ဟုတ်ကဲ့.....ခုတလော အလုပ်လေးနဲနဲများနေလို့(လယ်စိုက်ရင်း) ၊ ဘလော့ လေးကိုမ၀င်ဖြစ်တာတောင် ကြာပါပြီရှင်....။
ဒါပေမယ့် ကိုဗီလိန် နဲ့ ကိုမိုးကုတ်သား တို့ တဂ့်ထားတဲ့ ခုတလော လေးကို ခုတလော မှာမှ မတင်ရင် ခုတလော ခေတ်ကြီးထဲမှာ ခေတ်မမှီပဲ နေမှာစိုးလို့ တင်လိုက်ပါ့မယ် ရှင်.... အလုပ်တွေ ရှုပ်တဲ့ကြားက ရေးပေးရတာ ဖြစ်လို့ နားလည်ပေးပါနော်း)...။
တွေးနေမိတာက ။ ။ ကိုယ့် မိသားစုကို အသိမပေးပဲ တိတ်တိတ်လေး ..... ပြန်သွားပြီးတော့ ( ၀ါးးးးးးးး ) ဆိုပြီး ခြောက်လှန့် လိုက်ရင် အံ့သြ ၀မ်းသာ ပျော်ရွှင်သွားမယ့် ကိုယ့် အိမ်သားတွေရဲ့ မျက်နှာတွေကို တွေ့ရမှာပဲ...ပြီးတော့ ၀မ်းပန်းတသာ အော်ဟစ် ရယ်မြူးလိုက်မယ့် အသံတွေ....ကြားရမှာပဲ..။
ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ခြင်မိတာက။ ။ ငါတော်တော်လွန်နေပြီ....(အလုပ်မလုပ် ပဲ ဂိမ်းပဲ ဆော့နေတယ်).။
ကျန်းမာရေး ။ ။ ခုတော့ တော်တော်လေး ကိုကျန်းမာနေပါတယ်...၊ အပျင်းရောဂါ တစ်ခုက လွဲရင်ပေါ့..။
ဖတ်ဖြစ်နေတဲ့ စာအုပ်တွေက ။ ။ ဘာမှကို မဖတ်ဖြစ်ပါဘူး ရှင်.....။
ရောက်ဖြစ်နေတာက။ ။ လူကတော့ ရုံး နဲ့ အိမ် ပေါ့ ။ စိတ်ကတော့ ရောက်ချင်ရာ ရောက် ....။
ရေးဖြစ်နေတာက။ ။ ဘာမှလဲ မရေးဖြစ်ပါဘူး ရှင်... အလုပ်တွေတကယ်ကိုများတယ်.. အပြိုင်အဆိုင် တွေနဲ့ (level ဘယ်လောက်ရောက်ပြီးလဲ ပြိုင်တဲ့ လယ်တောထဲမှာပေါ့)....။
နားထောင်ဖြစ်နေတာက ။ ။ နားထောင်တယ်ရယ်လို့တော့ ဟုတ်ဘူးပေါ့... ဒါပေမယ့် အိမ်ရောက်တာ နဲ့ အဖြူရောင်သံစဉ် ဖွင့်ထားလိုက်တယ်... ကိုယ့်စိတ်ထဲ ကြိုက်တဲ့သီချင်း လာတော့လဲ နားထောင်ပေါ့...။
ရွတ်နေမိတာက။ ။ ငါ မကောင်းဘူး ငါတကယ် မကောင်းဘူး..စိတ်တွေကိုပြင်လိုက် ၊ ကိုယ့်စိတ်ကိုယ် ထိန်း ... အလုပ်ချိန်မှာ ဂိမ်းမဆော့နဲ့ အလုပ်တွေကို ကောင်းကောင်းလုပ်...။
ဖြစ်ချင်နေတာက ။ ။ အင်း...တခုထဲတော့ မကဘူး တော်တော်များတယ်...၊ လောလောဆယ် ပီအာ ဖြစ်ချင်တာ... Rejected တဲ့ :P...။ နောက်တစ်ခုက ...... အလုပ်ကို လုပ်ချင်ရင် လုပ်မယ် ၊ မလုပ်ချင်ရင် မလုပ်လို့ ရတဲ့ ဘ၀ ပေါ့....။
စားဖြစ်နေတာက ။ ။ ခုတလော.... သူ ဟင်းတွေ ချက်ပို့ပေးနေတယ်.. သူ ချက်ပို့ပေးတဲ့ ဘာဟင်း ဖြစ်ဖြစ် စားဖြစ်နေပါတယ်...။
သနားနေမိတာက ။ ။ ကိုယ် တို့ သူဌေး ကို ၊ ၀န်ထမ်းတွေ လုပ်ချင်ရာ လုပ်နေကြတယ်... ဂိမ်းဆော့ တယ်(ကိုယ်လိုလူတွေ တော်တော်များ ) ၊ Chatting ၀င်နေကြတယ်..... သူဌေး မသိဘူးထင်တယ်...၊ လစာတွေ ပေးနေရတယ်...။
လွမ်းနေမိတာက ။ ။ ပြီးခဲ့တဲ့အရာရာ တိုင်းကို လွမ်းသလို စဉ်းစားရင် လွမ်းတယ်...။
မေ့လျှော့ပစ်နေမိတာက ။ ။ မိသားစု ကျန်းမာရေး.... စဉ်းစားလေ ရင်ပူလေ ပဲ... ဒါကြောင့် ကိုယ်တတ် နိုင်တာအစွမ်းကုန် လုပ်ပေးမယ် ကျန်တဲ့ ကျန်းမာရေးပိုင်း ကိုတော့ မေ့လျှော့ပစ်ထားမိတယ်...တွေးနေလဲ ကိုယ် ဒီကနေ ဘာမှ ပြုစုပေးနိုင်စွမ်း မရှိဘူးလေ... ရင်မောရလို့....။
ခါးသက်နေမိတာက ။ ။ သောက်နေရတဲ့ ဆေး နဲ့ လျှာ နဲ့ ထိမိချိန်...။
တမ်းတနေမိတာက ။ ။ ကျန်းမာ ပျော်ရွှင် မိသားစုဘ၀... ။ (ကျန်းမာရေး မကောင်းတဲ့သူ ရှိတဲ့ မိသားစု ဘ၀ ဟာ... ပျော်ရွှင်မှုတွေလဲ ဆိတ်သုန်း ရတယ်..။)
ကြိတ်ပြီးချီးကျုးနေမိတာက ။ ။ ကြိတ်ပြီးလဲ ချီးကျူးတယ် ၊ ပေါ်တင်လဲ ချီးကျုးတယ် ၊ သူမကတော့ ကိုယ်ကျိုးစွန့်ထားသော်လည်း..... စွမ်းဆောင်နိုင်ခွင့် မရသေးသောသူ... ။
ကြိတ်ပြီးအထင်သေးနေမိတာက။ ။ ကြိတ်ပြီးလဲ အထင်သေးတယ် ၊ ပေါ်တင်လဲ အထင်သေးတယ်... အရှက်မရှိတဲ့ သူတွေကိုပေါ့....။
ဆန္ဒမရှိတဲ့နေရာ ။ ။ သင်္ချိုင်းကုန်း.... သရဲ ကြောက်လို့...း( ။
ဆန္ဒရှိတဲ့နေရာ ။ ။ အမေ့အိမ်
မုန်းတီးနေမိတာက။ ။ စဉ်းစားရင်တော့ မုန်းတယ် ၊ မိသားစုနဲ့ခွှဲနေရတာ သူတို့ကြောင့်ဆိုပြီး ၊ ဒါပေမယ့် ဒီတိုင်းပဲမတွေးမိပဲ နေရင်တော့ ဘယ်သူ့ကိုမှ မုန်းမနေဘူး..။
ချစ်နေမိတာက ။ ။ မိသားစု ၊ သူ (ဟင်းတွေ ချက်ပြီး ပို့ပေးနေလို့) ...။း)
စိတ်ပျက်နေမိတာက။ ။ ကိုယ့်ဘာသာပေါ့... ဂိမ်းကြီးပဲ ဆော့၊ ဘလော့ ရိုးကိုးပေါက်လည်..အလုပ်မလုပ် ဘူးလေ. ရုံးမှာ...။း(
စွဲလမ်းနေမိတာက ။ ။ ဘလော့ နဲ့ ယာတောလေး..(ခုတလော နော်) .... ။
လိုအပ်နေတာ ။ ။ ငွေ ၊ ငွေ ၊ ငွေ.... ကြီးပဲတော့ မဟုတ်ဘူးပေါ့...ဒါပေမယ့် သူ(ငွေ)ရှိရင် လိုအပ်ချက်တွေ တော်တော်များများ ပြည့်စုံတယ်လေ...။ :P
တောင်းနေမိတဲ့ ဆု ။ ။ ဖြစ်ချင်တာတွေကို ဆု အဖြစ် မတောင်းတတ်ဘူး...။
ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက ။ ။ အာ.... ဒီ connection ကလဲ.... ကြာလိုက်တာ သူ့ စောင့်ရတာနဲ့ အလုပ်တွေ တော့ လွတ်ကုန်ပါပြီ....(လယ်ထဲမှာ သူရင်းငှား လိုက်လုပ်တာလေ ... ခုတလော ဆိုတော့ ခုတလော အဲ့ဒါပဲ လုပ်ဖြစ်နေတာကိုး ) ။
ဝန်ခံချင်တာက ။ ။ ဘာရေးရမလဲ မသိဘူး ဖြစ်နေချိန်မှာ... ဒီလိုပေါ့ပေါ့ပါးပါး လေး တဂ့် လာပေးတဲ့ အစ်ကိုတော် နှစ်ယောက် ကို ကျေးဇူးတင်ပါတယ် လို့..........း) ။
ခုရေးထားတာလေး တွေက ခုတလော လေးအတွက်ပါ.... အမြဲ တမ်းအတွက်တော့ မဟုတ်ဘူးပေါ့...။ ဥပမာ ဂိမ်းဆော့တာ... တကယ့်ကို ခုတလော လေးပါ....း) ။
နောင့် ခုတလော သူတို့ ဘာလုပ်နေတယ်ဆိုတာ ဆက်ပြီးတော့ သိချင်နေမိတယ်.....။
37 comments:
Game ဆော့ တာ အခုတလောလေးအတွက် ဆိုတာ သေချာတယ်နော် ကလေးမ... ဟဲဟဲ...
အမှန်ကတော့ အမလဲ တူတူပဲ
Blog ရယ် Pet Sociaty ရယ်...
ဒီနှစ်ခုနဲ့ အချိန်တွေကုန်နေတာ လုပ်စရာရှိတာတွေ အားလုံးကို နေ့ရွှေ့ ညရွှေ့နဲ့ပေါ့...
ကြွားတာကလဲ လွန်ရော။ ဘာဟင်းချက်ပို့လို့ ချစ်တာလဲ။ ဂလိုဆို နာ့လဲနင့်ကိုဟင်းချက်ပေးတာဘဲကို။ နာ့ကျမချစ်ဘူး။
အဲဒီလယ်ဘဲစိုက်နေ။သိပ်မုန်းဒယ်။ဂယ်ဘဲ။
သူရှိရင် လိုအပ်ချက်တွေ တော်တော်များများ ပြည့်စုံတယ်ဆိုတာ ဟုတ်လို့လား။သေချာတယ်နော်။
ညနေက နင်ပြောတော့ ဘယ်သူမျက်နှာ တရွာထင်တာလဲ။ ဟွန်းးးးးးအပြောင်းအလဲ တယ်မြန်ဘဲ။
နင်တွေးနေသလို အမြန်ဖြစ်ပါစေနော်။ လိုက်ပြန်ဟယ် ကြာဒယ်။ နင့်အကို ကျမ်းမာရေးတော့ နာ့လဲစိုးရိမ်တယ်။ဟိဟိ
ိမိသားစုဆီ ကို တိတ်တိတ်လေးပြန်လာပီး
ဝါးးးးးးးး ဆိုပြီးအမြန်ဆုံး ခြောက်လှန့် နိုင်ပါစေ လို့ 
ခင်တဲ့
ဝသန်မိုး
ခုတလောခေတ်စားနေတဲ့ စာစုလေးတွေပါပဲ
တစ်ယေက်ချင်းဆီက မတူညီတဲ့ idea လေးတွေအမြင်လေးတွေရတယ်..
ညီမရေးထားတာလည်း ကောင်းတယ်..
ချစ်လိုက်ကြပုံများ ဟင်းတောင်ချက်ပို့ပေးသတဲ့
အားကျလိုက်ပါဘိတောင်း :)
အကြင်နာလက်တွေနဲ့ဆိုတော့ ဘာဟင်းပဲချက်ချက်ပေါ့ကွယ် စားလို့ကောင်းပြီးသားပဲနေမှာပေါ့ ရှလွှတ် :P
အဲဒီလယ်စိုက်တမ်းကစားတာface bookကဆို?
face book acountမရှိဘူးကွယ် ဖွင့်လည်းမဖွင့်တတ်ဘူး
ဆော့တော့ဆော့ချင်တယ်
ကိုကတော့ ပြည်သူအားလုံးရဲ့ခေါင်းဆောင်ကိုကြိတ်ပြီးလည်းချီးကျူးတယ်
ပေါ်တင်လည်းချီးကျူးတယ်
ဟိုဘဲနာကြီးတွေကိုတော့ ကြိတ်ပြီးလည်းဆဲတယ် ပေါ်တင်လည်းဆဲတယ် သင်္ချိုင်းကုန်းမှာသရဲမရှိဘူးကွဲ့
မိသားစုနဲ့ခွဲနေရတာလည်းသူတို့ကြောင့်ပါပဲ
တိုင်းပြည်ကြီးစုတ်နေတာလည်းသူတို့ကြောင့်ပါပဲ
နောင့်ရဲ့ခုတလောကိုဖတ်ရင်း ကို့်ရဲ့ခုတလောလေး ဒီညစရေးရတော့မယ်
လက်ကလည်းသိပ်မမိုက်ဘူးဟာ စာအကောင်းကိုရေးလို့မရဘူး
စရေးတာနဲ့ကိုပေါတော့တာပဲ ဟိ:P
ညီမလေးနောင့်ရေ
ဘလော့ ၀င်မရဘူး။ အကောင်ကိုက်ပီး ဂူဂယ်လ်က ပေးမ၀င်ဘူးး ပြောနေတာနဲ့ အိမ်က သယ်ရင်း စက် ဓားပြတိုက်ပီး ၀င်လာတာ။
ကြည်နူး၊ လွမ်းမောစရာလေးတွေနဲ့ ခံပြင်းဒေါသလေးတွေ နောင့်စာလေးနဲ့ အတူ ခံစားသွားပါတယ်။
ညီမလေးရေ.. ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း.. အမြန်ဆုံးနဲ့ အမြဲတမ်းးး ကျနိုင်ပါစေ လို့။
သိချင်တာလေးးး ရေးပေးတာ တကယ် ကျေးဇူးပါ
ညီမလေးနောင့်ရေ
ဘလော့ ၀င်မရဘူး။ အကောင်ကိုက်ပီး ဂူဂယ်လ်က ပေးမ၀င်ဘူးး ပြောနေတာနဲ့ အိမ်က သယ်ရင်း စက် ဓားပြတိုက်ပီး ၀င်လာတာ။
ကြည်နူး၊ လွမ်းမောစရာလေးတွေနဲ့ ခံပြင်းဒေါသလေးတွေ နောင့်စာလေးနဲ့ အတူ ခံစားသွားပါတယ်။
ညီမလေးရေ.. ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း.. အမြန်ဆုံးနဲ့ အမြဲတမ်းးး ကျနိုင်ပါစေ လို့။
သိချင်တာလေးးး ရေးပေးတာ တကယ် ကျေးဇူးပါ
မေတ္တာဖြင့်
ညီမလေးနောင့်ရေ
ဘလော့ ၀င်မရဘူး။ အကောင်ကိုက်ပီး ဂူဂယ်လ်က ပေးမ၀င်ဘူးး ပြောနေတာနဲ့ အိမ်က သယ်ရင်း စက် ဓားပြတိုက်ပီး ၀င်လာတာ။
ကြည်နူး၊ လွမ်းမောစရာလေးတွေနဲ့ ခံပြင်းဒေါသလေးတွေ နောင့်စာလေးနဲ့ အတူ ခံစားသွားပါတယ်။
ညီမလေးရေ.. ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း.. အမြန်ဆုံးနဲ့ အမြဲတမ်းးး ကျနိုင်ပါစေ လို့။
သိချင်တာလေးးး ရေးပေးတာ တကယ် ကျေးဇူးပါ
မေတ္တာဖြင့်
နောင့်ရေ..
အတူတူ အိမ်ပြန်ကြရအောင် လေ။
လွမ်းနေတယ် ခုတလော ပိုလွမ်းနေတယ် ။
လယ်တောထဲ မှာ ကျွတ်တို့ ၊ မျှော့တို့  ရှိလား ဟိဟိ..
သွေးလာလှူ မလို့လေ ...
ချက်ကျွေးတဲ့ ဟင်းတွေ မကုန်ရင် ဒီဖက် လှမ်းပစ်လိုက်နော်.. ပီ ကို ချက်ကျွေးမဲ့သူ မရှိဘုးကွယ်.. ဗြဲ .. ဗြဲ...
ပေါ်အောင်ရေးတတ်တယ်။
ဖြစ်ချင်တာလေးတွေအားလုံးအဆင်ပြေသွားမှာပါ။
ပျော်ရွှင်ပါစေ။
အယ် သူ ကတော်လိုက်တာ အဟီးးးပြောလိုက်နော် တော်တယ်လို့ အဟက် နောင့် ကံကောင်းတာပဲ ဟိဟိ အားလုံးလဲ ဖတ်သွားတယ်နော်
ဘိုင်
တိတ်တိတ်လေးပြန်ပြီး မိသာစုကို ၀ါးးးးးးးး ဆိုပြီး ခြောက်ချင်တယ်တဲ့ ... စိတ်ကူးလေးက ရိုးသားပြီး ချစ်စရာကောင်းလိုက်တာ...
ဂိန်းဆော့တာတော့ ယုံပါတယ်။ အိမ်ပိုင် ယာပိုင် နဲ့တောင် ဖြစ်နေပြီပဲး)
နောင်ရေ...... level ကိုတက်အောင်လုပ်ပစ်နော်...
နောင် သိတယ်မလား... :D
မေသူ
ဘယ်လိုလိုက်လိုက် မီမှာမှ မဟုတ်တာကွယ်။ မလိုက်ပါနဲ့။ ဟဲဟဲ။
နောင့်နောင့် အချိန်တိုအတွင်းမှာ အဋ္ဌာရသ 18 ရပ်ကို တဖက်ကမ်းခတ် တတ်မြောက်သွားလို့ ဂုဏ်ယူနေပါတယ်။
(သနားနေမိတာက..ကိုယ်တို့ သဌေးတဲ့)..ဟီးးး
သရဲကြောက်တာ..တူတယ်..မေဇင်ရေ..
နဒီမိုးညို.။
အင်းနောင့်ရဲ့ခုတလောလေးတော့ဖတ်ပြီးပြီးး ထောထောက နောက်ကျရင်ရတယ်မလား အဟီးး
ကံကောင်းတဲ့ ညီမလေးရဲ့ လတ်တလောလေးကို အားကျစွာ ဖတ်သွားတယ်နော် :)
ကံကောင်းတဲ့သူလို့ မှတ်ယူသါားပါတယ်။
ချစ်သူကတောင် ဟင်းတွေချက်ပို့တယ်ဆိုလို့ပါ ။
အားကျမိပါတယ်.....သူငယ်ချင်း
ချစ်တဲ့
ဂျစ်တူး
ရေးပြီးပြီနော် နောင့် :) အမတာဝန်ကျေပါတယ်နော် :)
ညီမလေးရဲ့ခုတလောလေးတွေဖတ်သွားပါတယ်.
အိမ်ကိုတိတ်တိတ်လေးပြန်ပြီး ၀ါးးးးကနဲလုပ်ချင်တဲ့ စိတ်
ကူလေးက ကလေးဆန်ပြီး ချစ်စရာကောင်းတယ်.း))
နောင့် ။ တူတူပဲ လယ်ထဲမှာ စိုက်ပျိုးရေးလုပ်နေတာနဲ့အချိန်ကုန်နေတယ်။ အပျင်းပါတွ့ဖက်လာတယ်။ :) အိမ်ကို တိတ်တိတ်လေး ပြန်ပြီး ၀ါးးးကနဲအော်ချင်လာပြီ။
သူဆိုတာ ဒူတုန်းဗျ။
ဟင်းချက်ကျွေးတာဆိုရင်တော့ နော်လဲ စားချင်တယ်။ ခိခိ။ =)
ဂိမ်းလောကရဲ့ စိန်ခေါ်သံ။
အဟဲ
ပေါ့ပေါ့ပါးပါးစိတ်ဝင်တစားဖတ်သွားတယ်သူငယ်ချင်းရေ
း)
အိမ်ပြန်ပြီး ၀ါးကနဲ လုပ်ချင်တာလေး အတော်သဘောကျတယ်၊ ကလေးလေးပဲ။
လယ်တောကို စွဲလန်းနေတာလား၊
ဂိမ်းစွဲရင်မှားမယ်နော်၊ ကိုယ်လည်း နှစ်နှစ်နီးပါးဆော့ခဲ့ဖူးးလို့ ကုန်သွားတဲ့ အချိန်တွေ အခုမှ တကယ်နှမျောတယ်။
အင်း..
လတ်တလောမှာ Default Setting တွေ တော်တော်ပါလာပါလား
ဟွန်းမရဘူး ငါလည်းထည့်ထည့်ရေးမှ
:P
ခင်မင်စွာဖြင့်
သီဟသစ်
ထင်ပါတယ်ဗျာ စာအသစ်မတွေ့တာ
ဂိမ်းထိုင်ဆော့နေတာကိုးP:
တို့လည်း ဟင်းချက်ပို့ပေးတဲ့သူတယောက်လောက် လိုချင်လိုက်တာ။ ဟိ။
ကျောင်းပိတ်တုန်းကလေ မေလအိမ်ပြန်သွားတာ နောင်တွေးနေသလိုအိမ်ကိုလုပ်လိုက်တာ။ ပုသိမ်အထိပြန်ချသွားပြီး အိမ်ရှေ့ရောက်မှအိမ်ကလူတွေ အံ့သြပြီးပြေးဆင်းလာကြတာသိလား။ ပျော်ဖို့အရမ်းကောင်းတယ်။
ဘာဂိမ်းတွေ ဆော့နေတာလဲဗျ။ ကျွန်တော်လဲ ဂိမ်းသရဲ ဖြစ်ခဲ့ဖူးတယ် အဟီး။ အခုတော့ ဂိမ်းသရဲဘ၀က ကျွတ်သွားပြီ။
yu ya
နောက်တခါ ပေါ့ပေါ့ပါးပါး တဂ်စရာရှိလာရင် မေဇင့်ကို လှမ်းခေါ်လိုက်မယ်...
းဝ)
ဒီလယ်ကလည်းတော်တော်တော့
စွဲလန်းမှုတွေပေးတာပဲ.......
း)
desire place is changed??
the world is changing so fast :)
your very first desire is the same with me. :)
i have asked my mom if it is good to do that. she answered "ahh.. ma lote par nal. thar thar yal tal." :)
၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁
နောက်ဆုံးကရီရင်
း)
မဖတ်ဘူး (စိတ်မဝင်စားတတ်လို့သူများအကြောင်း)
မန့်သွားတယ်
ဟိ စိတ်ဆိုးနဲ့
ခဏခဏလာလည်တာကျေးဇူးတင်ပါ၏
အချိန်ရောင်းစားတာများသွားလို့
နောက်မှလာခဲ့ပါရစေ
အီဖေကိုမှ ၁ စစ်စစ်ေ၇မရောဘူး။
ဖြစ်ချင်တာတွေ လုပ်ခြင်တာတွေ အကုန် ဖြစ်မြောက်ပါစေဗျာ
တွေးမိနေတာလေးကို တော်တော် သဘောကျတယ်။
အိမ်ဝေးသူတိုင်း ခံစားရမယ့်အတွေးပဲ
TGRmg
Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog
Post a Comment