင်လာတယ်ဟယ်။
Happy Birthday လို့ ၂၂ ရက်နေ့မှ နင့်မျက်နှာလေးကြည့်ပြီးအော်တော့မယ်နော်။
(ဆောတီးဟယ် စက်မကောင်းလို့ ခဏခဏ မန့်နေရတာ)
ပျော်စရာ ကောင်းတဲ့ မွေးနေ့ ဖြစ်ပါစေ။ အသက် ၂၃၀ ရှည်ပါစေ။ (၂၃ နှစ်မို့ ၂၃၀ ဆုတောင်းပေးလိုက်တာ။ :P )
အမေ့ရဲ့ခေါ်နှိုးသံနဲ့ဝေးခဲ့ရပေမယ့်
ဘုရားတင်ဖို့စံပယ်ပွင့်လေးတွေနဲ့ဝေးခဲ့ရပေမယ့်
နောင့်ကိုချစ်တဲ့ဘလော့ကဘော်ဘော်တွေနဲ့တော့
စိတ်ချင်းနီးခဲ့ရတယ်မဟုတ်လား
အမေ့ကိုတစ်ကယ်ချစ်ရင် အမေဂုဏ်ယူရတဲ့သမီးအလိမ္မာလေးဖြစ်အောင်ကြိုးစား
ပေါ့နောင့်ရေ
လက်သည်အဖွားကြီးတွေက ဘယ်လောက်ပဲကျွမ်းကျင်ပါတယ်ဆိုဆို
အန္တာရာယ်တော့အရှိသားကလားးး
လူ့လောကထဲခက်ခက်ခဲခဲရောက်လာခဲ့ရတယ်ဆိုတဲ့
နောင့်နဲ့ ခင်မင်ခွင့်ရတာ ဘာပဲပြောပြော ဘဝဘဝက ဖြည့်ဆည်းခဲ့ဖူးတဲ့ကုသိုလ်တစ်ခုလို့ပဲ မှတ်ပါတယ်
ကိုယ်လည်းဆုတောင်းပေးလိုက်မယ်နောင့်ရေးး
happy birthday ပါ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ချစ်သူနဲ့အတူ သာယာတဲ့ဘဝလေးတစ်ခုကိုပိုင်ဆိုင်နိုင်ပြီး
အမေဂုဏ်ယူရတဲ့ သမီးအလိမ္မာလေးဖြစ်ပါစေလို့ ။
အမလေး ကြယ်တကောင်နဲ့တင် အများကြီး comment တွေယူသွားတယ် ဟွန်းးးးး နံမည်လေးက ချစ်စရာလေး အခုမှ အပြည့်အစုံသိတယ် ရှမ်းထင်တယ် ဟုတ်လား နန်းပါလို့လေ အဟီးးးး များ က အခုမှ နောင့်အကြောင်းသိတာဆိုတော့လေ စာနာပါတယ် နောင့်ရေ လွမ်းနေတယ်ဆိုတာ ပျော်ရွှင်ပါစေ ကွယ်နော်
ကြယ်စုတ်ကို comment အများကြီးယူမှုနဲ့ တရားစွဲမယ် နင် ရှေ့နေကောင်းကောင်းငှားထား ဒါပဲ ဟွန်းးးးး ပျံမယ် ဖလပ် ဖလပ်
နောက် မမမေလေးရောပဲနော် သူတို့တွေ အများကြီးယူသွားတယ် ဟားးးးးးးးးဟားးးးးးး ကျေနပ်ဘူး များ လာတော့ comment တွေအများကြီးတက်နေလို့ အဟီးးးးးးးးး
ကဲ မွေးနေ့ရှင်လဲ အားနာတယ် လေပေါတာနဲ့တင် တော်တော်ရှည်သွားပီ comment က အဟက် ဂျကားပေါတယ်လို့ ထင်နဲ့နော် ဒီတခါ ဂယ်ပျံပီနော် ဘိုင်
အင် ခုဏက ကြည့်တုံးက ကိုသားကြီး မရှိဘူး အခု သူက ငါ့ထက် ဦးမယ် ဒီမယ် ဖေသားကြီး ခင်ဗျားလဲ ရှေ့နေငှားထား ကျုပ်ထက် ကျောလို့ ဒါပဲ ဟွန်းးးးးးးးးးးးး တီးတယ် ဘာလုပ်ချင်လဲ မမအိန်ဂျယ် ဟားးးဟားးးးးးးးးးး
အင်းးး နောင်တော့ ပျော်မပျော်မသိဘူး နာတော့ comment တွေဖတ်ပြီးရယ် လိုက် ကြိတ်ပြုံးလိုက်နဲ့ အရူးကြီးကျနေတာပဲ အဟက် ဟီးးးးးး
နောင်ရေ မေကြီးမရှိပေမယ့် မေလေးရှိသားဟားဟားးးးးး နော် မေလေးရာ ဟီးးးးးးး နာလဲ ရှိတယ်လေ နောက် ဘလော့ဂ်ဂါ မောင်နှမတွေလဲ ရှိတယ်လေ နောက်ပီး ဟို... သူ လဲ ရှိတယ်မလား ဟဲဟဲ အားမငယ်ပါနဲ့ နှမငယ် ရယ် ဟယ်ဟယ်
ဟွန်းးးး ဒီငှက် အမျှင်ကိုမပြတ်ဘူး ပျံကို မပျံနိုင်ဘူး လေကို ရှည်တယ် ဒီသာလိကာမတော့ ဂွစာ မိတော့မယ် ဟီးးးးး
မေဇင်ရင့်ကျက်တယ်ဆိုတာ မေဇင်ရေးတဲ့စာတွေဖတ်ရရင် သိရပါတယ်...
စံပယ်ရုံအဖေအမေကို လွမ်းတယ်ဆိုပေမယ့်
အနားမှာ သဇင်ကိုကို ရှိနေတယ် မဟုတ်လား...
မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်...
းဝ)
Happy birthday ပါ မေဇင်လေး
;)
မွေးနေ့ဆိုလို့ အရောက်လာတယ်...
မွေးနေ့မှာ အသက်နဲ့ နာမည်နဲ့ သိသွားရတယ်...။
ပျော်ရွှင်ပါစေဗျာ...။
စာပေမောင်နှမဆိုတော့ မွေးနေ့လက်ဆောင် စကားတခွန်းပြောမယ်နော်...
“ဖြတ်သန်းနေတဲ့ ဘ၀ကိုဂရုတစိုက်နဲ့ စောင့်ကြည့်နေရင်
ရင့်ကျက်မှုက သူ့ဘာသာရောက်လာလိမ့်မယ်..။ ဘာကိုမှ မမေ့မလျော့မရှိပါနဲ့”
***H*A*P*P*Y***B*I*R*T*H*D*A*Y***
မေဇင့် မွေးနေ့ အမှတ်တရ
အမှတ်တရ ဆိုတဲ့နေ့
မကြိုခဲ့ပေမယ့် လည်း အမြဲရောက်လာ တယ်နော်..
နောက်မှာ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့..
အပြစ်မဲ့တဲ့ ဒီအမှတ်တရနေ့လေး က အစပြု..
ဘ၀တစ်ခုလုံး အရောင်တောက်
ပြောင်မြောက်စွာ ထည်ဝါရင်း
ဆယ်ကမ္ဘာ မကအောင် ချမ်းမြေ့ခြင်းများနဲ့
ပျော်ပါစေ..ညီမရေ လို့...ဆူမွန်ချွေ ပါရစေ...
ခင်မင်လေးစား စွာဖြင့်
မွေးနေ့မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ။
ကုသိုလ်တရားများနှင့်ထုံးမွှမ်းနိုင်ပါစေ။
အေးချမ်းမှုအပြည့်အ၀ ရရှိနိုင်ပါစေ။
မိဘကျေးဇူးကို ဆပ်နိုင်တဲ့ သမီးရတနာလေးအဖြစ် အမြဲရပ်တည်နိုင်ပါစေ။
Happy Birhtday to you,
Happy Birthday to you,
Happy Birthday, Happy Birthday,
Happy Birthday to youuuuu,,, MAY ZIN!!!!
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ လေးဖြစ်ပါစေ ညီမလေး နောင့်ရေ ..
မွေးလာတုံးက
ခေါင်းကြီးလေးဆိုတော့ ဥာဏ်ကောင်းမှာပေါ့နော့။ ။
ခုရော ....
မိသားစုနဲ့  အေးချမ်းပျော်ရွှင်စွာ နေနိုင်ပါစေ နော်
ပျော်ရွှင်ဖွယ်မွေးနေ့ရက်လေးပါ မေဇင်ရေ။ မွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိနေပါစေနော်။
ပျော်ရွှင်သောဘ၀ကို
ထာဝရပိုင်ဆိုင်နိုင်ပါစေ
နောင့်လေး
Happy Birthday
ချစ်တဲ့
ရုံလေး
ညီမငယ်လေးအတွက် ဟက်ပီးဘတ်ဒေးပါ၊ မမတော့ တွေ့တဲ့ရက်ကျမှ ထပ်အော်မယ်နော်၊ မျက်နှာချင်းဆိုင် ဘတ်ဒေးထပ်လုပ်မယ်၊ ပျော်ရွှင်သော မွေးနေ့လေး ပိုင်ဆိုင်ပြီး ဆန္ဒတွေ ပြည့်ပါစေ
ပျော်ရွှင်ပါစေ ညီမငယ်
မွေးနေ့မှသည် ချမ်းမြေ့ပါစေ
တို့လဲလွမ်းသွားတယ်။
Happy Bithday ပါ မေဇင်...
ညနေမှ မွေးနေ့လက်ဆောင်ပို့ပေးမယ်
အခုတော့ပြေးလိုက်အုံးမယ် ရုံးနောက်ကျနေပြီ..
ပျော်ရွှင်စရာမွေးနေ့လေး ပိုင်ဆိုင်ပါစေ နောင့်ရေး))
ဘတ်ဒေးကစ်စ်ကို တွေ့တော့မှ ထပ်ပေးတော့မယ် :D
ခုတော့ ဘတ်ဒေး အာဝါး ယူထားလိုက်နော် .. :P
လိုအင်ဆန္ဒတွေပြည့်ဝပြီး ရည်မှန်းချက်တွေအတိုင်း လျှောက်လှမ်းနိုင်ပါစေ .. ပြည့်စုံသာယာတဲ့ဘ၀လေး ပိုင်ဆိုင်ပါစေ ..
ချစ်ခင်စွာဖြင့်
မိုးခါး
(မိုးအေးမဖြစ်လိုက်တဲ့ နောင့်အတွက် မိုးခါး ဆုတောင်းပေးသွားတယ်နော် :D)
HAPPY BIRTHDAY TO YOU SIS,FRIEND!
ံHappy Birthday!!!!!!!!!!!!!!!!!!!!!!!!
ညကရေးထားတာလေး..... ခု ရုံးကို ရောက်ရောက်ချင်း ဖွင့်ကြည့်မိတယ်.....။ အရမ်း ပျော်တာပဲ.... မောင်နှမတွေ အများကြီးပဲ ဆုတောင်း အားပေးထားတာ...။ စိတ်ထဲ ၀မ်းနည်း ၀မ်သာ ခံစား ရတယ်....။ အရမ်း ပျော်တာပဲ....။ ဒီစာ နဲ့ ဒီ ကော်မန့်တွေကို ကော်ပီကူး print ထုတ်ပြီး....အိမ် ကို ပို့လိုက်မယ် သိလား....။ ဖေကြီး နဲ့ မေကြီး အစ်ကို အစ်မ အိမ်သားတွေ သိရ ဖတ်ရ ရင် သူတို့လဲ အရမ်း ၀မ်းသာကြလိမ့်မယ်....။ အားလုံးကို ကျေးဇူး အရမ်း အရမ်း တင်ပါတယ်ရှင်....။
HAPPY BIRTHDAY TO U. :D
သူငယ်ချင်းမိတ်ဆွေများနဲ့အတူ ပျော်ရွှင်ဘွယ်မွေးနေ့
လေးကို ကျင်းပနိုင်ပါစေ ညီမလေးနောင့်ရေ...
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။
ချစ်တဲ့
မမ၀ါ
HAPPY BIRTHDAY NAUNT!
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ နော့င်ရေ..
နောင့်လိုချင်တဲ့ ဘဝ နောင့်ဖြစ်ချင်တဲ့ ဆန္ဒ နောင့် ရည်မှန်းတဲ့ပန်းတိုင် နောင့်လက်ထဲ အမြန်ဆုံးရောက်ပါစေနော်...
( နောင့်ရေ... ငယ်လည်း စင်ကာပူမှာ .. ဒီနေ့ကျောင်းမရှိဘူးသိလား.. အားနေတယ်... ဟိ..
ဘာများကျွေးမလဲလို့.. )
Happy Birthday ! ! ! ! မေဇင် (ခေါ်) နောင့်.....
စိတ်ကူးနဲ့ အိပ်မက်တွေ ရည်မှန်းထားလိုဖြစ်ပါစေ..
ဆန္ဒနဲ့ ဘ၀... တထပ်တည်းကျပါစေ....
နေ့သစ်တွေတိုင်းမှာ လှပပျော်ရွှင်ပါစေဗျာ....
ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)
မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ညီမရေ
လွမ်းတော့လည်း လွမ်းတာပေါ့
စံပါယ်က ဒီမှာ ၀ယ်လို့ရပါတယ် ညီမရေ
အော် တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့အစ်ကိုအိမ်က ဘုရား မှာ စံပါယ် တွေ တင်ထားတယ် လာပြီး အာရုံပြု လှည့်
ဘလော့အိမ်မှာ တင်ထားတာ... P:
လိုအင်ဆန္ဒတွေ ပြည့်ဝပါစေဗျာ
Happy Birthday to you!
မွေးနေ့မှာတောင်းချင်တဲ့ဆုများတောင်းပါ။ အားလုံးပြည့်စုံလိမ့်မည်။
ညီမလေး နောင့်
မွေးနေ့မှသည် နောက် နေ့သစ်၊ နေ့သစ် တွေမှာ ထာဝရ ပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ။
ချစ်သော သူများနဲ့ ထာဝရ မခွဲ၊ အမြဲ အတူရှိစွာ ငြိမ်းချမ်းပါစေ။
ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်း ကျပါစေဗျား။
မေတ္တာဖြင့်
မိုးကုတ်သား
မေဇင့်မွေးနေ့ဆိုလို့ရောက်လာပါတယ်။
ပျော်ရွှင်စရာမွေးနေ့လေးတစ်ရက်ဖြစ်ပါစေနော်။
ခင်လျက်
ဝိုင်း
့happy birthday ပါညီမလေး။ ပျော်ရွှင်ပါစေ
ပျော်ရွှင်မှုတွေ...ကောင်းကင်ကြီးလောက်...များများကြီး..လက်ခံရရှိပါစေနော်....ကျမ္မာပျော်ရွှင်စေဘို့ လဲ............သတိရတိုင်းဆုတောင်းပေးမယ်...သိလား....ခင်တဲ့ ကိုကြီး....သုဒြေ္န
Happy Birthday !!! ***
ပျော်စရာမွေးနေ့လေးဖြစ်ပါစေ...
နောက်ဆုံးမှ ရောက်လာပေမဲ့
ွှLast But Not Least
ပါနော်။။
နောင်နှစ်ပေါင်းတစ်ရာတိုင်
မွေးနေ့လေးတွေလုပ်နိုင်ပါစေနော်။
ခင်တဲ့
မမမှန်
ဟတ်ပီဘတ်ဒေးပါ သူငယ်ချင်းရေ
နောက်မှသိရတော့ အားရပါးရပြေးလာတယ်
မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ပါစေရှင်
ချစ်တဲ့
ကျောပိုးအိတ်
အယ်.. မွေးနေ့မှန်းမသိဘူး.. ဟင့်..
တူညားကိုတော့ မဖိတ်ဘူးကြည့်စမ်း..လူဆိုး..
မဖိတ်ပေမယ့် အရောက်လာခဲ့တယ်....
ပျော်ရွှင်သော မွေးနေ့လေး ဖြစ်ပါစေ...
မိဘကို သိတတ်ရိုသေ လုပ်ကျွေးနိုင်သော သမီးလိမ္မာလေး ဖြစ်ပါစေ။
လိုတိုင်းတ တတိုင်းရ နိုင်တဲ့လိုတရဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ မက်မက်က ဆန္ဒ အမှန်နဲ့ ဆုတောင်းပေးပါတယ်..
ကမန်းကတန်းလာရတော့ မွေးနေ့လက်ဆောင် မသယ်လာခဲ့ရဘူး... ဒီတော့
မွေးနေ့လက်ဆောင် အဖြစ် အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးးးးးးးးအမြှောက်ငါးသိန်းပေးခဲ့တယ်... ဟိဟိ
အပေါ်က ဟာက မက်မက်ရေးပြီး ဆိုင်းတောင် မအင်ရသေးဘဲ သူ့ဟာသူ ပါ့ပလစ် ဖြစ်သွားတယ်... မွေးနေ့ကို ဘာမှလဲ ကျွေးဘူး..ရဖူးရဖူး ..အခုကျွေး..
:P
မွေးနေ့ရှင်ညီမလေးရေ။ ကျန်းမာပျော်ရွှင်သော မွေးနေ့ပေါင်းများစွာကို နောင်နှစ်များစွာတိုင် ဖြတ်ကျော်နိုင်ပါစေနော်။ နောင့်ဆီကို ငှက်လေးကတဆင့် အမြဲလာပါတယ် ။ မမန့်ဖြစ်ဘူး။
အသက် ၂၃ နှစ်ပြည့်သွားတဲ့ မေဇင် ညီမလေး..
ဘ၀တစ်သက်တာ ရွှင်လန်းချမ်းမြေ့ပါစေ။
yu ya
ညီမရေ ပျော်ရွှင်ပါစေဗျာ..
သွက်တုန်းလက်တုန်း နှစ်ဆယ့်သုံးပါညီမ
အင်း.... ပြောရမယ်ဆိုရင် နှစ်ဆယ့်သုံး..
နှစ်နဲ့သုံးပေါင်းတော့ ငါး....
အင်း.... ငါး ဆိုတော့ ရေထဲမှာနေတာ..
အေးညီမ.... ဘာမှမပူနဲ့
ရေထဲမှာနေတော့ အေးတာပေါ့ညီမရဲ့
ဘာမှမပူနဲ့ ညီမလေး ဒီနှစ် အေးအေးမြမြ နဲ့
အလုပ်လုပ်ရမယ်...
မယုံမရှိနဲ့နော်ညီမ
ပျော်ရွှင်ပါစေ
စည်သူ
စံပါယ်ပန်း လေးတွေလိုဘဲ ထာဝရ ဖြူစင်သန့်ရှင်းသောနှလုံးသားပိုင်ရှင်အဖြစ်နဲ့
မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ သာယာချမ်းမြေ့တဲ့ဘဝလေးတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် ညီမမေဇင်ရေ...။
နောင့်ယင်း...
အရောက်နောက်ကျသွားတယ်ကွယ်..
စာလေးဖတ်ရတာ စံပါယ်နံ့လေး ရနေသလို..
သမီးက မရင့်ကျက်ဘူးသာ ပြောနေတယ်.. သမီးစာလေးတွေက ရင့်ကျက်နေတာပဲ..
မွေးနေ့မှာ ပျော်ရွှင်ပါစေကွယ်..
၂၂ ရက်နေ့ ဦးနော် လာချင်သော်လည်းပဲ..
ချစ်ခင်စွာဖြင့်..
ဦးနော် တီငယ်..
နောင့်ရေ
အပြင်မှာတော့ Happy Birthday လုပ်ပြီးသွားပြီ
ဘလော့ထဲမှာတော့ ခုမှ လာ Happy Birthday လာလုပ်တာ
ပျော်ရွှင်စရာမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်ပျော်ရွှင်သော ဘ၀ကိုပိုင်ဆိုင်ပါစေကွယ်
ခင်မင်စွာဖြင့်
သီဟသစ်
ဟတ်ပီးဘတ်ဒေးပါ
ညီမလေးနောင့်ရေ
၂၂နှစ်ပြည့်မွေးနေ့ မင်္ဂလာမှသည်
နောင်နှစ်ပေါင်းများစွာတိုင်
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်း တို့ ကို ပိုင်ဆိုင်ရရှိပြီး
မိခင်ဖခင် တို့ အား အကောင်းဆုံးကျေးဇူး
ဆပ်နိုင်သော သမီး လိမ္မာ တစ်ယောက်
ဖြစ်ပါစေလို့ 
ဆုတောင်းပေးပါတယ်နော်
ဝသန်
HAPPY BIRTHDAY
သိဟ်ရာသီဖွားညီမလေးဇင်မွေးနေ့ အထူးပျော်ရွှင်ပါစေ.....။
ခင်မင်လျှက်...
ချမ်းလင်းနေ
ံပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ နောင့်ဖြစ်ချင်တာနဲ့ဖြစ်လာတာ ထပ်တူကျပါစေ အခက်ခဲမှန်သမျှကျော်လွှားနိုင်ပါစေ မွေးနေ့ဆုတောင်ပေးတာနောက်ကျလို့ ဆော်ရီးနော် ရန်ကုန်မှာဟိုကျော်ဒီကျော်ဝင်ရတယ် ဒါကြောင့်မို့ပါ
Wa...so many friend!!!!!
now u have more friend than me!!! :P
i really happy for u! happy birthday par!!
i standby for u naw!!! don't forget to call me!!!
yarcho
မေဇင် မွေးနေ့မှာ ရောက်မလာဖြစ်တဲ့ အတွက် စိတ်မကောင်းပါဘူး။
“မွေးနေ့မှ စ
ထာဝရ ပျော်ရွှင် ချမ်းမြေ့ပါစေ”
ဟတ်ပီးဘတ်ဒေးပါဗျာ အလာနောက်ကျသွားတယ်ဗျာ မအားလို့ပါ ပြီးတော့ မဖတိတာလဲ ပါပါတယ်။ မဖိတ်တော့ ဘယ်သိပါ့မလဲဗျာ
Happy Birthday ပါ ညီမလေးရေ...။ အစ်မက နောက်အကျဆုံးဖြစ်မယ် ထင်တယ်။ ခွင့်လွှတ်နော်း) “မိုးအေး” ဆိုတဲ့ နာမည်လေး လှလိုက်တာ။ ရိုးရိုးလေးနဲ့ ဆန်းတာ။ နန်းမေဇင်အေးလည်း လှတာပါပဲ။ ဆင်တူရှားမယ့် နာမည်လှလှလေး။
၂၃ နှစ်မြောက်မွေးနေ့ကနေ နောင်နှစ်ပေါင်းများစွာ ဘဝကို စိတ်ချမ်းသာ အောက်မြင်စွာ ဖြတ်သန်းနိုင်ပါစေ ညီမလေး...
ညီမလေး မိုးအေး( အဲဒီနာမည်လေးကြိုက်လို့) မွေးနေ့မှာ စပယ်ပန်းပိုစ့်ကို တင်လိုက်တာ တိုက်ဆိုင်မူတခုဖြစ်သွားတယ်ပေါ့နော်၊ ဒါပေမယ့် မိုးအေးအတွက် အဖိုးတန်သွားတယ်ဆိုတော့ ပျော်သွားတယ်။
ပျော်ရွှင်ပါစေနော်။
လာတာနောက်ကျသွားတယ်။ မုန့်တွေတောင် မရှိတော့ဘူးပဲ။ :)
Post a Comment